
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်များ ကို ဖျက်သိမ်းရေး နိုင်ငံတော်သမ္မတ အား အကြံပေးခွင့်အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ပိုမိုအရေးပါလာ စေမည့် ပြင်ဆင်ချက်များ ပါဝင်သော အခြေခံဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်ခိုင်ဖြိုးအမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်၌ တင်သွင်း ခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင် အပါအဝင် ကိုယ်စားလှယ် ၁၄၄ဦးက တင်သွင်းခြင်းဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်ခုနစ်ရပ်ကို အသစ်ဖြည့်စွက်ရန် ဖော်ပြထား သည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ် ရေးကဏ္ဍအချင်းချင်း အပြန်အ လှန်ထိန်းကျောင်းမှုများ ယိုယွင်း လာခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လစ်လပ်ကိုယ်စားလှယ် သုံးပုံ တစ်ပုံနှင့်အထက်ရှိလာခြင်းတို့ ရှိပါက လွှတ်တော်များကို ဖျက် သိမ်းရန် သင့်၊ မသင့် ကောင်စီက နိုင်ငံ တော်သမ္မတကို အကြံပေးရမည် ဟု ဥပဒေကြမ်းတွင် ပါရှိသည်။
ထို့အပြင် ကောင်စီအစည်း အဝေးကို နှစ်လတစ်ကြိမ် ကျင်းပ ရန်နှင့် လိုအပ်ပါက အထူးအစည်း အဝေးခေါ်ယူရန်၊ အနည်းဆုံး ကောင်စီဝင် ငါးဦးက တောင်းဆို လျှင် အစည်းအဝေးကျင်းပရန် စသည့်အချက်များလည်း ထည့်သွင်းထားသည်။
ကောင်စီ အစည်းအဝေးများ တွင် ကောင်စီဝင်အားလုံး၏ ဆန္ဒ သဘောထားကို အလေးထား၍ နိုင်ငံတော်သမ္မတက ဆုံးဖြတ်ပေး ရမည်ဟု ဖော်ပြထားသည်။ ထိုသို့ ပြင်ဆင်ချက်တင်သွင်းခြင်းသည် အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြု ရေးကဏ္ဍ အပြန်အလှန်ထိန်း ကျောင်းရာတွင် သမ္မတစနစ် ပိုမိုပီပြင်စေရန်ဖြစ်ကြောင်း ဥပဒေ ကြမ်းတင်သွင်းသည့် ကျိုးကြောင်းဖော်ပြချက်က ဆိုသည်။
‘‘နိုင်ငံတော်အဆင့် အရေး ကြီးတဲ့ လုပ်ငန်းစဉ်တွေမှာ ကာလုံက မရှိမဖြစ်ဆွေးနွေးဆုံးဖြတ်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒါပေမဲ့ သူ့ရဲ့လုပ်ငန်းတာဝန်ပိုင်း တွေက (အခြေခံဥပဒေတွင်)မဖော်ပြထားဘူး။ ဒီတော့ ခေါ်ချင်လည်းခေါ်၊ မခေါ်ချင်လည်း နေဆိုတဲ့ပုံစံဖြစ်နေတယ်။ ဒါလေးတွေ ကို အသက်ဝင်အောင် ဖြည့်စွက် ပေးလိုက်တာပါ’’ဟု ပြည်ခိုင်ဖြိုး ပါတီိဝင်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေး က 7Day Daily သတင်းစာအား ပြောသည်။
ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် နာယက၏ အသိပေးပြောကြားမှု အရ အထက်ပါ ဥပဒေကြမ်းအပြင် တပ်မတော်သားကိုယ်စားလှယ် များ သီးသန့်တင်သွင်းထားသော အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ခုလည်း ရှိနေသေးသည်။ ယင်းသည် ယခုရက်ပိုင်းအတွင်း တပ်မတော်သား ကိုယ်စားလှယ်များက သီးသန့် တင်သွင်းသော အခြေခံဥပဒေကို ပြင်ဆင်သည့် ဒုတိယမြောက် ဥပဒေကြမ်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းတွင်မူ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ တွင် အစားထိုးရန် ပြင်ဆင်ချက်များ ပါဝင်သည်။ လက်ရှိတွင် တပ် မတော်သားကိုယ်စားလှယ်များ နှင့် ပြည်ခိုင်ဖြိုးအမတ်များ တင်သွင်းထားသည့် အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခု ရှိနေပြီး လွှတ်တော်နှစ်ရပ် ဥပဒေကြမ်းကော်မတီဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လေ့ လာစိစစ်ရမည်ဖြစ်သည်။
ထို့အပြင် ဆက်လက်တင်သွင်းရန် ဥပဒေကြမ်းများလည်း ရှိနေသေးကြောင်း ဦးသောင်းအေးက ဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံလက်မှတ်ရေးထိုးပါက မည်သည့်ကိုယ်စားလှယ်မဆို အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခွင့်ရှိသည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုးအမတ် များသည် ယခင်ကလည်းအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ်ကို တင်သွင်းခဲ့သည်။ သို့သော် ယင်းဥပဒေကြမ်းကို ဒီ ချုပ်အမတ်များ ဦးဆောင်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ဦးကော်မတီတွင် တပေါင်းတည်း ဆွေးနွေးရန် လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့သည်။
ဒီချုပ်အမတ်များ ဦးဆောင်ထားသည့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ဝေဖန်ထား သော တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအမတ်များက သီးခြားဥပဒေကြမ်းများ ဆက်လက်တင်သွင်း နေခြင်းသည် တစ်ဖက်နှင့်တစ် ဖက် နိုင်ငံရေးအရ တုံ့ပြန်အားပြိုင်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။
‘‘NLD ဘက်က လုပ်နေတဲ့ ဥပဒေကြမ်းပြုစုရေးရော၊ ဒီဘက် က ဥပဒေကြမ်းတွေ တင်နေတာတွေရောက မအောင်မြင်မှန်းသိရဲ့ သားနဲ့ နိုင်ငံရေး တိုက်ကွက်လုပ် နေတာပဲ၊ သူတို့ကို ယုံကြည်တဲ့ နိုင်ငံရေးအုပ်စုတွေရဲ့ ထောက်ခံမှုအတွက် လုပ်နေတဲ့ အဓိပ္ပာယ်ပါပဲ’’ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုး သည် အခြေခံဥပဒေကို မပြင်ဆင် လိုသူများအဖြစ် ဝေဖန်ခံရသည့် အခြေအနေမှ လွတ်မြောက်ရန် ယခုကဲ့သို့ ဥပဒေကြမ်းများ ဆက်တိုက် တင်သွင်းနေခြင်းဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူ ဦးသီဟ သွေးက သုံးသပ်သည်။
‘‘NLD ရဲ့ အခြေခံဥပဒေပြင် ဆင်ရေးက နိုင်ငံရေးအားသာချက် ရရှိဖို့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်လာတယ်လို့ ယူဆချက်တစ်ဖက် မှာရှိတဲ့အတွက် အဲဒါကို တန်ပြန်တဲ့အနေနဲ့ NLD က ခင်းကျင်းထားတဲ့ နိုင်ငံရေး အားသာချက်ကို မရဘဲနဲ့ ပြန်ပြီးရှုပ်ထွေးသွား အောင်ပုံဖော်ထားတဲ့ နိုင်ငံရေး တိုက်ကွက်လို့ပဲ မြင်ပါတယ်’’ဟု ၎င်းက ပြောသည်။
====================================
END / 251