အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ် ရေး မြို့နယ်တွင် ဩဂုတ် ၁၀ ရက်က ရေကြီးနစ်မြုပ်ခဲ့ပြီး ရေများ ပြန် ကျသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လေ့လာစစ်တမ်း ကောက်ယူခြင်း (Survey)ပြုလုပ် ပြီးမှသာ စတင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာအေးဇံက ပြောသည်။
သြဂုတ် ၁၀ ရက်က ရေးမြို့ နယ်တစ်ခုလုံး ရေကြီးနစ်မြုပ် သောကြောင့် နေအိမ်များ၊ သောက်သုံးရေတွင်းများ၊ ဈေး ဆိုင်များနှင့် လူ့အသုံးအဆောင် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ဒေ သခံများက ဆိုသည်။
‘‘လုံနယ်ဝန်ကြီးကို ပြန်လည် ထူထောင်ရေး လုပ်ဖို့အတွက် လွှတ်ထားတယ်။ ရေးက အခုမှ ဖြစ်တယ်ဆိုတော့ အရင် Survey ဆင်းရမယ်။ အဲဒါပြီးမှ ပြန်လည် ထူထောင်ရေးကို ဆက်လုပ်ရ မယ်။ Survey ဆင်းပြီး တခြားမြို့ နယ်လို စာသင်ကျောင်း၊ ဈေး၊ လူနေအိမ်တွေ၊ ရေတွင်း၊ ရေကန် တွေကိုပါ ပြန်လုပ်ပေးမယ်’’ ဟု ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။
ရေးမြို့နယ်တွင် သောက် သုံးရေ မလုံလောက်ခြင်းနှင့် အဆောက်အအုံများ ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ချက် ချင်းဆောင်ရွက်မှသာ အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။
သြဂုတ် ၁၀ ရက်က မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးမြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီး ပါးနှင့် ဒေသတောင်ပိုင်းရှိကိုး မိုင်၊ မာန်အောင်၊ ဟံဂံ၊ ကလော့၊ အံဒင်းစသည့်ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်ပြီး တယ်လီဖုန်း လိုင်းနှင့် လမ်းပန်းဆက်သွယ် ရေးများ ပြတ်တောက်ခဲ့ သည်။
ရေကြီးနစ်မြုပ်မှုများ စတင် ဖြစ်ပွားသည့်နေ့တွင် ရေဘေး ကယ်ဆယ်ရေးစခန်း ရှစ်ခု ဖွင့် လှစ်ထားကာ လူဦးရေ ၃,၅၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်နေထိုင်ခဲ့ သည်။
မွန်ပြည်နယ်တွင် ရေကြီးနစ် မြုပ်မှုဖြစ်ခဲ့သဖြင့် သြဂုတ် ၁၃ ရက် စာရင်းအရ ရေဘေးသင့် စခန်း ၄၃ ခု ကျန်နေပြီး ရေဘေး သင့်သူ ၁၂,၃၂၂ ဦးရှိသေး ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးစာရင်းတွင် ဖော်ပြထားသည်။
=======================
END / 251