၂၂ စက်တင်ဘာ ၂၀၁၉ - ၁၆:၀၃
ညွန့်ပေါင်းအစိုးရပုံစံ မလိုလားကြောင်း ဒီချုပ်အစည်းအဝေးသဘာပတိပြော

၂၀၂၀ရွေးကောက်ပွဲတွင် အားကောင်းသည့်အစိုးရဖွဲ့စည်းနိုင်သော အနိုင်ရမှုသာလိုပြီး ညွန့်ပေါင်း ပုံစံမလိုလားကြောင်း ဒီချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပါတီဝင်များအားတိုက် တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၂၀ရွေးကောက်ပွဲတွင် အားကောင်းသည့်အစိုးရဖွဲ့စည်းနိုင်သော အနိုင်ရမှုသာလိုပြီး ညွန့်ပေါင်း ပုံစံမလိုလားကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပါတီဝင်များအားတိုက်တွန်းသည်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအုတ်မြစ်ခိုင်ခိုင်မာမာချနိုင်ရန် အားကောင်းသည့် အစိုးရတစ်ရပ်အဖြစ် ကာလတစ်ခုအထိ တည်ရှိရန်လိုအပ်ကြောင်း  ပြည်သူလူထုအများစု နားလည်လက်ခံနိုင်အောင် ကြိုးစားကြရမည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

စက်တင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို (ဌာနချုပ်) ရုံးတွင် ပြုလုပ်သော ဒုတိယဗဟိုကော်မတီ၊ တတိယ ပုံမှန်အစည်းအဝေး  သဘာပတိ မန္တလေးတိုင်းဒီချုပ် ဥက္ကဋ္ဌ ဦးတင် ထွဋ်ဦးက အထက်ပါအတိုင်း တိုက်တွန်း   ပြောကြားခြင်းဖြစ် သည်။

‘‘ဒီလိုမဟုတ်ဘဲ ညွန့်ပေါင်း ပုံစံအနေအထားနဲ့သာဖြစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ရဲ့အခြေအနေ ဟာ ရှေ့မတိုးနိုင်၊ နောက်မဆုတ် သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်’’ဟု သဘာပတိက သ တိပေးသည်။

အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ခြောက်လတစ် ကြိမ် ကျင်းပသော ဗဟိုကော်မတီ  အစည်းအဝေးသည် နိုင်ငံလုံး ဆိုင်ရာ ညီလာခံပြီးလျှင် မူဝါဒနှင့်  လမ်းညွှန်ချက်များ ချမှတ်သည့်  အဆင့်အမြင့်ဆုံး အစည်းအဝေး ဖြစ်သည်။ အစည်းအဝေးကို ယနေ့ (စက်တင်ဘာ ၂၂ ရက်) အထိနှစ်ရက်ကြာ ကျင်းပမည်ဖြစ် သည်။

၂၀၂၀ ရွေးကောက်ပွဲ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာစေရန် အရေးကြီး

၂၀၂၀ ရွေးကောက်ပွဲသည်  ဒီမိုကရေစီအုတ်မြစ် ခိုင်ခိုင်မာမာ ဖြစ်ထွန်းစေမည့်အပြင် တိုင်းပြည် အနာဂတ်အတွက် သက်ရောက်မှု ကြီးမားသည့် ရွေးကောက်ပွဲဖြစ် မည်ဟု သဘာပတိ ဦးတင်ထွဋ်ဦး က ပြောသည်။

ထို့ကြောင့် အဖွဲ့ချုပ်၏ ရပ် တည်ချက်၊ လုပ်ဆောင်ချက်များ နှင့်ပတ်သက်၍ မမှန်မကန် ၀ါဒ ဖြန့်ထိုးနှက်မှုများအပေါ် ပြည်သူ များ မှန်ကန်စွာ နားလည်သဘော ပေါက်စေရေး လိပ်ပြာလုံလုံရဲရဲ ၀ံ့ဝံ့ဖြင့် ရှင်းလင်းဆွေးနွေးကြရန် ၎င်းက ပါတီဝင်များအား တိုက် တွန်းသည်။

ထို့အပြင် ပြီးခဲ့သည့်ကြား ဖြတ်ရွေးကောက်ပွဲ ရလဒ်များနှင့်  အတွေ့အကြုံများအပေါ် အခြေခံ သုံးသပ်ချက်များအရ တစ်အိမ် တက်၊ တစ်အိမ်ဆင်း (Door To Door) စနစ်သည် ရွေးကောက်ပွဲ အောင်နိုင်ရန် စည်းရုံးရေးနည်း  ဗျူဟာ ဖြစ်လိမ့်မည်ဟု ယုံကြည် ကြောင်း သဘာပတိက မှတ်ချက် ပြုသည်။

ထို့အတူ ၂၀၂၀ နှစ်ဆန်း ပိုင်းကစ၍ စည်းရုံးရေးအသုံးစရိတ် ရန်ပုံငွေများကိုလည်း ထောက်ပံ့ ပေးမည်ဟု ၎င်းကဆိုသည်။

စိန်ခေါ်မှုများကို ပြည်သူအားဖြင့် ကျော်ဖြတ်မည်

အဖွဲ့ချုပ်စတင် တည်ထောင် စဉ်ကပင် ဒီမိုကရေစီနိုင်ငံအောင် မြင်စွာ ထူထောင်နိုင်ရေး တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ ပူးပေါင်း ဆောင်ရွက်လိုကြောင်း အစဉ်တ စိုက်တောင်းဆိုခဲ့ပြီး ယင်းအချက် များ အကောင်အထည်ဖော်ရန် ကြိုးပမ်းအားထုတ်သည့်အခါ အတိုက်အခံအဖြစ်သို့ ရောက်ခဲ့ ရကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပြော သည်။

အာဏာရှင်ဟူသည် အာ ဏာကို မက်မော၍ ဖက်တွယ် လေလေ ဒီမိုကရေစီကိုကြောက် လေလေဖြစ်ပြီး လူထုမှာလည်း ဒီမိုကရေစီနှင့် ဝေးလေလေဖြစ် သည်ဟု ၎င်းကဆိုသည်။

မတတ်သာတော့သည့် အ ခြေအနေသို့ ဆိုက်ရောက်၍လိုက် လျောရမည်ဆိုပါက ဟန်ဆောင် ပုံမှားရိုက် အတုအယောင်ကိုသာ ပေး၍ အာဏာလက်မလွှတ်ရန်  စီမံဖန်တီးခဲ့ကြကြောင်း ဦးတင် ထွဋ်ဦးက ဆက်လက်ပြောသည်။

ထို့ကြောင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် မည်သည့် အခက်အခဲများ ကြုံတွေ့သည် ဖြစ်စေ၊ ပြည်သူအများ၏ စု ပေါင်းအင်အားဖြင့် ကျော်ဖြတ်ပြီး ပန်းတိုင်ရောက်သည်အထိ ချီ တက်မည်ဟု ပိုင်းဖြတ်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဒီမိုကရေစီကို ယုံကြည် လက်ခံကျင့်သုံးတဲ့ ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုကို အလေး ထားပါတယ်။ ပြည်သူ့အားကို ကိုးစားပါတယ်’’ဟု ဦးတင်ထွဋ်ဦး က ပြောသည်။

စီးပွားရေးအပေါ် သုံးသပ်ချက်

အာဏာရှိသူများနှင့် စီးပွား ရေးသမားများ ပူးပေါင်းကာ တိုင်း ပြည်၏ ရေရှည်အကျိုးစီးပွား ထက် မိမိတို့၏အကျိုးစီးပွားကို ရှေးရှုခဲ့ပြီး စည်းပျက်၊ ဘောင် ကျော် ထင်သလိုလုပ်ခဲ့ကြသည် များကို သင်ခန်းစာယူရမည်ဟု အာဏာရ ပါတီက သုံးသပ်သည်။

ယခုတွင် စည်းကမ်း၊ မူဝါဒ များနှင့်အညီ စနစ်တကျ လုပ် ဆောင်သည့်အခါ စီးပွားရေးကျ ဆင်းနေကြောင်း၊ စီးပွားရေးကျပ် တည်းနေကြောင်း မျက်စိမှိတ်၍ ငိုညည်းပြနေခြင်းများသည် ပြည် သူများကို မျက်စိလည်သွားစေရန်  ရည်ရွယ်သည့် ယုံတမ်းစကားများ သာဖြစ်သည်ဟု မှတ်ယူကြောင်း ဒီချုပ် ဗဟိုကော်မတီအစည်းအ ဝေး သဘာပတိ ဦးတင်ထွဋ်ဦးက ဆိုသည်။

‘‘ပြည်သူတွေ မျက်စိမလည် ပါ။ ကောင်းစွာနားလည်ပါတယ်။  ယုံတမ်းစကားတွေဟာ ပြည်သူ တွေအဖို့ ရယ်စရာကောင်းမှာဖြစ် ပေမယ့်   မိမိတို့အတွက်ကတော့  နိုင်ငံရေးသတိနဲ့ ဆင်ခြင်ဖွယ်၊ သင်ခန်းစာယူဖွယ် ဖြစ်တယ်လို့ မှတ်ယူရပါလိမ့်မယ်’’ ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး

လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင် ခြင်းကို လက်တွေ့ကျကျ၊ ဓမ္မဓိ ဋ္ဌာန်ကျကျ စဉ်းစားဆုံးဖြတ်ပြင် ဆင်နိုင်ရန် ကြိုးပမ်းမည်ဟု အာ ဏာရဒီချုပ်ပါတီက ကတိပြုပြော သည်။

ထို့အပြင် တိုင်းပြည်၏ အ နာဂတ်အကျိုး၊ ဒီမိုကရေစီနိုင်ငံ တစ်ခုအတွက် မဖြစ်မနေပြင်ဆင် ရန် လိုအပ်သဖြင့် လုပ်ဆောင်ရ ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အကျိုးစီးပွား၊ လူ တစ်ဦး၏ အကျိုးစီးပွားအတွက် ပြင်ဆင်လိုခြင်းမဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ရှင်းပြသည်။

ဦးဝင်းထိန် အစည်းအဝေးမတက်

စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ဗဟိုကော်မတီအ စည်းအဝေးသို့ ဒီချုပ်ဗဟိုနာယက ဦးတင်ဦးအပါအ၀င် ဗဟိုကော်မ တီဝင်များ၊ တိုင်းနှင့်ပြည်နယ်အ သီးအသီးမှ ၀န်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ သို့သော် ဒီချုပ်သဘာပတိအဖွဲ့ဝင် ဦးဝင်း ထိန်      အစည်းအဝေး  တက် ရောက်ခြင်းမရှိပေ။ အစည်းအ ဝေးသို့ အဆင့်ဆင့်သော ပါတီအ လုပ်အမှုဆောင်အဖွဲ့များ၊ လုပ် ငန်းအဖွဲ့များနှင့် ကော်မတီအသီး သီးတို့မှ နိုင်ငံရေးအစီရင်ခံစာ များ တင်သွင်းခဲ့သည်။

====================================

END / 251