၁၈ စက်တင်ဘာ ၂၀၁၉ - ၁၆:၁၀
ပြည်ပ၀င်ရောက်စွက်ဖက်မှုနှင့် သူလျှိုလုပ်မှုများမခံရစေရန် အခြေခံဥပဒေပြင်ဆင်လိုခြင်းဖြစ်ဟု တပ်မတော်ပြော ပြင်ဆင်ချက်များအရ ဒေါ်အောင်ဆန

ပြည်ထောင်စုဝန်ကြီးနှင့် ၀န်ကြီးချုပ်များ၏အရည်အ ချင်း သတ်မှတ်ချက်တွင် အခြေခံဥပဒေပုဒ်မ ၅၉(စ)ပါ အတိုင်းထပ်မံထည့်သွင်းရန် ပြင်ဆင်ချက်တင်သွင်း ခြင်းသည် ပြည်ပ၀င်ရောက်စွက်ဖက်မှုနှင့် သူလျှိုလုပ် မှုများ မခံရစေရန် ဖြစ် ကြောင်း တပ်မတော်သားကိုယ် စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ထောင်စုဝန်ကြီးနှင့် ၀န်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်တွင် အခြေခံဥပဒေပုဒ်မ ၅၉(စ)ပါ အတိုင်းထပ်မံထည့်သွင်းရန် ပြင်ဆင်ချက်တင်သွင်းခြင်းသည် ပြည်ပ၀င်ရောက်စွက်ဖက်မှုနှင့် သူလျှိုလုပ်မှုများ မခံရစေရန် ဖြစ် ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

‘‘အဓိကကတော့ ကိုယ့်နိုင်ငံရဲ့အရေးကြီးတဲ့ ပြည်ထောင်စု ဝန်ကြီးအဆင့်၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးအဆင့်တွေ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု၊ ကိုယ့်နိုင်ငံ ရဲ့ ပြည်တွင်းဝင်ရောက်စွက်ဖက် မှုမခံရစေဖို့အတွက်၊ မရှိစေဖို့အတွက်ကို ထည့်သွင်းခြင်းဖြစ်ပါ တယ်’’ ဟု ၎င်းက ယမန်နေ့တွင် သတင်းထောက်များအား ပြော သည်။

ဗိုလ်မှူးချုပ်မောင်မောင် အပါအ၀င် တပ်မတော်သားကိုယ် စားလှယ် ၁၄၄ ဦး လက်မှတ်ရေး ထိုး တင်သွင်းသည့် အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအား လက်ခံရရှိထား ကြောင်း ပြည်ထောင်စုလွှတ် တော်နာယက ဦးတီခွန်မြတ်က စက်တင်ဘာ ၁၇ ရက်တွင် လွှတ် တော်သို့ အသိပေးသည်။

လွှတ်တော်သက်တမ်းနှစ် ရပ်အတွင်း တပ်မတော်သားကိုယ် စားလှယ်အစုအဖွဲ့က ပထမဆုံး အကြိမ် သီးသန့်တင်သွင်းလာ သည့် အဆိုပါ ဥပဒေကြမ်းတွင် ၂၀၀၈ အခြေခံဥပဒေ၌ ထပ်မံ ဖြည့်စွက်ရန် အချက်နှစ်ချက်သာ ပါဝင်သည်။

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်များ ဖြစ်သည့် အခြေခံဥပဒေပုဒ်မ ၂၃၂(က) နှင့် ၂၆၁ (က)တို့တွင် အချက်နှစ်ချက် ထပ်မံဖြည့်စွက် ရန်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး၊ တိုင်း နှင့် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူကိုယ် တိုင် အပါအ၀င် ၎င်း၏မိဘတစ်ဦးဦး၊ ဇနီး၊ ခင်ပွန်းနှင့် သားသမီး များ၊ ချွေးမနှင့် သမက်တို့သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ ကို ခံယူစောင့်ရှောက်သူ (သို့မ ဟုတ်) နိုင်ငံခြားအစိုးရလက် အောက်ခံ၊ တိုင်းတစ်ပါးနိုင်ငံသား များ ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်ကို ခံစားခွင့်ရှိသူ မဖြစ်စေရဟု တပ်မတော်က ထပ်မံ ဖြည့်စွက်ထားသည်။

၂၀၀၈ အခြေခံဥပဒေ၊ နိုင်ငံတော်သမ္မတအရည်အချင်း သတ် မှတ်ချက်ပုဒ်မ ၅၉(စ)တွင် အ လားတူ ပြဋ္ဌာန်းချက်များပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတာဝန်ထမ်းဆောင်ခွင့်မရစေ သောပုဒ်မအဖြစ်လည်း လူသိများ သည်။

ထို့ကြောင့် ပုဒ်မ ၅၉(စ)ပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက် သင့်ကြောင်း လက်ရှိ အာဏာရ ဒီချုပ်ပါတီက အဆိုပြုထားသော် လည်း တပ်မတော်ကမူ ယင်းပြဋ္ဌာန်းချက်ကို ထပ်မံ တိုးချဲ့ရန် ပြင်ဆင်ချက်တင်သွင်းလာခြင်း ဖြစ်သည်။

ယခုတပ်မတော်က တင်သွင်းလာသည့် အခြေခံဥပဒေပြင် ဆင်ချက်ကို အတည်ပြုနိုင်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးတာဝန်နှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် တာဝန်များပင် ထမ်းဆောင်ခွင့် ရတော့မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်   ကိုယ်စားလှယ် ဦးလာမာလေးက မှတ်ချက်ပြု သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေက ကိုယ့်နိုင်ငံတစ်နိုင်ငံတည်းကပဲ ထူးထူးခြားခြားဖြစ်နေတဲ့ ကန့်သတ်ချက်တစ်ခုမျိုး။ နောက်ဒီ ကန့်သတ်ချက်ကလည်း ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုများ ရည် ရွယ်ပြီး ကန့်သတ်ထားတဲ့ ကန့် သတ်ချက်ဖြစ်နေမလားဆိုတဲ့ ဟာကလည်း အများကြီးစဉ်းစား စရာရှိပါတယ်’’ဟု ဒီချုပ်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ယမန် နေ့တွင် ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီဝင်အမတ် ဦးစိုင်းထွန်းအေးကမူ ယခု ထပ်မံတင်သွင်းလာသည့် ပြင်ဆင်ချက်များကို မလိုအပ် သည့် ပြင်ဆင်ချက်များဟု ဝေဖန်သည်။ SNLD သည် ဒီချုပ်နှင့်အတူ ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန် အကြံပြုထားသည့် တစ်ခုတည်း သော လွှတ်တော်တွင်း တိုင်းရင်း သား ပါတီဖြစ်သည်။

‘‘ဒီလိုလာဖြည့်စွက်တာနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေက မပေါက်ကြားဘူးလို့ အာမခံချက် မှ မရှိတာ။ အဲဒီလိုကြေးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စား လှယ်တွေကိုလည်း ကိုယ်စား လှယ်လောင်းဥပဒေမှာ ဒါတွေ ထည့်ရမလိုဖြစ်နေပြီ’’ ဟု ၎င်းက ပြောသည်။

တပ်မတော်သားကိုယ်စား လှယ်များ တင်သွင်းသော အခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ကို လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်းကော်မတီဝင်များအားလုံး ပါဝင်သည့် ပူးပေါင်းကော်မတီက လေ့လာစိစစ်သုံးသပ်၍ လွှတ်တော်သို့ ပြန်လည်အစီရင်ခံ တင်ပြရမည်ဖြစ်သည်။

‘‘နိုင်ငံရေးပါတီဖြစ်စေ၊ အခြားအဖွဲ့အစည်းဖြစ်စေ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ့်အဖွဲ့အစည်း အကျိုးထက်ပိုပြီး ဦးစားပေးတဲ့ နေ့မှာ ဘုံသဘောတူညီ ချက်တစ်ခု ရရှိနိုင်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါ တယ်’’ ဒီချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကပြောသည်။

====================================

END / 251