၅ မေ ၂၀၁၉ - ၁၉:၂၄
တပ်မတော်ခုံရုံး စစ်ဆေးချက်အရ ထိရောက်စွာအရေးယူမည်ဟု တပ်ချုပ်ပြော

ရခိုင်ပြည်နယ်မြောက် ပိုင်း ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မ တော်က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးခုံရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက် ပိုင်း ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မ တော်က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးခုံရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရခိုင်ပြည်နယ် ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင် (ICOE) ကို မေလ ၃ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ထည့်သွင်း ပြောကြားကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။

တပ်မတော်သည် ရခိုင် ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်း၍ အပြစ်ရှိသူများကို အရေးယူသည့် အခြေအနေများနှင့် နောက်ထပ် ပြစ်မှုကျူးလွန်သူများ ရှိ၊မရှိထပ်မံစစ်ဆေး ဖော်ထုတ်အရေး ယူနိုင်ရေး စုံစမ်းစစ်ဆေးရေးခုံ ရုံးနှင့် အထောက်အကူပြုရန် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေ များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ICOE ကို ရှင်းပြခဲ့သည်။

ထို့အပြင် ICOE က သိရှိလိုသော အချက်များ ရရှိနိုင်ရေး တပ်မတော်က ပူးပေါင်းကူညီ ဆောင်ရွက်မည့် အခြေအနေများကို လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းပြောကြား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယင်းသို့ တပ်မတော်က ကော်မရှင်နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းပြော ကြားမှုနှင့် တပ်မတော်၏ ပွင့်လင်းမှုများအတွက် ကြိုဆိုကြောင်း ICOE က ယမန်နေ့တွင် ထုတ်ပြန် သည်။

ယင်းနောက် တပ်မတော်က မတ်လ ၁၈ ရက်တွင် ဖွဲ့စည်းခဲ့ သော စုံစမ်းစစ်ဆေးရေး ခုံရုံးကို ကြိုဆိုကြောင်းလည်း ICOE က ဖော်ပြသည်။

ကော်မရှင်(ICOE)သည် နိုင်ငံတော်သမ္မတထံ ကနဦး အစီရင်ခံစာတင်သွင်းရန် ဆောင်ရွက်နေသည့်အဆင့်သို့ ရောက်ရှိနေပြီး မေလ ၃ ရက်နှင့် ၄ ရက်တွင် ကော်မရှင်၏ ရှစ်ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခဲ့သည်။

 ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သောရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ အစီရင်ခံစာအ ပေါ်နှင့် လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ (Human Rights Watch)၊ Amnesty International (နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်) အဖွဲ့နှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission) တို့၏ စွပ်စွဲရေးသားဖော်ပြမှုများအပေါ် စစ်ဥပဒေချုပ်ရုံး၏ လေ့လာသုံး သပ် အကြံပြုတင်ပြချက်များအရ  အစီရင်ခံစာ အသီးသီး၏ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ်အ တည်ပြုရန်လိုအပ်၍ ဗိုလ်ချုပ် မြတ်ကျော် ခေါင်းဆောင်သည့်အ ဖွဲ့ဝင် သုံးဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းခြင်းဖြစ်သည်။

ထို့အပြင် ယင်းခုံရုံးကိုအကြံ ပေးနိုင်ရန် ဒုတိယစစ်ဥပဒေချုပ်  ဗိုလ်ချုပ်သောင်းနိုင် ခေါင်းဆောင် သည့် အဖွဲ့ဝင်ငါးဦးပါ ဥပဒေအ ကြံပေးအဖွဲ့ကို တပ်မတော်က ဧပြီ ၁၈ ရက်တွင် ဖွဲ့စည်းတာဝန် ပေးအပ်ကြောင်း သတင်းထုတ် ပြန်ထားသည်။

======================
251 / END