၃၁ ဇူလိုင် ၂၀၁၉ - ၁၄:၄၆
ဒေသခံများ ပူးပေါင်းပါဝင်ရန် ကချင်ပြည်သူ့ပါတီဖိတ်ခေါ်

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) သို့ ပူးပေါင်းပါဝင် လိုသည့်ကချင်ဒေသခံပါတီများကိုအမြဲတံခါးဖွင့်ထား ကြောင့် KSPP ဥက္ကဋ္ဌ ဒေါက်တာ မနာမ် တူးဂျာက ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) သို့ ပူးပေါင်းပါဝင် လိုသည့် ကချင်ဒေသခံပါတီများ ကို အမြဲတံခါးဖွင့်ထားကြောင့် KSPP ဥက္ကဋ္ဌ ဒေါက်တာ မနာမ် တူးဂျာက ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ ပူးပေါင်းသော ကချင်ပြည်နယ် ပြည်သူ့ပါတီ က လူထုနှင့် ပထမဆုံးတွေ့ဆုံ၍ ပါတီမိတ်ဆက်ခြင်းနှင့် ဆုတောင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက်က မြစ်ကြီးနားမြို့ စီတာပူမနောင်ကွင်း၌ ပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားတွင် မိတ်ဆက်အမှာစကားပြောကြားစဉ် ဒေါက်တာမနာမ်တူးဂျာက ယင်းသို့ ထည့်သွင်းပြောကြားသည်။

‘‘KSPP ပါတီ အပြင်မှာ ရှိတဲ့၊  ရှိသေးတဲ့ ဒေသခံပါတီတွေလည်း  ရှိပါတယ်။ ဒီပါတီတွေအတွက် ကျွန်တော်တို့  အမြဲ တံခါးဖွင့်ထား တယ်။ အချိန်မရွေး သူတို့ အဆင် သင့်ဖြစ်တဲ့အခါ ပါဝင်လာလို့ ရပါတယ်။ ကျွန်တော်တို့ သူတို့ကို ကြိုဆိုပါတယ်။ အခု ကျွန်တော် တို့မှာ ဘယ်အရာမှ ပုံသေမကိုင် ပါဘူး။ ပြောင်းလွဲပြင်လွယ်မူနဲ့ ကျွန်တော်တို့ သွားမှာဖြစ်ပါတယ်။ အခု ဒီမှာ မပါသေးတဲ့ ဒေသခံ ပါတီတွေကိုလည်း လူထုအနေနဲ့ ပြောဆိုပေးကြပါ၊ စည်းရုံးပေးကြ ပါ၊ ကျွန်တော်တို့ ဒီပါတီထဲမှာပါဝင်လာနိုင်ဖို့ တံခါးဖွင့်ထား တယ်ဆိုတာကို အားလုံးကို အသိ ပေးလိုပါတယ်’’ ဟု ၎င်းက ပြော သည်။

KSPP ပါတီအနေဖြင့် ဘာသာ၊ ကျားမ ၊ ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ ဖြင့် ခိုင်မာသည့် ပါတီတစ်ရပ် ဖြစ်လာစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါက်တာမနာမ်တူး ဂျာက ပြောသည်။ ပါတီရှေ့လုပ် ငန်းစဉ်များနှင့် ပတ်သက်၍ လူထု၏အကြံပေးမှု၊ ပညာရှင်များ၏ ထောက်ပြမှုကို ရယူမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ ပါတီအနေနဲ့ ပြည်သူကို တင်ပြချင်တာက ဒီပါတီရဲ့ရှေ့အနာဂတ်ကို ပြည်သူ တွေဘက်က ထိန်းကျောင်းပေး ပါ။ ကျွန်တော်တို့ ပြည်သူလူထု ရဲ့ လမ်းညွှန်မှုနဲ့ပဲ ဆက်လက် ချီတက်ပါမယ်ဆိုတာကို ပြည်သူ လူထုကို ဒီနေ့မှာ ကျွန်တော်တို့ အသိပေးချင်ပါတယ်’’ ဟု ဒေါက်တာမနာမ်တူးဂျာက ပြောကြား သည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ ကချင်ဒီမိုကရက် တစ်ပါတီ (KDP) နှင့် စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS) တို့က၎င်းတို့ပါတီများကို ဖျက်သိမ်း၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အမည်ဖြင့် မှတ်ပုံတင် ခွင့်လျှောက်ထားရာ ပြည်ထောင် စုရွေးကောက်ပွဲကောက်မရှင်က ပါတီမှတ်ပုံတင်အမှတ် (၁၁၅)ဖြင့် ဇွန်လ ၇ ရက်တွင် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

KSPP အနေဖြင့် စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် တန်းတူညီမျှရေးတို့ကို ရှေးရှု ကြောင်းနှင့် ကချင်ပြည်နယ်နှင့် ဒေသခံပြည်သူများ၏ အကျိုးစီး ပွားအတွက် လူထုလမ်းညွှန်ချက် ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ယမန်နေ့ အခမ်းအနားတွင် ပြောကြား သည်။ KSPP ပါတီမိတ်ဆက်ခြင်း နှင့် ဆုတောင်းပွဲအခမ်းအနားသို့ လူ ၅၀၀ ကျော် တက်ရောက်ခဲ့ သည်။

လက်ရှိတွင် KSPP ပါတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာမနာမ်တူး ဂျာ၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးခက် ထိန်နန်တို့က ယာယီပါတီခေါင်း ဆောင်များအဖြစ် ပါတီညီလာခံ မတိုင်မီအထိ တာဝန်ယူထား သည်။  KSPP ပါတီတည်ထောင် သူများက ကချင်ပြည်နယ်ရှိ ၁၈ မြို့နယ်တွင် ကော်မတီများ ဖွဲ့စည်းရန် ရည်ရွယ်ထားကာ လက်ရှိငါးမြို့နယ်၌ ဖွဲ့စည်းပြီးကြောင်း ပြောရေးဆိုခွင့်ရှိသူများက ပြော သည်။

=======================

251 / End