
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအဖွဲ့အပေါ် ထိခိုက်စေသည့်ဟောပြောမှုကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဟောင်းဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ - ကဖြင့် အရေးယူပေးရန် အနောက်ပိုင်းခရိုင်တရားရုံးတွင် တိုင်ကြားထားသည်။
ဦးလှဆွေကို အရေးယူပေးရန် ကျောက်တံတားမြို့နယ် ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ယမန်နေ့တွင်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဦးတိုက် လျှောက်ထားတိုင်ကြားလာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုတိုင်ကြားမှုကို ကျင့် ၂၀၂ အရ ပြန်လည် တင်ပြရန် တရား သူကြီးက သြဂုတ် ၁၄ ရက်တွင် ချိန်းဆိုထားကြောင်း ၎င်းကဆက် လက်ပြောသည်။
‘‘အဲဒီနေ့မှာတော့ အဖြူအ မည်းသဲကွဲမှာပေါ့။ ပြန်ပြီးတင် ပြခိုင်း ထားတယ်’’ ဟု ၎င်းကပြော ကြားသည်။
သြဂုတ် ၄ ရက်က မဟာ ဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ် သည့် ‘အမေရိကန်နိုင်ငံမှ မြန်မာ့ တပ်မတော်ထိပ်တန်းအရာရှိများ အပေါ် အရေးယူပိတ်ဆို့မှုများ အားဆန့်ကျင်ရှုတ်ချပွဲ’ ၌ ဦး လှဆွေက တပ်မတော်ခေါင်း ဆောင်များကို ပိတ်ဆို့အရေးယူ ရန် အစိုးရအဖွဲ့ခေါင်းဆောင်များ က ဆောင်ရွက်နေကြောင်း ဟော ပြောသည်။
‘‘ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ ရုံးဝန်ကြီးတွေ၊ ရုံးတွေ၊ အစိုးရအ ဖွဲ့ရုံးတွေ၊ အကုန်လုံးသေပါစေ အေးရောမဟုတ်ဘူးလား။ သ ဘောတူလား။ အမေရိကန်ကို မကြောက်ပါဘူး။ လာဗုံးကြဲစမ်း ပါ။ အစိုးရအဖွဲ့ကို၊ဒါကသဘော တူတယ်။ ကျွန်တော်တို့သဘော တူတာ သုံးခါရှိပြီနော်။ စကော့ မာစီရယ်ရဲ့Performance (လုပ် ရည်ကိုင်ရည်) ကိုလည်းသဘော တူတယ်။ အမေရိကန် ဗုံးလာကြဲ ရင်ဝန်ကြီးများရုံးတို့၊ အစိုးရအဖွဲ့ တို့၊ အတိုင်ပင်ခံရုံးတို့ဗုံးလာကြဲ ရင်သဘောမတူဘူးလား။ အသာ လေးကြည့်နေလိုက်ပေါ့’’ ဟု ဦး လှဆွေကဟောပြောသည်။
ထို့အပြင် ယင်းကန့်ကွက်ပွဲ ၌ အစ္စလာမ်ဘာသာနှင့်ပတ်သက် ၍ ထိခိုက်စေသည့်ဟောပြောမှု များပြုလုပ်၍ ဦးလှဆွေကို အရေး ယူပေးရန် ကျောက်တံတားမြို့ နယ်တရားရုံး၌ ဦးတိုက်လျှောက် ထားရာတရားသူကြီးက လက်ခံ စစ်ဆေးပြီးကျင့် ၂၀၂အရ စစ် ဆေးရန် ရဲတပ်ဖွဲ့ထံချပေး ကြောင်း တရားလိုဦးစန်းအောင် က ပြောသည်။
‘‘ကျင့် ၂၀၂ အရပြန်ချပေး ထားပါတယ်။ ရဲကိုပြန်ချပေးထား တာပေါ့။ ရဲဆီက ပြန်တက်လာ တဲ့အပေါ်မှာပဲလက်ခံဖို့လုပ်မှာ ပေါ့’’ ဟု ဦးစန်းအောင်ကပြော သည်။
ထို့အပြင် အဆိုပါရုံးချိန်းကို သြဂုတ် ၂၁ ရက်တွင်ချိန်းဆိုထား ကြောင်း ၎င်းကဆက်လက်ပြော သည်။
ဦးစန်းအောင်၏ တိုင် ကြားချက်တွင် ‘‘ဟိုနေ့ကအမေရိ ကန်သံရုံးမှာလုပ်တာက ဗုဒ္ဓဂေါ တမပါတယ်။နှာခေါင်းစည်းနဲ့။ ဂျီးဆပ်ခရိုက်လည်းပါတယ်။နှာ ခေါင်းစည်းနဲ့။ ဟိန္ဒူသျှီဝနတ် ဘုရားလည်းပါတယ်။ နှာခေါင်း စည်းနဲ့ဟေ့။ ခင်ဗျားတို့မုဟမ္မဒ် ဘာလို့ မပါသလဲဆိုတော့ အမေ ရိကန်သံရုံးက တစ်ယောက်က ကျွန်တော်ကိုပြောတယ်။ ဦးလှ ဆွေတဲ့ မုဟမ္မဒ်က ညှိလို့မရဘူး တဲ့။ ခင်ဗျားတို့အဲဒါသဘောတူ လား။ ကျွန်တော်ကတော့သဘော တူတယ်။ အဲဒီကအမေရိကန်သံ ရုံးက မုဟမ္မဒ်ကို သွားပြီးတော့ အဲဒီလိုလုပ်ရင် သူ့သံရုံးရှေ့မှာ သွားပြီးတော့ မုဟမ္မဒ်က ဗုံးခွဲမှာ။ ကျွန်တော်တို့၊ခင်ဗျားတို့က အဲဒီ လိုလုပ်မလား။ ဒါကြောင့်ဘာသာ ကြီးလေးမျိုးမှာ ညှိမရတာဘယ် ဘာသာလဲ (မုဟမ္မဒ်) အမေရိကန် သံရုံးက သိတယ်’’ စသည့် စကား ရပ်များကို ပြောဆိုသွားကြောင်းပါ ရှိသည်။
ထိုစကားရပ်များက အစ္စ လာမ်ဘာသာအပေါ် ထိခိုက် စေသော၊ လူတစ်စားကိုးကွယ် သည့် ဘာသာသာသနာကိုဖြစ် စေ၊ ဘာသာသာသနာရေးယုံ ကြည်မှုကိုဖြစ်စေ၊ မသမာစိတ် ဖြင့် စော်ကားသည့် အသုံးအနှုန်း များကို အများပြည်သူများ၏ ရှေ့ မှောက်တွင် ပြောဆိုသုံးနှုန်းပြီး အ ဆိုပါဟောပြောပွဲကို ရိုက်ကူး ထားသော ဗီဒီယိုဖိုင်လည်း လူ မှုကွန်ရက်တွင် ပျံ့နှံ့နေသည့်အ ပြင် ပြည်တွင်းသတင်းမီဒီယာများ ကလည်း ရေးသားဖော်ပြနေသ ဖြင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာ သာဝင်အားလုံး ကိုးကွယ်နေ သည့် ဘာသာရေးအပေါ်ယုံ ကြည်မှုကို များစွာထိခိုက်နစ်နာ မှုဖြစ်စေသည်ဟု တိုင်တန်းချက် တွင်ပါရှိသည်။
အဆိုပါတိုင်တန်းချက်အ ပေါ် ဦးလှဆွေထံ ယမန်နေ့က ဖုန်းဆက်သွယ်မေးမြန်းရာ မရ ပေ။
ဦးလှဆွေသည် ပြီးခဲ့သည့် ပ ထမအကြိမ် လွှတ်တော်သက် တမ်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဂန့် ဂေါမြို့နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
=======================
251 / End