၂၈ ဧပြီ ၂၀၁၉ - ၁၇:၂၀
 ဒေါ်အောင်ဆန်းစုကြည်နှင့် စီကျင်းပင်တွေ့ဆုံ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် တရုတ်သမ္မတစီကျင်း ပင်နှင့် ယမန်နေ့တွင် ဘေဂျင်းမြို့ ရှိ Great Hall of the People ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။


နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် တရုတ်သမ္မတစီကျင်း ပင်နှင့် ယမန်နေ့တွင် ဘေဂျင်းမြို့ ရှိ Great Hall of the People ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ထုတ်ပြန်ချက်၌ ဖော် ပြသည်။

ဒုတိယအကြိမ် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Belt and Road Forum တက်  ရောက်ရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့် စင်မောင်၊ ဆောက်လုပ်ရေးဝန် ကြီးဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီး ဦးကျော်တင်တို့ လိုက်ပါသွား သည်။

ထို့အပြင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦး အောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဒုဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့် မြင့်အရာရှိကြီးများ လိုက်ပါသွား သည်။

တစ်ပတ်ကြာ တရုတ်ခရီး စဉ်အပြီးတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီး ယားဝန်ကြီးချုပ်၏ဖိတ်ကြားမှုအ ရ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက် လက်ထွက်ခွာမည်ဖြစ်သည်။

======================
251 /end