
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာ)များကို မြန်မာနိုင်ငံသား များအဖြစ် ဆက်ဆံသင့်ကြောင်း (သို့မဟုတ်)၎င်းတို့၏ကိုယ်ပိုင် နယ်မြေကို ဖွဲ့စည်းရန်အခွင့်အ ရေးပေးသင့်ကြောင်း မလေးရှား ၀န်ကြီးချုပ် မဟာသီယာမိုဟာ မက်က ပြောကြားသည်။
တူရကီနိုင်ငံသို့ လေးရက် ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော မလေးရှားနိုင်ငံ ၀န်ကြီးချုပ်မဟာသီကို အစိုးရပိုင် အန်ဒါဒိုလူသတင်းအေဂျင်စီက တွေ့ဆုံမေးမြန်းရာ ယင်းသို့ထည့် သွင်း ဖြေကြားခြင်းဖြစ်ကြောင်း The Daily Star သတင်းဌာနက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြသည်။
‘‘တစ်ချိန်တုန်းက မြန်မာ ပြည်ဟာ မတူညီတဲ့ပြည်နယ်များ စွာနဲ့ ဖွဲ့စည်းခဲ့တာ။ ဒါပေမဲ့ ဗြိတိ သျှက မြန်မာကိုတစ်ပြည်ထောင် အဖြစ် အုပ်ချုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ မျိုးနွယ်စုများစွာ နေထိုင်နေ တယ်’’ ဟု မလေးရှားဝန်ကြီးချုပ် ကဆိုသည်။
ဆက်လက်၍ ၎င်းက ‘‘ဒါ ကြောင့် အခုအချိန်မှာလည်း သူ တို့(ဘင်္ဂါလီ)တွေကို နိုင်ငံသား တွေအဖြစ် သဘောထားသင့် တယ်။ ဒါမှမဟုတ် သူတို့ရဲ့ကိုယ် ပိုင်အချုပ်အခြာအာဏာပိုင်တဲ့ နယ်မြေအဖြစ်ပေးသင့်တယ်’’ ဟု ပြောသည်။
သို့သော် မြန်မာအစိုးရကလူ မျိုးတုံးသတ်ဖြတ်ခြင်းမရှိကြောင်း အကြိမ်ကြိမ်ပြောကြားထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာ ဏာကို ထိပါးစေမည့်မည်သည့် ပြောဆိုမှုကိုမဆို အစိုးရအနေဖြင့် လုံးဝလက်သင့်မခံကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက တုံ့ပြန် ထားသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင် အမေရိကန်အောက် လွှတ်တော်အမတ်က ရခိုင်ပြည် နယ်ကို ဘင်္ဂလားဒေ့ရှ်နယ်မြေ သတ်မှတ်ရန် ပြောဆိုခဲ့ပြီး ယင်း ပြောကြားမှုအပေါ် နိုင်ငံခြားရေး ၀န်ကြီးဌာနက တုံ့ပြန်ထားခြင်း ဖြစ်သည်။
မလေးရှားဝန်ကြီးချုပ်၏ ပြောကြားချက်အပေါ် မြန်မာအ စိုးရတာဝန်ရှိသူများက တစ်စုံ တစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။
သို့သော် မြန်မာအစိုးရသည် မြန်မာနယ်နိမိတ်အတွင်း ဘင်္ဂါလီ များအတွက် Safe Zone တည် ထောင်ရေးပြောကြားချက်များကို အကြိမ်ကြိမ်ပယ်ချထားသည်။
=======================
251 / End