၄ ဩဂုတ် ၂၀၁၉ - ၁၆:၅၈
ပုဂံစေတီပုထိုးများကို သမ္မတဦးဝင်းမြင့် ဖူးမြော်

နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင် ရှေးဟောင်းမြို့တော် ပုဂံ ဒေသရှိ စေတီပုထိုးများ ကို ယမန် နေ့က ဖူးမြော်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင် ရှေးဟောင်းမြို့တော် ပုဂံ ဒေသရှိ စေတီပုထိုးများကို ယမန် နေ့က ဖူးမြော်ခဲ့သည်။

သမ္မတဦးဝင်းမြင့်နှင့် ဇနီး တို့သည် ပုဂံဒေသရှိ စေတီပုထိုး များကို ဖူးမြော်ရန် သြဂုတ် ၂ ရက် တွင် မန္တလေးမြို့မှ ပုဂံသို့ ယာဉ် တန်းဖြင့် လာရောက်ပြီး ယမန်နေ့ မွန်းလွဲ၌ နေပြည်တော်သို့ ယာဉ် တန်းဖြင့် ထွက်ခွာသွားသည်။

သမ္မတဦးဝင်းမြင့်သည် ပုဂံ ဒေသသို့ ယူနက်စကို၏ကမ္ဘာ့ယဉ် ကျေးမှုအမွေအနှစ်စာရင်းဝင်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

‘‘ပုဂံနဲ့ပတ်သက်ပြီး တခြား မှာ ကြားတာတွေ မရှိပါဘူး။ ဘုရားတွေပဲ လာဖူးတဲ့ သဘောပါ’’ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း က ပြောသည်။

သမ္မတဦးဝင်းမြင့်သည် ပုဂံ ဒေသရှိ စွယ်တော်လေးဆူအပါအ ဝင် ဓမ္မရံကြီး၊ စူဠာမဏိ၊ အာနန္ဒာ၊ သဗ္ဗညု စသည့် စေတီပုထိုးများကို ဖူးမြော်ခဲ့သည်။

‘‘ဘုရားဖူးသက်သက်ပဲ လာ တာပါ။ တခြားတွေ့ဆုံတာတွေ၊ အစည်းအဝေးတွေ မလုပ်ပါဘူး’’ ဟု ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစော က ပြောသည်။

ရှေးဟောင်းမြို့တော် ပုဂံဒေ သကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူ မြို့တွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ၁၁ ရက်ကြာ ကျင်း ပသော ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီ လာခံအစည်းအဝေး၌ ကမ္ဘာ့အ မွေအနှစ်စာရင်းဝင်အဖြစ် သတ် မှတ်ခဲ့သည်။

=======================
251 / End