၂၄ စက်တင်ဘာ ၂၀၁၉ - ၀၂:၀၉
တိုင်ကြားစာဖြေရှင်းနိုင်ရန် ကရင်ပြည်နယ် JMC အတွင်းရေးမှူးများတွေ့ဆုံ

အငြင်းပွားမှုနှင့် တိုင် ကြားစာများ ဖြေရှင်းနိုင်ရေး ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော် မတီ (JMC-S (ကရင်)) အတွင်းရေးမှူးများတွေ့ဆုံဆွေးနွေးခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အငြင်းပွားမှုနှင့် တိုင် ကြားစာများ ဖြေရှင်းနိုင်ရေး ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ  ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S (ကရင်)) အတွင်းရေးမှူးများတွေ့ဆုံဆွေးနွေးခဲ့သည်။

 JMC-S (ကရင်) သို့ ရောက်ရှိလာသော အငြင်းပွား မှုနှင့် တိုင်ကြားစာများနှင့် ပတ် သက်၍ အတွင်းရေးမှူး (၁) ပဒို စောရွှေမောင်း၊ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး သန်းထွန်း အောင်တို့က စက်တင်ဘာ ၂၀ ရက်တွင်ဘားအံမြို့၌ တွေ့ဆုံစိစစ်သုံးသပ်ဆွေးနွေးခဲ့ကြောင်း JMC ကသတင်းထုတ်ပြန်သည်။ အတွင်းရေးမှူးအဖွဲ့များ တွေ့ဆုံပွဲ၌ ကရင်ပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ ကြောင်း လည်းထုတ်ပြန်သည်။

‘‘အတွင်းရေးမှူးတွေကတိုင် ကြားစာတွေ ၊ အငြင်းပွားမှုတွေကို  မှတ်ချက်ပြုပြီးတော့ သက်ဆိုင်ရာ ကို ပြန်အကြောင်းကြားပေးမှာ ပေါ့နော်။ အားလုံးပါဝင်တဲ့ အ စည်းအဝေးတော့မဟုတ်ပေမယ့်  လုပ်ငန်းစဉ်တွေရှေ့ဆက်ဖို့ ဆွေး နွေးမှုတွေပြန်လုပ်နေတာပါ။ ရှေ့ ဆက်ပြီးတော့လည်း လုပ်ဖို့ရှိပါတယ်’’ ဟု JMC-S အရပ်သားကိုယ်စားလှယ် စောဘိုးနီကရှင်းပြခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ် ဒေသခံများထံမှ မြေယာအရေး၊  လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ် ရှားမှုများနှင့် သက်ဆိုင်သည့် တိုင်ကြားစာအများစုကို လက်ခံရ ရှိထားကြောင်း စောဘိုးနီကပြော သည်။ ၂၀၁၇ နှင့် ၂၀၁၈ တွင် ကရင်ပြည်နယ် JMC သို့ အရပ် သားပြည်သူများက တိုင်ကြားစာ ၂၄၀ ကျော်ပေးပို့ပြီး ၂၂၉ စောင်ဖြေရှင်းပေးခဲ့ကြောင်း JMC အချက်အလက်များအရ သိရသည်။

တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြားတိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာဖြစ်ပေါ် လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး ပြည်ထောင်စု အ ဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်နှင့် ဒေသအဆင့် JMC  များကို နှစ်ဖက်ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင်  ရှမ်းလက်နက် ကိုင်အဖွဲ့ (RCSS)နှင့် ကရင် လက်နက်ကိုင်အဖွဲ့ (KNU) တို့ က JMC တွင်ပါဝင်မှု ယာယီရပ် ဆိုင်းထား၍ JMC ဆိုင်ရာ တရား ၀င်အစည်းအဝေးများကို ကျင်းပ နိုင်ခြင်းမရှိသည်မှာ ၁၀ လကျော် ရှိပြီဖြစ်သည်။

====================================

END / 251