၈ မေ ၂၀၁၉ - ၁၂:၄၆
ရိုဟင်ဂျာ မွတ်စလင်များသတ်ဖြတ် မှုများကို ထုတ်ဖေါ်ခဲ့သော ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးမှုကို နိုင်ငံတကာအသိုင်းအဝိုင်းကြိုဆို

အဗ်နာ ။ ။ မြန်မာနှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် အ ကျဉ်းသားများကို ယမန်နေ့တွင် တတိယအကြိမ် ထပ်မံလွှတ်ပေး ရာ ရိုက်တာသတင်းထောက်နှစ်ဦး ပါဝင်ပြီး လွတ်မြောက်ရေးဝိုင်း ဝန်း ကူညီထောက်ခံပေးသူများကို ကျေးဇူးတင်ကြောင်း သတင်း ထောက် ကိုဝလုံးက ပြောကြား သည်။

 

အဗ်နာ ။ ။ မြန်မာနှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် အ ကျဉ်းသားများကို ယမန်နေ့တွင် တတိယအကြိမ် ထပ်မံလွှတ်ပေး ရာ ရိုက်တာသတင်းထောက်နှစ်ဦး ပါဝင်ပြီး လွတ်မြောက်ရေးဝိုင်း ဝန်း ကူညီထောက်ခံပေးသူများကို ကျေးဇူးတင်ကြောင်း သတင်း ထောက် ကိုဝလုံးက ပြောကြား သည်။

‘‘ကျွန်တော်တို့ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ထောက်ခံအားပေးကြတဲ့ ကျွန် တော့်ရဲ့ မိသားစုတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ အားလုံး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်တော်တို့အပေါ်မှာ ကရုဏာ သက်ခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်’’ဟု အကျဉ်း ထောင်အပြင်ဘက်သို့ ရောက်ရှိ ချိန်တွင် ကိုဝလုံးက သတင်း ထောက်များအား ပြောသည်။

အင်းဒင်ဖြစ်စဉ်နှင့် ပတ် သက်ပြီး သတင်းရေးသားဖော် ထုတ်မှုကြောင့် ဖမ်းဆီးခံရသော် လည်း သတင်းထောက်အလုပ်ကို ဆက်လုပ်မည်ဟု ကိုဝလုံးက ပြောသည်။

‘‘ကျွန်တော် သတင်းထောက်တစ်ယောက်ပါ။ ကျွန်တော် သတင်းထောက်ပဲ ဆက်လုပ်မှာ ပါ။ မိသားစုနဲ့ ပြန်တွေ့ရတော့မှာ မို့ ကျွန်တော် အရမ်းကို ပျော်နေ ပါတယ်’’ဟု ကိုဝလုံးက ပြော သည်။

အကျဉ်းထောင်အသီးသီး တွင် ပြစ်ဒဏ်ကျခံနေသည့် အ ကျဉ်းသား၊ အကျဉ်းသူ ၆,၅၂၀ ဦးကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း နိုင်ငံတော်သမ္မတ ရုံးက ယမန်နေ့တွင် အမိန့်ထုတ် ပြန်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ မဏ္ဍိုင်လေးရပ် အစည်းအဝေးမှာ မိသားစုဝင်တွေ က စာပို့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီလည်း ပို့ တယ်။ နိုင်ငံတော်သမ္မတဆီလည်း ပို့တယ်။ ပို့လာတဲ့အခါမှာ လူကြီး တွေက နိုင်ငံတော်ရဲ့ ရေရှည်အ ကျိုးစီးပွားအတွက် မျှော်တွေးပြီး တော့ ရိုက်တာသတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်လိုက် ခြင်းဖြစ်ပါတယ်’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက် သာခွင့်အပေါ် နိုင်ငံတကာအ သိုင်းအဝိုင်းက ကြေညာများထုတ် ကာ ကြိုဆိုခဲ့သည်။

သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၎င်းတို့၏ မိသား စုများထံ ပြန်သွားနိုင်ပြီဖြစ်သဖြင့် ဝမ်းမြောက်ရပါသည်ဟု မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် ရိုက်တာသတင်း ထောက်နှစ်ဦးကို မြန်မာအစိုးရ က လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အပေါ် ဝမ်းမြောက်မိပါကြောင်း ဗြိတိန်သံအမတ်ကြီး ဒန်ချက်က ပြောကြားသည်။

တရားဝင်လုပ်ထုံးလုပ်နည်း များကို လိုက်နာမှုမရှိဘဲ ‘အပြစ် ရှိကြောင်း သက်သေမပြနိုင်ခင် အထိ အပြစ်မဲ့’သည်ဟူသော သဘောတရားကို လျစ်လျူရှုထား သည့် ယင်းအမှုတွင် အဆိုပါ သတင်းထောက်နှစ်ဦး အပြစ်ကျ ခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းသည် အ စောပိုင်း တရားစီရင်ရေးတွင် လိုအပ်ချက်ရှိနေသည်ကို မြန်မာ အစိုးရက နားလည်သဘောပေါက် ပြီး တရားဥပဒေစိုးမိုးရေးကို အား ပေးသည့် အစိုးရ၏ ကတိကဝတ် နှင့်အညီ လုပ်ဆောင်ခြင်းဖြစ် သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

ထို့အပြင် ဗြိတိန်နှင့် မြန်မာ နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ကူညီရန် ဗြိတိန်အစိုးရ က ဆက်လက်ကြိုးစားဆောင် ရွက်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂရုံးကလည်း ရိုက်တာ သတင်းထောက်နှစ်ဦး လွတ် မြောက်လာ၍ ကြိုဆိုကြောင်း ထုတ်ပြန်သည်။

ထို့အပြင် သတင်းထောက် နှစ်ဦး ပြန်လွတ်လာခြင်းက ပုံနှိပ် မီဒီယာလွတ်လပ်ခွင့် တိုးတက်ရာ တွင် ခြေတစ်လှမ်းတိုးလာပြီးမြန်မာ့   ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အစိုးရ၏ ကတိကဝတ် လက္ခဏာတစ်ရပ်အဖြစ် ယူဆသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှုပ်ထွေးသည့် အသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တွင် ကုလ သမဂ္ဂအနေဖြင့် မြန်မာကို ဆက် ပြီးအားပေးထောက်ခံရန် အသင့် ရှိနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန် ရည် ရွယ်ပြီး မြန်မာနှစ်ကူးကာလ၌ နိုင်ငံတော်သမ္မတရုံးက ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ရာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

မြန်မာနှစ်ဆန်း ၁ ရက်က နိုင်ငံသား အကျဉ်းသူ၊ အကျဉ်း သား ၉,၅၀၀ ကျော်နှင့် ဒုတိယအ ကြိမ် ဧပြီ ၂၆ ရက်တွင် ၆,၉၀၀ ကျော် စုစုပေါင်း အကျဉ်းသား ၁၆,၀၀၀ ကျော် လွှတ်ပေးခဲ့သည်။


=======================
251 / End