၁ မေ ၂၀၁၉ - ၁၀:၂၀
 နှစ်ဦးနှစ်ဖက် အပစ်ရပ်စာချုပ်ရရှိရေး ဆောင်ရွက်ရန် မူဆယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီ ကချင်၊ တအာင်း၊ ရခိုင်နှင့် ကိုးကန

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ယမန် နေ့ကကျင်းပသည့် အစိုးရနှင့် မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် Bilateral (ခ) နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးသဘောတူစာချုပ် ဦးစွာချုပ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင် ရွက်ရန်သဘောတူညီခဲ့သည်။


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ယမန် နေ့ကကျင်းပသည့် အစိုးရနှင့် မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် Bilateral (ခ) နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးသဘောတူစာချုပ် ဦးစွာချုပ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင် ရွက်ရန်သဘောတူညီခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ကချင်အဖွဲ့(KIO)၊ တအာင်း အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ခေါင်း ဆောင်များသည် ဧပြီ ၃၀ရက်က မူဆယ်မြို့ရှိ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ရုံး၌ နှစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိရန် မေလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု ဦးဇော်ဌေးက ပြော ကြားသည်။

ယခင်ပြုလုပ်ခဲ့သည့် ဆွေး နွေးပွဲများတွင် အစိုးရဘက်က DOC( အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာကတိပြုချက် Deed of Commitment)  လက်မှတ်ထိုးရန် ဆွေးနွေးခဲ့ပြီး မြောက် ပိုင်း လက်နက်ကိုင်လေးဖွဲ့က Bilateral အပစ်ရပ်စဲရေး လုပ်ဆောင်လိုသည်ဟု ဆွေးနွေးခဲ့ကြောင်း၊ ယခုဆွေးနွေးပွဲတွင် တိုင်းရင်းသားများ လိုလားသည့် Bilateral ကိစ္စကို အစိုးရဘက်က လက်ခံ၍ ဆွေးနွေးပွဲ ရလဒ်ကောင်းမွန်သည်ဟု ပြော၍ရကြောင်း KIO ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးလနန်က ပြောကြားသည်။

‘‘ဒီမူဆယ် ဆွေးနွေးပွဲမှာ DOC မဟုတ်ဘဲ Bilateral အပစ်အခတ် ရပ်စဲရေး စာချုပ်သွားမယ် ဆိုတာကို NRPC (နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)က သဘောတူလက်ခံ တယ်။ အဲဒါကြောင့် နောက်ဆွေးနွေးပွဲကလည်း အပြုသဘောအနေနဲ့ ဆက်သွားမယ်ဆိုတဲ့ ရလဒ်ကောင်းတယ်လို့ ပြောရမှာပဲ။ တွေ့ဆုံဆွေးနွေးမှုကတော့ မပြတ် အောင် ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ’’ ဟု KIO အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြော ကြားသည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ‘‘အဓိကကဒီကိုလာတဲ့ ရည်ရွယ်ချက်က လည်း Bilateral ကို ဆွေးနွေးမယ်ဆိုတာ ဟိုဘက် အစိုးရ၊ စစ်တပ်ဘက်ကလည်း Bilateral ကို ဆွေးနွေးမယ်လို့ ပြောတဲ့အတွက်ကြောင့်လာတဲ့ ရည်ရွယ်ချက် အောင်မြင် တယ်လို့ ပြောလို့ရတယ်’’ဟု ပြောသည်။

မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့က အဆိုပြုသည့် အပစ်ရပ်စာချုပ် မူကြမ်းများကိုလည်း အစိုးရထံ ပေးအပ်ခဲ့သည်ဟု KIO က ပြောသည်။

ယင်းအဆိုပြု မူကြမ်းများအ ပေါ် အစိုးရ၊ တပ်မတော်ဘက်က သဘောထား အကြောင်းပြန်ကြား မှုကို ပြန်လည်ညှိနှိုင်း ဆွေးနွေး ပြီးမှသာ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်မည်ဖြစ်၍ မည်သည့်အချိန်တွင် လက်မှတ်ထိုးရေး ဖြစ်လာ မည်ကို မပြောနိုင်သေးကြောင်း ဦးလနန်က ပြောသည်။

‘‘အဓိကကတော့ Bilateralရေးထိုးနိုင်ရေး ဒါအဓိကပါ။ အဲဒီအဆင့်ကို ရောက်ဖို့အတွက် ဘယ်လောက် အချိန်ယူရမယ်ဆိုတာ ကြိုလည်း မပြောနိုင်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ တပ်မတော်၊ အစိုးရနဲ့ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ တွေ တိုက်ပွဲဖြစ်နေတယ်ဆိုရင် တော့ ဒီဆွေးနွေးပွဲက ဘယ်လောက်ထိ ကြာမှ Bilateral ရေးထိုးနိုင်မလဲဆိုတာ မပြောနိုင်ဘူး။ အခုကအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးက အဓိကဦးတည် တာပါ။ အဲဒီကိစ္စပြီးတဲ့အခါမှ နိုင်ငံရေးလမ်းစဉ်က FPNCC လည်း ရှိတယ်။ FPNCC မှာလည်း မူက ချမှတ်ပြီးသားရှိတယ်’’ ဟု KIO ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ဆိုသည်။

KIO အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့သည် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်ပြီး လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) အဖွဲ့ဝင်များ ဖြစ်သည်။ ယခု ဆွေးနွေးပွဲသို့  UWSA၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP) တို့မှ ကိုယ်စားလှယ်များလည်း သက်သေအဖြစ် တက်ရောက်ခဲ့သည်။

မူလက ယခုဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးရန် စီစဉ်ထား သော်လည်း အသေးစိတ် မဆွေး နွေးဖြစ်ကြောင်း ဆွေးနွေးပွဲ ကိုယ်စားလှယ်အချို့က ပြောသည်။

မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့သည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များဖြစ်သည်။ ယခုဆွေးနွေးပွဲ ကျင်းပသည့် ဧပြီ ၃၀ ရက်သည် တပ်မ တော်က တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေတွင် လေးလကျော်ကြာအပစ်ရပ်စဲကြောင်း ကြေညာခဲ့သည့် နောက်ဆုံးရက်လည်း ဖြစ်သည်။ ဆွေးနွေးပွဲ ရလဒ်အပေါ်မူတည်ပြီး တပ်မတော်၏ အပစ်ရပ်ကြေညာမှု သက်တမ်းတိုး၊ မတိုး မူတည်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

=======================
251 / End