အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြိတ်ခရိုင်ထဲမှာ ရာဇဝတ်မှုတွေ အရင်ကထက် များလာတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောပါတယ်။
မေလ ၂၃ ရက်က ပြုလုပ်တဲ့ တနင်္သာရီတိုင်း အစိုးရအဖွဲ့နဲ့ မြိတ်မြို့လူထု တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
တနင်္သာရီတိုင်းထဲမှာ ခရိုင်သုံးခုရှိတဲ့ထဲက မြိတ်မြို့ဟာ လူဦးရေအများဆုံးဖြစ်ပြီး မှုခင်းလည်း စံချိန်တင်များပြားတဲ့ မြို့နယ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ၄ လပိုင်းအထိ ပြစ်မှုကြီး ၅ မှု၊ အခြားအမှု ၁၁၀ မှု၊ ကြိုတင်ကာကွယ်မှု ၁၃၃၈ မှု၊ မူးယစ်ဆေးဝါးမှု ၁၀၂ မှု၊ ယာဉ်တိုက်မှု ၄၇ မှု ဖြစ်ပွားခဲ့ပြီး ခရိုင်တခုလုံးမှာ စံချိန်တင်ခဲ့တယ်လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးမှုမှာတော့ မြိတ်ခရိုင်က ပထမ အများဆုံးဖြစ်နေပြီး ကော့သောင်းခရိုင်က ဒုတိယအများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ကိုလည်း အစိုးရအဖွဲ့က အဆိုပါလူထုတွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲကို မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။
=======================
251 / End
၂၃ မေ ၂၀၁၉ - ၁၇:၄၄
News ID: 943766
မြိတ်ခရိုင်ထဲမှာ ရာဇဝတ်မှုတွေ အရင်ကထက် များလာတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောပါတယ်။