
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဗ်နာ သတင်းဌာန၏ သတင်း အထောက်အထား အရ ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဗေ နှင့်အဖွဲ့ သည် ယနေ့ ဇွန်လ ၁၃ ရက်နေ့ နနက်ပိုင်း တွင် ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့်တွေ့ဆုံ စကားပြောခဲ့ကြပါတယ် ။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် ဂျပန် ဝန်ကြီးချုပ် မှတဆင့် အမေရိကန် သမ္မတ ထရန့် ဘက် မှ ပေးပို့လိုက်သည့် သတင်းလွှာ ကို ဖယ်ချပြီးမိန့်သည်မှာ - ကျွန်တော် အနေဖြင့် အမေရိကန် သမ္မတ ထရန့်ကို အပြန်အလှန် စာအပေးအယူပြု ထိုက်သူ အဖြစ်မမြင်ပါ။ ပြီးတော့ သူစာ ၏ အတွက် အဖြေလည်း ပေးမည် မဟုတ်ပါ။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် (အတွေ့အကြုံများအရ) အမေရိကန် နိုင်ငံ ၏ ကတိမတည်မှု ၊ ၎င်းအပေါ် အယုံအကြည်ထား၍ မရမှု နှင့်ပတ်သက်ပြီး မိန့် ကြားသည်မှာ - အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အနေဖြင့် (အတွေ့အကြုံများအရ) အမေရိကန် အပေါ် မည်သို့ မျှ အယုံ အကြည် မရှိကြောင်း ပြီးနောက် အမေရိကန် နှင့် ညှိနှိုင်း ဆွေးနွေးမည် မဟုတ် မိန့်ကြားခဲ့ပါတယ် ။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ဆက်လက်ပြီး ပြောကြားသည်မှာ - ကျွန်ုပ်တို့ အနေဖြင့် လူကြီးမင်း (ဂျပန်ဝန်ကြီးချုပ် ) ၏ကောင်းမွန်သည့် အကြံအစည် နှင့် အလေးအနက်ထား တည်ကြည်မှု ၊ ဆက်ဆံရေး ကောင်းမှု အပေါ် မည်သူမျှ သံသယ မရှိပါ ။ လူကြီးမင်းအနေဖြင့် ထရန့် နှင့် ပတ်သက်ပြီး တစ်ချို့ တင်ပြပါတယ်။ ကျွန်တော် ကိုယ်ပိုင် အမြင်အရ တော့ ထရန့်ကို အပြန်အလှန် စာအပေးအယူပြု ထိုက်သူ အဖြစ်မမြင်ပါ။ ထရန့် ကို အဖြေပေးမှာ မဟုတ်သလို ၎င်းကို စာချွန်လွှာ တစ်ခုခု အတွက် ထိုက်တန်သူလို့ မသတ်မှတ်ပါ ။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ဂျပန် နိုင်ငံ ကို အဓိက ထားပြီး ပြောကြားသည်မှာ - ဂျပန် နိုင်ငံ သည် အီရန် နိုင်ငံ အတွက် မိတ်ဆွေ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန် နိုင်ငံ နှင့် ပတ်သက်ပြီးတိုင်ကြားရမည့် အချက်အလက်အချို့ ရှိပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ဂျပန် ဝန်ကြီးချုပ် မှတဆင့် အမေရိကန် သမ္မတ ထရန့် ဘက် မှ ပေးပို့လိုက်သည့် သတင်းလွှာသည် အီရန် အစိုးရကို ပြောင်းလဲအောင် လုပ်မည် မဟုတ်ကြောင်း ကိစ္စ နှင့်ပတ်သက်ပြီး မိန့်ကြားသည်မှာ - အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် အဆင်မပြေ ပြဿနာ ဖြစ်နေသည်မှာ အစိုးရပြောင်း အောင်လုပ်သည့်ကိစ္စ မဟုတ်ပါ ။ အကယ်၍ အမေရိကန် အနေဖြင့် အီရန် အစိုးရကို ပြောင်းချင်တယ်ဆိုလည်း အမေရိကန် လုပ်ဆောင်နိုင်မှာ မဟုတ်ပါ ။ အမေရိကန် သမ္မတဟောင်းများ အနေဖြင့်လည်း အီရန် ကို ပျက်စီးသွား အောင် ဖြစ်နိုင်ချေရှိသမျှ ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရန် အစိုးရကို ပြောင်းလဲဖြစ်ဖို့ မဟုတ်ကြောင်း သတင်းပါလာသည့် ထရန့် ၏ စကားမှာ လုံးဝ လိမ်ညာမှု သာ ဖြစ်ပါတယ်။ အကယ်၍ အီရန် အစိုးရကို ပြောင်းလို့ရမည်ဆိုလျှင် ထရန့် အနေဖြင့် မဖြစ်မနေ ပြောင်းမှာ ဖြစ်ပါတယ်။ ( အခုလုပ် ၍မရ၍ သာ ပြောခြင်း ဖြစ်ပါတယ်။ )
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့်နျူကလီးယား ကိစ္စ နှင့်ပတ်သက်ပြီး ၅နှစ် ၆နှစ်တိုင် အင်အားကြီး ၅ နိုင်ငံ နှင့် အီရန် တစ်နိုင်ငံ ၏ ညှိနှိုင်း ဆွေးနွေးမှု ကိစ္စ နှင့် ပတ်သက်ပြီး ပြောကြား သည်မှာ - ညှိနှိုင်း ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အနေဖြင့် ကမ္ဘာ လုံးဆိုင်ရာ ကတိကဝတ်ကို ချိုးပေါက်ခဲ့ပါတယ်။ ကတိပျက်ခဲ့ပါတယ်။ ဤအတွက် ကြောင့် ရှိသမျှ ကတိကဝတ်ကို ပျက်သည့် နိုင်ငံ နှင့် အသိဥာဏ်ရှိသည့် မည်သည့် လူသားမဆို နောက်တဖန် ထပ်ပြီး ညှိနှိုင်း ဆွေးနွေး ပွဲကို လုပ်ပါမလား ?
ကျွန်ုပ်တို့အနေဖြင့် နျူကလီးယားလက်နက်များကို ဆန့်ကျင်ပါတယ်။ နျူကလီးယားလက်နက် ပြုလုပ်ခြင်းသည် ဟရာမ် (မပိုင်ကြောင်း ) ကျွန်ုပ်၏ ဓမ္မသတ် ဆုံးဖြတ်ချက် (ဖသ်ဝါ) ရှိနေပါ တယ်။ အကယ်၍ ကျွန်ုပ် တို့ အနေဖြင့် နျူကလီးယား လက်နက် လုပ်မည်ဆိုလျှင်လည်း အမေရိကန် အနေဖြင့် ဘာမှ တတ် နိုင်မည်မဟုတ်ချေ။ အမေရိကန် ခွင့်မပြုလည်း ထိရောက်မှု ရှိမည်မဟုတ်ပါ။
နျူကလီးယား လက်နက် ပြုလုပ်ခြင်းသည့် အသိဥာဏ် နှင့်ဆန့်ကျင်နေပါတယ်။ အမေရိကန် အနေဖြင့် ဘယ်နိုင်ငံ ကတော့ နျူကလီးယား လက်နက်ရှိလို့ရတယ်ဘယ်နိုင်ငံ ကတော့ မရဘူးဆိုပြီး ဆုံးဖြတ်ခွင့်မရှိပါ။ အကြောင်းမှာ အမေရိကန် ကိုယ်တိုင် ထောင်ပေါင်းများ စွာသော နျူကလီးယား လက်နက်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ဂျပန်ဝန်ကြီးချုပ်အား ပြောကြားသည်မှာ - လူကြီးမင်း အီရန် မလာမီ အလျှင် အမေရိကန် သမ္မတ အနေဖြင့် အီရန် အရေး လူကြီးမင်း နှင့် ဆွေးနွေး စကားဆိုခဲ့ကြပါတယ်။ ထရန့် အမေရိကန် ပြန်ရောက်ပြီးနောက်ပိုင်း အီရန် နိုင်ငံ၏ ရေနံ နှင့် ဓာတု ဆိုင်ရာ အဖွဲ့အစည်း များ အပေါ် ပိတ်ဆို့ မှု များကို ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန် နိုင်ငံ ၏ မှန်ကန်မှု ကို ပြဆိုနိုင်ပါသလား ? အမေရိကန် လိမ်ညာ ပြောနေတာ ကို ပြနေတာမဟုတ်ဘူးလား ? အမေရိကန် မပါလည်း ကျွန်ုပ်တို့ တိုးတက်မှု အစီအစဉ်များ ဆက်လက် ရှိနေမှာ ဖြစ်ပါတယ် ။ကျွန်ုပ်တို့ အမေရိကန် အနားကို လာမည်သူတွေ မဟုတ်ပါ။ အမေရိကန် နှင့် ညှိနှိုင်း ဆွေးနွေး ဖို့လည်း ကျွန်ုပ်တို့ အတွက် အရေးမကြီးပါ။
ကျွန်ုပ်အနေဖြင့်လူကြီးမင်းတို့ နိုင်ငံ နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်သွယ်ရေး ပိုမိုကောင်းမွန် မှု ကို တိုးတက်အောင်ပြုရန် အတွက် ကြိုဆိုပါတယ်။ ဂျပန် နိုင်ငံ အနေဖြင့်လည်း အခြား နိုင်ငံများ ကဲ့သို့ အမေရိကန် နှင့်ယှဉ်ပြိုင်သင့်ပါတယ်။
ဤတွေ့ဆုံမှု တွင် အီရန် သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ လည်း တက်ရောက်ခဲ့ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဗေ အနေဖြင့် အီရန် အာဏာ ပိုင်များ နှင့် အခုလို့ ညှိနှိုင်းဆွေးနွေးမှု ကို အပြုသဘောဆိုင်သည့် ဆွေးနွေးမှု အဖြစ် သတ်မှတ် ပြီး နှစ်နိုင်ငံ ဆက်သွယ်ရေး ပိုမိုကောင်းမွန် အားကောင်းစေဖို့ အပြန်အလှန် အကူအညီများ ပြုရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
================
251 / End