၂၆ ဇူလိုင် ၂၀၁၉ - ၁၅:၄၅
ကချင်စစ်ရှောင်စခန်းများ ပိတ်သိမ်းရမည်ဖြစ်ပြီး စစ်ရှောင်များ၏ဆန္ဒနှင့်အညီ နေရာချထားမည်ဟု လူကယ်ပြန်ဝန်ကြီးပြော အစိုးရနှင့် KHC တို့

ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာ ရသူများ နေထိုင်သောယာယီ ခိုလှုံရာစခန်းများကိုပိတ် သိမ်း ရမည်ဖြစ်ကြောင်းနှင့် စခန်းများ ပိတ်သိမ်းရေး သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူ ဟာရေးဆွဲပြီးဖြစ်ကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာရသူများ နေထိုင်သောယာယီ ခိုလှုံရာစခန်းများကို ပိတ်သိမ်း ရမည်ဖြစ်ကြောင်းနှင့် စခန်းများ ပိတ်သိမ်းရေးသက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မဟာ ဗျူဟာရေးဆွဲပြီးဖြစ်ကြောင်း လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန် လည်နေရာချထားမှု အကောင်အ ထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့နှင့် ကချင်ဒေသစစ်ဘေး ရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) တို့  ဆွေးနွေးပွဲကို ဇူလိုင် ၂၄ရက်က နေပြည်တော်၌ ပြုလုပ်စဉ်  ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြား ကြောင်း ၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

KHCCသည် ကချင်ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအစိုးရနှင့်မူပိုင်းဆိုင်ရာညှိနှိုင်းနေသည့် အဖွဲ့ဖြစ်သည်။

ပြန်လည် နေရာချထားမှု ဆောင်ရွက်ရာတွင် ယာယီခိုလှုံ ရာစခန်းရှိသူများ၏ သဘော ဆန္ဒနှင့်အညီ ၎င်းတို့မူလနေထိုင် ရာနေရပ် (သို့မဟုတ်) အခြားအ များသဘောတူညီထားသော နေ ရာအသစ် (သို့မဟုတ်) လက် ရှိရောက်ရှိနေရာ၌ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်စွာနေရာချ ထားခြင်းတို့ဖြစ်ကြောင်း ၀န်ကြီး  ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

မိမိတို့ မူလနေထိုင်ရာ ဒေသတွင် ပြန်လည်နေထိုင်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းက အကောင်း ဆုံးဖြစ်ကြောင်း၊ ပြန်လည်နေ ရာချထားရာတွင် ရေရှည်တည် တံ့ရန် လိုအပ်ကြောင်း၊ ဘေး အန္တရာယ်ကင်းပြီး ဖွံ့ဖြိုးမှုအ တွက်လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်း အတတ်ပညာများနှင့် အလုပ်အကိုင်ရရှိရေးတို့ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ထို့နောက် လူကယ်ပြန်ဒု ၀န်ကြီး ဦးစိုးအောင်ဦးဆောင်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များပါဝင်သည့်အဖွဲ့နှင့် KHCC တို့ ကချင်ပြည်နယ်အတွင်း  နေရပ်စွန့်ခွာသူများ၏ အခြေအ နေဆန်းစစ်လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ လိုအပ် ချက်များ ပံ့ပိုးကူညီပေးမည့် အစီ အစဉ်များ၊ တိုက်ပွဲရှောင်ပြည် သူများ ပြန်လည်နေရာချထား ရေး ဦးစားပေးကျေးရွာများ ရွေး ချယ်၍ လုံခြုံစွာနေရပ်ပြန်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စီမံ ချက်ရေးဆွဲတင်ပြရေးတို့ ဆွေး နွေးခဲ့သည်။

နေပြည်တော်၌ ပြုလုပ် သည့် ကချင်စစ်ရှောင်များနေရပ် ပြန်နိုင်ရေး ညှိနှိုင်းမှုဆွေးနွေးပွဲ အခြေအနေကို မေးမြန်းရန်   KHCC တာဝန်ရှိသူများထံသို့ ဇူ လိုင် ၂၅ ရက်က ဆက်သွယ်ရာ   အဆက်အသွယ်မရပေ။

သို့ရာတွင် KHCC အတွင်း ရေးမှူး ဦးခါးလီက လုံခြုံရေးအ ခြေအနေများအရ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းတွင် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေးအစီအမံကို မ ဆောင်ရွက်သင့်သေးကြောင်း ယခုလအတွင်း ပြောကြားထား သည်။

လက်ရှိမြေပြင်တွင် တပ်မ တော်နှင့် ကချင်အဖွဲ့ (KIA)လက်နက်ကိုင်တပ်များ နီးကပ်စွာ ရှိနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ကာ မိုင်းရှင်းလင်းရေးဆောင်ရွက်ရန်လည်း စိန်ခေါ်မှုများစွာရှိနေသည်ဟု ၎င်းက ဆိုသည်။

တပ်မတော် နှင့် KIA တို့ သည်၂၀၁၁ ကစ၍ တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကချင်ဒေ သခံအများအပြား စစ်ဘေးဒုက္ခ ကြုံရပြီး လက်ရှိအချိန်ထိ လူဦး ရေ တစ်သိန်းကျော် စစ်ရှောင် စခန်းများ၌ ခုံလှုံနေရသည်။

=======================
251 / End