၂၆ ဇွန် ၂၀၁၉ - ၁၆:၂၁
အစိုးရ၊ တပ်မတော်နှင့် KNPP ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်

အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP) တို့ ဇူလိုင်တွင် တွေ့ဆုံ၍ တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး မည်ဖြစ်ကြောင်း KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP) တို့ ဇူလိုင်တွင် တွေ့ဆုံ၍ တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း KNPP  လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ တပ်မတော်ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့တို့နှင့် KNPP ကိုယ်စားလှယ်အဖွဲ့တို့  ဇွန်လဒုတိယပတ်အတွင်း  တွေ့ဆုံဆွေးနွေးရန် KNPP ဘက်က အဆိုပြုခဲ့သော်လည်း အစိုးရဘက်က မအားလပ်၍   ဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့ပေ။ အလားတူ အစိုးရအဆိုပြုသည့် ရက်တွင်လည်း KNPPခေါင်းဆောင်များ ပြည်ပခရီးသွား ရောက်၍ ဇူလိုင်သို့ ရွှေ့ဆိုင်းခဲ့ ခြင်းဖြစ်ကြောင်း ခူညေးရယ်က ပြောသည်။

‘‘ဇူလိုင်ပထမပတ် မဟုတ်ရင် ဒုတိယပတ်ထဲမှာ တွေ့မှာပဲ။ NRPC နဲ့ တစ်ရက်၊ တပ်နဲ့က တစ်ရက် အဲဒီလိုတွေ့မှာ’’ဟု ခူညေးရယ်က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကယားပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊  တပ်ဘက်ဆိုင်ရာလှုပ်ရှားမှုကိစ္စများ ပါဝင်မည်ဖြစ် ကြောင်း၊ NCA ထိုးနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီးလည်း ညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်း ‘‘အစိုးရဘက်ကတော့ NCA လက်မှတ်ရေးထိုး ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ KNPPပါလာရေးအတွက်ကို လိုအပ်တဲ့ ပြင်ဆင်တဲ့ဟာတွေ အကုန်လုံးဆောင်ရွက်မှာပဲ’’ဟု ပြောကြား သည်။

NCA လက်မှတ်ထိုးနိုင် ရေးနှင့်ပတ်သက်ပြီး လက်ရှိ NCAလက်မှတ်ထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆောင်ရွက်မှု အခြေအနေ၊ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား ဆွေးနွေးမှု   အခြေအနေများ  စောင့်ကြည့်နေကြောင်း KNPP ဘက်ကဆိုသည်။

KNPP သည် မတ်လအတွင်းက တပ်မတော် ညှိနှိုင်းရေးအဖွဲ့၊ NRPC တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ဇွန်လကုန်ထက် နောက်မကျဘဲ KNPPအဖွဲ့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ရန် တပ်မတော်ဘက်က ဆွေးနွေးခဲ့ သည်။ KNPP သည် ၂၀၁၂ ကတည်းက အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များအကြား NCA စာချုပ်ရရှိ ရေး ညှိနှိုင်းစဉ်ကလည်း ပါဝင်ခဲ့ သည်။


=======================

251 / End