
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ရှိ အစိုးရ သက်တမ်းအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် ပတ်သက်၍ အထိခိုက်ဆုံး သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စရပ်ဖြစ်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
‘‘အဓိကက ကျွန်တော်တို့ ကူးပြောင်းရေးကို ထိခိုက်တာက တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စဖြစ်ပါတယ်’’ဟု ဦးဇော်ဌေး က ဩဂုတ် ၂ ရက်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စအပေါ် ယခုအစိုးရတက်လာ ပြီးချိန်ကစ၍ ဗဟိုကော်မတီများ ဖွဲ့စည်းကာ တည်ငြိမ်အေးချမ်း ရေး ဆောင်ရွက်ခဲ့သော်လည်း ARSA တိုက်ခိုက်မှုဖြစ်စဉ်ပြီး နောက် ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထိခိုက်နစ်နာမှုများရှိခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။
ယင်းဖြစ်စဉ်များအပေါ် နိုင်ငံတကာ၏ ဖိအားပေးဝေဖန်မှုများ ရှိနေပြီး အကောင်းဆုံးဖြေရှင်း ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
‘‘ဒီအပေါ်မှာ တော်တော် လေး ဖြေရှင်းရမယ့်အနေအထား ရှိတယ်’’ဟု ဦးဇော်ဌေးက ဖြည့် စွက်ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေးအ ပေါ် စိတ်ရှည်ရှည်ဖြင့် စောင့် ကြည့်ကူညီရန်လိုပြီး တိုးတက် မှု အရွေ့နှေးနေသော်လည်း နောက်လန်ကျမည့်အထဲတွင် မပါဝင်ဟု ဦးဇော်ဌေးက ရှင်းလင်းခဲ့သည်။
‘‘အခုအချိန်ထိတော့ ကျွန် တော်တို့နိုင်ငံက နောက်လန်ကျ မယ့်အထဲမှာတော့ မရှိဘူး။ သွား နေတယ်။ နှေးကောင်းနှေးလိမ့် မယ်။ ဒါပေမဲ့ နောက်ကို ပြန် မလှည့်ဘူးဆိုတဲ့ အနေအထားက တော့ ရှိပါတယ်’’ဟု ဦးဇော်ဌေး က ဆိုသည်။
=======================
251 / End