
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေရပ်စွန့်ခွာသူများအ ရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင် ငံသို့ လာရောက်ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စစ်ခရစ္စတင်းရှရီနာ ဘာဂီနာကို ဇူလိုင် ၁၅ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံ ရာ အထက်ပါဖိတ်ကြားထားမှုကို ထည့်သွင်းပြောကြားသည်။
ကုလအထူးကိုယ်စားလှယ် သည် လာမည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်း မြန်မာနိုင်ငံအရေး နှင့်ပတ်သက်၍ အစီရင်ခံစာတင် သွင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံခရီး စဉ်အတွင်း ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ သွားရောက်ပြီးနောက် နေပြည်တော်၌ နိုင်ငံ့အကြီးအကဲ များနှင့်တွေ့ဆုံခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အထက်ပါကုလအထူး ကိုယ်စားလှယ်ကို ဇူလိုင် ၁၅ ရက် တွင် နေပြည်တော်၌ လက်ခံတွေ့ ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ် စတင်နိုင်ရေး၊ ရခိုင်ပြည်နယ် တွင် လူမှုအသိုက်အဝန်းများအ ကြား သဟဇာတဖြစ်စွာ ပြန်လည် ပေါင်းစည်းနေထိုင်ရေး၊ ပညာ ရေး၊ ကျန်းမာရေး စသည့်အခြေခံ လိုအပ်ချက်များ ပိုမိုရရှိရေးတို့ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် လုံခြုံရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရေးအပါ အဝင် မြေပြင်အခြေအနေတိုး တက်မှုရှိရေး ကြိုးပမ်းဆောင် ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံမှုတွင် နေပြည်တော်၌ ဖွင့်လှစ်ထားသည့် ကုလအထူးကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အာဆီ ယံနှင့် ပူးပေါင်းဆောင်ရွက်မှုအ ခြေအနေများနှင့် နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံရေး မြန်မာနိုင်ငံမှ အဆင်သင့်ရှိနေမှုတို့ ဆွေးနွေးခဲ့သည်။
နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးအစီအစဉ်နှင့် ပတ်သက်၍ ပြင်ဆင်ထားမှုအခြေ အနေများကို မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ယခုလ အတွင်း ကော့ဘဇားသို့ သွား ရောက်ရှင်းလင်းမည့်အခြေအနေ များကိုလည်း အထူးကိုယ်စား လှယ်နှင့် ဆွေးနွေးခဲ့သည်ဟု နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
=======================
251 / End