အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးညီလာခံ မကျင်းပနိုင်ခြင်းအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာနေမှုအပေါ် မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်း ကိုမျှ အပြစ်မတင်ကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း မည်သူ့ကိုမျှ အပြစ်မတင်ရန် မှာကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယမန်နေ့က
ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ဆွေးနွေးရာ ဆွေးနွေးပွဲအပြီး သတင်း စာရှင်းလင်းပွဲတွင် သတင်း ထောက်တစ်ဦး၏ မေးမြန်းမှုအ ပေါ် ဦးဇော်ဌေးက အထက်ပါ အတိုင်း ရှင်းပြခဲ့သည်။
‘‘ကျွန်တော်တို့ကို အတိုင်ပင် ခံပုဂ္ဂိုလ် မှာထားတာက ဒါတွေ က နိုင်ငံရေးဆွေးနွေးပွဲမှာ ဖြစ်တတ်တဲ့ သဘောသဘာဝရှိ တယ်၊ အဲဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူး။ စိတ်ရှည်သည်းခံစွာနဲ့ Negotiate လုပ်ရမယ့်ဟာနဲ့ ကျွန်တော်တို့က သွားတာ။ ဒီကနေ့အထိ ဘယ်အဖွဲ့အစည်းကြောင့်၊ ဘာကြောင့်ဆို တာ ကျွန်တော်တို့ မပြောဘူး။ ပြောမှာလည်း မဟုတ်ဘူး’’ဟု ဦးဇော်ဌေးက ဆိုသည်။
ငြိမ်းချမ်းရေး လမ်းစအ တွက် အစိုးရအနေဖြင့် အမြဲတမ်းမျှော်လင့်ချက်ရှိကြောင်း၊ ရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လူထုအကျိုးရှေးရှု ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်သူတွေ ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ပြုထားတဲ့ NCA စာချုပ်ဝင်တွေ၊ နောက်အချက်က ပြည်သူလူထုကို တကယ်ငြိမ်းချမ်းစေချင်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးက ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး’’ ဟု ဦးဇော်ဌေးက ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဆောင်ရွက်နေခြင်းသည် အစိုးရနာမည်ရရန် လုပ်ဆောင်နေခြင်းမဟုတ်ဟု ၎င်းကပြောသည်။
‘‘ငြိမ်းချမ်းရေးဆိုတာက နာမည်ကောင်းယူလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အကောင်းဆုံး မျှော်လင့်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားဖို့ပဲရှိတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
====================================
END / 251
ငြိမ်းချမ်းရေးကြန့်ကြာမှုအပေါ် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ အပြစ်မတင်ရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား အစိုးရ နာမည်ရရန် ငြိမ်းချမ်
၁၁ စက်တင်ဘာ ၂၀၁၉ - ၁၅:၅၃
News ID: 974871
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးညီလာခံမကျင်းပနိုင်ခြင်း အပါအ၀င်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြန့်ကြာနေမှုအ ပေါ် မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်း ကိုမျှ အပြစ်မတင် ကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း မည်သူ့ကိုမျှ အပြစ်မတင်ရန် မှာကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။