၁၄ စက်တင်ဘာ ၂၀၁၉ - ၁၆:၁၂
ပဲခူးတိုင်းတွင် ဆည် ၁၃ ခုရေပိုလွှဲအထက် ရေအနည်းငယ်ကျော်နေ မြို့နယ်လေးခုတွင်ရေဘေးကြောင့် လူဦးရေနှစ်သောင်းကျော်ရွှေ့ပြောင်း

ဆည် ၁၃ ခုရေပိုလွှဲ အထက် ရေအနည်းငယ်ကျော် နေ ပြီး မိုးဆက်ကောင်းနေသည့် ပဲခူး တိုင်းဒေသကြီး အတွင်းမြို့နယ် လေးခု၌ ရေဘေးကြောင့် လူဦး ရေနှစ် သောင်းကျော် တိမ်းရှောင် နေရပြီး ကူညီကယ်ဆယ် ရေး လုပ်ဆောင်ရန် ပြည်ထောင်စုအ စိုးရအဖွဲ့ရောက် ရှိနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆည် ၁၃ ခုရေပိုလွှဲ  အထက် ရေအနည်းငယ်ကျော်နေ ပြီး မိုးဆက်ကောင်းနေသည့် ပဲခူး တိုင်းဒေသကြီးအတွင်းမြို့နယ် လေးခု၌ ရေဘေးကြောင့် လူဦး ရေနှစ်သောင်းကျော် တိမ်းရှောင်  နေရပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် ပြည်ထောင်စုအ စိုးရအဖွဲ့ရောက်ရှိနေသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလဆန်းကစကာ မိုး ကောင်းခဲ့ပြီး စက်တင်ဘာ ၁၁ ရက်ကစ၍ ရေဘေးကြုံတွေ့ခဲ့ သည်။ ၁၃ ရက်စာရင်းအရပဲခူး မြို့တွင် လူဦးရေ ၁၄,၀၀၀ ခန့်၊ ညောင်လေးပင်မြို့တွင် ၅,၀၀၀ ခန့်၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့ တွင် လူဦးရေ ၂,၀၀၀ ခန့်ယာယီ ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံ နေရသည်ဟု ဘေးအန္တရာယ်စီမံ ခန့်ခွဲမှု ဦးစီးဌာနတာဝန်ရှိသူတစ် ဦးကပြောသည်။

သုံးဆယ်၊ မင်းလှ၊ လက် ပံတန်းနှင့် ကျောက်တံခါးမြို့နယ် တွင်လည်း ရေကြီးနစ်မြုပ်မှုကြုံ တွေ့နေ၍ ကူညီထောက်ပံ့ရေးလုပ်ဆောင်နေသည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောသည်။

‘‘မိုးလည်းကောင်း၊  ဆည် ကလည်းရေလွှတ်ချနေလို့ရေက အရမ်းတက်နေတာ’’ ဟုပဲခူးမြို့ ခံကိုအောင်မျိုးသူကပြောသည်။

၂၀၁၉ မိုးရာသီကာလအ တွင်း နှစ်ကြိမ်မြောက်ရေဘေး ကြုံတွေ့နေသည့် ပဲခူးတိုင်းဒေ သကြီး ရေဘေးသင့်ဒေသများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေး ဦး ဆောင်သော အစိုးရအဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် သွား ရောက်ခဲ့သည်။

ပဲခူးတိုင်းအတွင်းဆည်များ တွင် ရေပိုလွှဲမှ ရေအနည်းငယ်  ကျော်နေပြီး မိုးလည်းကောင်းနေ ၍ ပုံမှန်ထက်လွန်ကဲသော ရေ ကြီးနစ်မြုပ်မှု ကြုံတွေ့နေရ ခြင်းဖြစ်သည်။ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာနက စက်တင်ဘာ  ၁၃ ရက်က ထုတ်ပြန်သောစာရင်း အရပဲခူးတိုင်းဒေသကြီးအတွင်း ဆည် ၁၃ ခုရေပိုလွှဲမှ ရေအနည်း ငယ်စီကျော်နေသည်ဟု ဖော်ပြ ထားသည်။

====================================

END / 251