အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိအ စိုးရ၊ လွှတ်တော်နှင့် လွှတ်တော် ဥက္ကဋ္ဌများ လစာကျပ် ၁၀ သိန်း လစဉ်ရနေသည့် လွှတ်တော်အ မတ်များ တည်ရှိနေခြင်းဖြစ်သည် ကိုမမေ့ရန်လိုကြောင်း တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးဒေါ်သူဇာရွှေက လွှတ်တော်တွင်ပြောကြားသည်။
‘‘ဒါကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် လက် ရှိတည်ဆဲဥပဒေများကို တိကျစွာ လိုက်နာပြီး ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက် သွားရမှာဖြစ်ပါတယ်’’ ဟု ယမန် နေ့ ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆွေး နွေးစဉ် ၎င်းက ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီဝင်အမတ် များနှင့် တပ်မတော်သားကိုယ်စား လှယ်များ လက်မှတ်ရေးထိုးတင် သွင်းထားသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်သည့်ဥပဒေ ကြမ်းကို ၄၅ ဦး ပူးပေါင်းကော်မ တီ၏ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အတွင်း ထည့်သွင်း ရန် သင့်၊မသင့်နှင့် ပတ်သက်၍ အငြင်းပွားနေစဉ် ဗိုလ်မှူးဒေါ်သူ ဇာရွှေက ထိုသို့ ပြောကြားသည်။
တပ်မတော်သား ကိုယ်စား လှယ် ဗိုလ်မှူးဒေါ်သူဇာရွှေ၏ အ ထက်ပါအတိုင်း ပြောဆိုမှုနှင့်ပတ် သက်၍ ပြည်ထောင်စုလွှတ်တော် နာယကက သတိပေးတားမြစ် ခြင်း၊ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ပြောကြားခြင်းတို့ မပြုလုပ်သော်လည်း ကိုယ်စား လှယ်အချို့က လွှတ်တော်တွင် ပြောဆိုရန်မသင့်သော စကားရပ် ဟု တုံ့ပြန်သည်။
‘‘ရှင်းရှင်းပြောရင် အဲဒီလို မသုံးနှုန်းသင့်ဘူး။ ကော်မတီရဲ့အ စီရင်ခံစာအပေါ်မှာပဲ ဆွေးနွေး သင့်တယ်၊ အစီရင်ခံစာက မှန် တယ်၊ မှားတယ်ဆိုတဲ့အပေါ် သုံး သပ်ဆွေးနွေးသင့်တယ်။ ဒီလို သုံးနှုန်းလိုက်ခြင်းအားဖြင့် ကျန် တဲ့ကိုယ်စားလှယ်တွေ စိတ်ထဲမှာ ကသိကအောက်ဖြစ်ရတာပေါ့’’ ဟု ဆော့လော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလာ မာလေးက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအ ရနိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိပြီးဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်သည် နိုင်ငံသားများ၏ မူလအခွင့်အရေးအရ ရရှိလာခြင်း ဖြစ်ကြောင်း ဒီချုပ်အမတ်ဒေါ် သန္တာက ပြောသည်။
‘‘လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရတဲ့ ချီးမြှင့်ငွေ(လ စာ မဟုတ်)ဟာ အထက်မှာပြော တဲ့ ကိုယ်စားပြုခံရမှုကြောင့် ရရှိ လာတာဖြစ်ပါတယ်။ရွေးကောက် မခံရရင် မရနိုင်ပါ။ ရလာတဲ့ ချီး မြှင့်ငွေက နိုင်ငံသားအားလုံးပိုင် တဲ့ သယံဇာတရောင်းချရငွေ၊ အခွန်ငွေတွေကနေ ရလာတဲ့အ တွက် ကျွန်မကတော့ မူလအချုပ် အခြာ အာဏာပိုင်ရှင်ပြည်သူကို သာကျေးဇူးတင်ပါတယ်’’ ဟု ၎င်း က တုံ့ပြန်သည်။
ပြည်ခိုင်ဖြိုးပါတီဝင်များကြီး စိုးသည့်ပထမအကြိမ် လွှတ်တော် သက်တမ်းစတင်ချိန်တွင် လွှတ် တော်ကိုယ်စားလှယ်များကို ချီး မြှင့်ငွေအဖြစ် တစ်လလျှင် ကျပ် သုံးသိန်း ခံစားခွင့်ပြုသော်လည်း ကိုယ်စားလှယ်များ၏ လုပ်ငန်း တာဝန်များအရ လောက်ငမှုမရှိ ဆိုကာ ပထမအကြိမ် လွှတ်တော် သက်တမ်း၌ပင် တစ်လလျှင်ကျပ် ၁၀ သိန်းသို့ တိုးမြှင့်ခံစားခွင့်ပြုရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
တပ်မတော်သားကိုယ်စား လှယ်၏ လွှတ်တော်တွင်း ပြောဆို ချက်သည် ၎င်း၏ အယူအဆသာ ဖြစ်၍ မှတ်ချက်ပေးရန်မရှိ ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မ တီအတွင်းရေးမှူး ဒေါက်တာလှ မိုးက ဆိုသည်။
‘‘ဒီမှတ်တမ်းတွေက ကျန်ခဲ့ မှာ၊ မှတ်တမ်းအနေနဲ့ကျန်ခဲ့တဲ့ နေရာကြီးမှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်က ကိုယ် သုံးစွဲတဲ့ စကားလုံးကအစ၊ အပြု အမူ၊ အပြောအဆိုကအစ အား လုံးအဆင့်ရှိရှိ ပြောကြဖို့တော့လို တာပေါ့ ကျွန်တော်တို့အနေနဲ့ တော့ ဘာမှဝေဖန်မှတ်ချက်ပြုဖို့ မရှိပါဘူး’’ ဟု ၎င်းကပြောသည်။
တပ်မတော်သား ကိုယ်စား လှယ်က ယင်းနှင့်ပတ်သက်၍ လွှတ်တော်၌ အထက်ပါအတိုင်း ပြောဆိုခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ရေး အမြင်မတူဖြစ်နေချိန် တွင် အပြန်အလှန်စကားနိုင်လု ဝေဖန်သည့် သဘောသာဖြစ် ကြောင်း တိုင်းရင်းသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က မှတ်ချက်ပြုသည်။
‘‘ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အ တွက် ညီညီညွတ်ညွတ်နဲ့၊ တိုင်း ရင်းသားပါတီတွေနဲ့ စုပေါင်းပြီးမှ ရှေ့ကို ချီတက်လို့ရမှာ။ အခုက တော့ နှစ်ဦးနှစ်ဖက်က တစ် ယောက်နဲ့တစ်ယောက် အသာစီး ရအောင် ပြောဆိုနေတာမျိုးတွေပဲ မြင်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်’’ဟု အဆိုပါကိုယ်စား လှယ်က ပြောသည်။
ပြည်ခိုင်ဖြိုးနှင့် တပ်မတော် သားအမတ်များ ပူးပေါင်းတင် သွင်းသော အခြေခံဥပဒေကို ပြင် ဆင်သည့် ဒုတိယမြောက် ဥပဒေ ကြမ်းနှင့်ပတ်သက်၍ ကိုယ်စား လှယ်များ ဆွေးနွေးမှုအစီအစဉ် သည် ယမန်နေ့တွင် ပြီးဆုံးပြီး ပူးပေါင်းကော်မတီက ပြန်လည် ရှင်းလင်းရန်ရှိက ရှင်းလင်းခြင်း နှင့် လွှတ်တော်အဆုံးအဖြတ်ခံ ယူခြင်းတို့ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်သည်။
ကိုယ်စားလှယ်များ ဆွေး နွေးမှုအစီအစဉ်အတွင်း ပြည်ခိုင် ဖြိုး၊ တပ်မတော်သားအမတ်များ နှင့် ဒီချုပ်အမတ်များအကြား အ ပြန်အလှန် ဝေဖန်ထိုးနှက်မှုများရှိ ပြီး ယမန်နေ့က တပ်မတော်သား တစ်ဦး ဆွေးနွေးပြီးချိန်တွင် ဒီချုပ် အမတ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ရန် မတ်တတ်ရပ်သော် လည်း လွှတ်တော်နာယကက ခွင့် မပြုခဲ့ပေ။ ဦးအောင်ကြည်ညွန့် ထံကမူ ယမန်နေ့ညနေအထိ သီး ခြားမှတ်ချက် ရယူနိုင်ခြင်းမရှိ သေးပေ။
ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယ က ဦးတီခွန်မြတ်က ‘‘အားလုံးကို ပန်ကြားလိုတာကတော့ အားလုံး ကိုပဲ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေး ခိုင်းတာဖြစ်ပါတယ်။ ဒီအပိုင်း တွေကို ပူးပေါင်းကော်မတီအနေနဲ့ ပြန်လည်ရှင်းလင်းတဲ့အခါမှာရှင်း လင်းနိုင်မှာဖြစ်ပါတယ်’’ ဟု ပြော ကြားသည်။
====================================
END / 251
ပြည်ခိုင်ဖြိုးနှင့်တပ် ပူးတွဲတင်သည့်ခြေဥဆိုင်ရာဥပဒေကြမ်း စကားလုံးတိုက်ပွဲ အဆုံးသတ် ခြေဥကြောင့် အမတ်လစာကျပ် ၁၀ သိန်းရနေခြင်းကို မ
၂၉ ဩဂုတ် ၂၀၁၉ - ၁၆:၀၅
News ID: 972630
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိအ စိုးရ၊ လွှတ်တော်နှင့် လွှတ်တော် ဥက္ကဋ္ဌများ လစာ ကျပ် ၁၀ သိန်း လစဉ်ရနေသည့် လွှတ်တော်အ မတ် များ တည်ရှိနေခြင်းဖြစ်သည် ကိုမမေ့ရန်လိုကြောင်း တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ် မှူးဒေါ်သူဇာရွှေက လွှတ်တော်တွင်ပြောကြားသည်။