
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုကို ယမန်နေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံ သည်။
မြန်မာနိုင်ငံသို့ တစ်ရက်တာ ခရီးစဉ် လာရောက်သော ဂျပန် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးတွင် ဆက်လက်ကူညီ ရေးနှင့် မြန်မာအစိုးရ၏ ရခိုင်အ ရေးကိစ္စတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီရေး ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူဆိုင်ရာ ကိစ္စရပ် များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ် မြန်ဆန်ရေး ဂျပန်အထူးကိုယ်စားလှယ် ရိုဟေးဆာ ဆာကာဝါနှင့် ပူးပေါင်းကူညီရန် နှင့် ဂျပန်က မြန်မာကို အကူအညီပေးရန် သဘောတူထားသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အထက်ပါ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှအပြန်တွင် မြန်မာနိုင်ငံ သို့ လာရောက်ခြင်းဖြစ်ပြီး ဘန် ကောက်၌ ကျင်းပနေသည့် အာ ဆီယံနိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာ ခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် ၂၀၁၈ ဇန်နဝါရီနှင့် ဩဂုတ် တို့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ယင်းခရီးစဉ်များအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကူညီထောက်ပံ့ခဲ့သည်။
၂၀၁၈ ဇန်နဝါရီ ဒုတိယပတ် တွင် လာရောက်သော ခရီးစဉ်အ တွင်း ပြန်လည်လက်ခံရေး လုပ် ငန်းစဉ်အတွက် မြန်မာအစိုးရအား အရေးအပေါ်အကူအညီ ကန်ဒေါ် လာ သုံးသန်း (ဂျပန်ယန်း သန်း ၃၃၀) ပေးအပ်ခဲ့သည်။
=======================
251 / End