အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော် Y8 လေ ယာဉ်ပြေးလမ်းချော်ခဲ့သဖြင့် လေ ယာဉ်ကွင်းအချိန်ကြာမြင့်စွာပိတ် ခဲ့ရပြီးခရီးသည်များ၊ စီးပွားရေး မိတ်ဖက်များနှင့် လေကြောင်း လိုင်းများအား အဆင်မပြေမှုဖြစ် ပွားစေသဖြင့် အနူးအညွတ် တောင်းပန်ကြောင်း ရန်ကုန်လေ ဆိပ်ကို စီမံခန့်ခွဲခွင့်ရရှိသည့် Yangon Aerodrome ကုမ္ပဏီက စက်တင်ဘာ ၇ ရက် တွင်ထုတ် ပြန်ခဲ့သည်။
လေယာဉ်ကွင်းအချိန်ကြာ မြင့်စွာပိတ်ခဲ့ရသည့်ဖြစ်စဉ်သည် လေကြောင်း သယ်ယူပို့ဆောင် ရေးနယ်ပယ်အတွင်းကြိုတင်မသိ နိုင်သော၊ မရှောင်လွှဲနိုင်သော ကိစ္စရပ်ဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်စာတွင် ဖော်ပြထား သည်။
Yangon Aerodrome ကုမ္ပဏီသည် စက်တင်ဘာ ၆ ရက်တွင် ခရီးသည်များကို ခရီး စဉ်ပြောင်းလဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာလေကြောင်းလိုင်း ကို တိုက်ရိုက်ဆက်သွယ်စုံစမ်း ရန် အကြံပြုချက်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၇ ရက်၌ အဆိုပါအ ကြံပြုချက်အောက်တွင် တောင်း ပန်ကြောင်းထုတ်ပြန်ချက်ကိုဖေ့စ် ဘွတ်စာမျက်နှာ၌ ဖြည့်စွက်ခဲ့ သည်။
ပြေးလမ်းချော်သည့် လေ ယာဉ်ကို အမြန်ဆုံးဖယ်ရှားရန်အ တတ်နိုင်ဆုံးဆောင်ရွက်ခဲ့သော် လည်း ရာသီဥတုအခြေအနေဆိုး ရွားခြင်းအပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် လေယာဉ်ကွင်း ပိတ်ချိန် ကြာမြင့်ခဲ့ရသည်ဟု ဆိုသည်။
လေယာဉ်ကွင်း ပိတ်ချိန် သည် စက်တင်ဘာ ၅ ရက်နံနက် ၁၁ နာရီမိနစ် ၂၀ က စတင်ပြီး ပုံမှန်အတိုင်း လေယာဉ်ကွင်းပြန် လည်ဖွင့်လှစ်ချိန်သည် စက် တင်ဘာ ၆ ရက်နံနက် ၆ နာရီ ဖြစ်သည်။ ယင်းဖြစ်စဉ်သည် ၂၀၁၉အတွင်း လေယာဉ် မတော် တဆမှုကြောင့် ကွင်းပိတ်ခဲ့သည့် ဖြစ်စဉ်များအနက် အကြာမြင့် ဆုံးဖြစ်သည်။
လေယာဉ်ကွင်းပိတ်ထားစဉ် လေယာဉ်ခရီးစဉ် ၁၉ ခုမထွက်ခွာ နိုင် ဘဲ ကြန့်ကြာခဲ့ကာလေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ခရီးစဉ် ၁၅ ခုစောင့်ဆိုင်းခဲ့ရသည်။
ထို့အပြင် MAI နှင့် Air KBZ လေကြောင်းလိုင်းတို့ကလည်း အခြား လေကြောင်းလိုင်းများ နည်းတူ ခရီးစဉ်အချို့အား ဖျက် သိမ်းခဲ့ရပြီး ခရီးစဉ်အချို့ ကြန့် ကြာခဲ့သည့်အတွက် ခရီးသည် များအဆင်မပြေမှုနှင့် စိတ်အ နှောင့် အယှက်ဖြစ်ရခြင်းတို့အ တွက် အနူးအညွတ်တောင်းပန် ကြောင်း ကြေညာခဲ့သည်။
====================================
END / 251
၈ စက်တင်ဘာ ၂၀၁၉ - ၁၈:၂၂
News ID: 974405
တပ်မတော် Y8 လေ ယာဉ်ပြေးလမ်းချော်ခဲ့သဖြင့်လေ ယာဉ်ကွင်းအချိန်ကြာမြင့်စွာပိတ် ခဲ့ရပြီးခရီးသည်များ၊ စီးပွားရေး မိတ်ဖက်များနှင့် လေကြောင်း လိုင်းများ အား အဆင်မပြေမှုဖြစ် ပွားစေသဖြင့် အနူးအညွတ် တောင်းပန်ကြောင်း ရန်ကုန်လေ ဆိပ်ကို စီမံခန့်ခွဲခွင့်ရ ရှိသည့် Yangon Aerodrome ကုမ္ပဏီက စက်တင် ဘာ ၇ ရက် တွင်ထုတ် ပြန်ခဲ့သည်။