
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်ကိုရီးယားသမ္မတခရီးစဉ်အတွင်း ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်း၏ ဒလမြို့သစ် စီမံကိန်းနှင့် မြေဧက ၅၀၀ ကျော်ရှိ စက်မှုဇုန်စီမံကိန်း အပါအ၀င် မြန်မာ- တောင်ကိုရီးယား နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာငါးခု လက်မှတ်ရေးထိုးခဲ့သည်။
ကိုရီးယားသမ္မတ မွန်ဂျေအင်သည် Lotte ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်သည့် ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ဆက်စပ်အစည်းအဝေးများ၌ ယမန်နေ့ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်းရေးထိုးသော စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ကို ကိုရီးယားအစိုးရနှင့် မြန်မာအစိုးရကြား၊ ကိုရီးယား-မြန်မာလုပ်ငန်းရှင်များကြား ရေးထိုးခဲ့သည်။
အစိုးရနှစ်ခုကြား သဘောတူညီမှုဖြင့် မြန်မာနိုင်ငံတွင် ကိုရီးယား ပထမဦးဆုံး စက်မှုဇုန်ဖြစ်မည့် ကိုရီးယား-မြန်မာစက်မှုဇုန် စီမံကိန်း(KMIC)ကို လက်မှတ်ရေးထိုးသည့် အထိမ်းအမှတ် ကျင်းပခဲ့သည်။ ထိုစီမံကိန်းသည် အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပထမအပိုင်းကို ၂၀၁၉ တွင် စတင်ပြီး ၂၀၂၂ ၌ ပြီးဆုံးမည်ဖြစ်သည်။ ဒုတိယအပိုင်းကို ၂၀၂၀ တွင် စတင်ပြီး ၂၀၂၃ ၌ ပြီးဆုံးမည်ဖြစ်သည်။ ထိုစီမံကိန်းကို ကိုရီးယားအစိုးရပိုင် Land and Housing ကော်ပိုရေးရှင်း(LH)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။
‘‘ကိုရီးယား - မြန်မာနိုင်ငံ ဟာ အခြေခံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် ပမာဏကြီး မားသော နိုင်ငံတော်မြေယာလုပ် ငန်းပါ ပူးပေါင်းလုပ်ကိုင်တဲ့ မိတ်ဖက်ဖြစ်သွားပါပြီ’’ဟု ကိုရီးယား နိုင်ငံ မြေယာ၊ အခြေခံအဆောက် အအုံနှင့် သယ်ယူပို့ဆောင်ရေး ၀န်ကြီး မစ္စ Kim Hyun Mee က ပြောသည်။
ထို့ပြင် ကိုရီးယားနိုင်ငံအကူ အညီဖြင့် ဒလမြို့သစ်စီမံကိန်း ဆောင်ရွက်ရန် LH ကော်ပိုရေး ရှင်းနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တို့က ဒလမြို့သစ်ဆိုင်ရာ အကြို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နား လည်မှုစာချွန်လွှာ ရေးထိုးခဲ့ သည်။ ‘‘ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ပတ်ဝန်းကျင်မှာ Smart Cities မြို့သစ်များနဲ့ ၀န်းရံပြီး ဖွဲ့စည်းတည်ဆောက်သကဲ့သို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ခေတ်မီမြို့သစ် စီမံကိန်းများကို ထူထောင်ဆောင် ရွက်သွားဖို့ ရှိပါတယ်’’ ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဟန်ဇော်က ပြော သည်။
KMIC၊ ဒလချစ်ကြည်ရေး တံတားတည်ဆောက်ရေး စီမံ ကိန်းများနှင့်အပြိုင် ဒလမြို့သစ် စီမံကိန်းကို ဆောင်ရွက်ခြင်းသ ည် လည်း ကောင်းမွန်သည်ဟု ၀န်ကြီး က ဆိုသည်။
ထို့ပြင် ကိုရီးယား KB Kook-min ဘဏ်နှင့် ကိုရီးယားလူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးရေးအဖွဲ့ အစည်းတို့က မြန်မာအလုပ်သမားများအတွက် ထောက်ပံ့ရေး နားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးခဲ့သည်။
၎င်းတို့က ကိုရီးယားနိုင်ငံ ရောက် မြန်မာ အလုပ်သမား ၃၀,၀၀၀ ကျော်နှင့် ထပ်မံသွား ရောက်မည့် အလုပ်သမားများ အတွက် အကူအညီပေးရေး ဖြစ် သည်။
ထို့ပြင် ကိုရီးယား KB Kook-min ဘဏ်နှင့် ရန်ကုန်တိုင်းအစိုးရ တို့ကြား အိမ်ရာဆိုင်ရာ တည် ဆောက်ရေးချေးငွေကို သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုချေးငွေသည် ၀င်ငွေနည်းပြည်သူများ အိမ်ရာ ဆောက်လုပ်ရန် ဖြစ် သည်။ ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ထောက်ပံ့ရန် ပြည်တွင်းရှိ SME ဖွံ့ဖြိုးရေး ဘဏ်နှင့် ကိုရီးယားစက်မှုဘဏ် တို့ကြား နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။
====================================
END / 251