၂၅ စက်တင်ဘာ ၂၀၁၉ - ၀၂:၅၇
တီဘီရောဂါဖြစ်ပွားနှုန်းလျော့ကျရန် ရောဂါရှာဖွေကုသရေး ပိုမိုဆောင်ရွက်မည်

ကမ္ဘာပေါ်ရှိ တီဘီရောဂါအဖြစ် များဆုံးနိုင်ငံ ၃၀ တွင် မြန် မာနိုင်ငံ ပါဝင်နေပြီး ရောဂါရှာဖွေကုသ ရေးလုပ်ငန်းစဉ်များ ပိုမိုဆောင် ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကမ္ဘာပေါ်ရှိ တီဘီရောဂါအဖြစ် များဆုံးနိုင်ငံ  ၃၀ တွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ရောဂါရှာဖွေကုသ ရေးလုပ်ငန်းစဉ်များ ပိုမိုဆောင် ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးစစ်တမ်း ကောက်ယူတွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွား မှုသည် ပြီးခဲ့သည့် ၁၀ နှစ်ခန့်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းသော်လည်း ပြည်သူ့ကျန်း မာရေးပြဿနာတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်ကြောင်း  မြန်မာနိုင်ငံ တီဘီရောဂါတိုက်ဖျက်ရေးစီမံ ကိန်းလုပ်ငန်းများ ပူးပေါင်းကွင်း ဆင်းဆန်းစစ်မှု အစီရင်ခံခြင်း အစည်းအဝေးတွင် ဝန်ကြီးက ပြောကြားသည်။

‘‘ရောဂါဖြစ်ပွားသူ ရှာဖွေ ဖော်ထုတ်ခြင်းနဲ့ ကုသမှုပေးခြင်း လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားကြရ မယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် တီဘီလူနာသစ်   တစ်သိန်း ကိုးသောင်းခန့် ဖြစ်ပွားမည်ဟု    ခန့်မှန်းထားပြီး ယင်းတို့အနက်တစ်သိန်းလေးသောင်းခန့်ကို ရောဂါရှာဖွေကုသပေးနိုင်သဖြင့် ပြည်သူလူထုအတွင်း တီဘီလူနာသစ် ငါးသောင်းခန့် ကျန်ရှိနေကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တီဘီလူနာကွင်းဆင်း ရှာဖွေကုသခြင်း လုပ်ငန်းစီမံချက် များ ရေးဆွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်များအ နက် အဆိုပါ တီဘီ၊ ဆေးယဉ်ပါး တီဘီ၊ တီဘီ-အိတ်ခ်ျအိုင်ဗီပူးတွဲ ဖြစ်ပွားမှုအများဆုံးသည် ရန်ကုန် တိုင်းဖြစ်ပြီး တစ်နိုင်ငံလုံးဖြစ်ပွား မှု၏ ငါးပုံတစ်ပုံရှိသည်။

 တီဘီရောဂါဖြစ်ပွားမှုအ ကြောင်းရင်းများ၌ ပြည်သူများ၏ လူမှု-စီးပွားရေးအခြေအနေနှင့် ကျန်းမာရေး အသိပညာသည် အဓိက အကြောင်းအချက်များ အဖြစ် ပါဝင်နေပြီး ယင်းရောဂါဖြစ် ပွားမှု ပိုမိုလျော့နည်းစေရန် ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၏အခန်း ကဏ္ဍသည် အရေးကြီးသော ကြောင့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ရေးဆွဲရာ၌ အဆိုပါ အဓိကအချက်များကို ထည့်သွင်း စဉ်းစားရမည်ဟု ဝန်ကြီးက ဆို သည်။

တီဘီရောဂါဖြစ်ပွားမှု ရှိ၊ မရှိကျန်းမာရေးဌာနတွင် လာရောက် စစ်ဆေးမှုခံယူခြင်း၊ ရောဂါဖြစ် ပွားမှုရှိပါက စောစီးစွာ ကုသမှုခံ ယူခြင်း၊ အာနိသင်ထိရောက် ဆေးကုသမှုကို သတ်မှတ်အချိန်  ကာလ အပြည့်အဝ ခံယူခြင်း စသည်တို့နှင့် ပတ်သက်သော အခြေခံအကြောင်းအရာ၊ သဘောတရားကို ဖော်ထုတ်သိရှိနိုင်ရန် အပြုအမူ၊ အရည်အသွေးနှင့် ခံယူချက်ပိုင်းဆိုင်ရာ သုတေသန (Qualitative Research) များလည်း ပြုလုပ်ရမည်ဟု ဆိုသည်။

ထို့အပြင် ရွှေ့ပြောင်းသွား လာနေထိုင်သူများ၊ အကျဉ်းကျခံရသူများ၊ စက်ရုံ၊ အလုပ်ရုံတွင် အလုပ်လုပ်သူများ၊ ခုခံအားကျရောဂါ ဖြစ်ပွားသူများအကြား တီဘီရောဂါ ကူးစက်ပြန့်ပွားမှု ဆိုင်ရာ အချက်အလက်များလည်း လုပ်ငန်းဆောင်ရွက်မှုများအ တွက် အထောက်အကူပြုနိုင်ပြီး အဆိုပါလူအုပ်စုများကို အလေးပေးစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။

၂၀၁၈ Global TB Report အရ မြန်မာနိုင်ငံတွင် ၂၀၁၇ က လူတစ်သိန်းလျှင် တီဘီရောဂါ ဖြစ်ပွားနှုန်း ၃၅၈ ဦးရှိကာ သေ ဆုံးသူ ၅၁ ဦးနှုန်းရှိသည်။

ကမ္ဘာပေါ်တွင် ၂၀၁၇ က တီဘီလူနာ ၁၀ သန်းခန့်ဖြစ်ပွား ပြီး ၁ ဒသမ ၃ သန်းခန့် သေဆုံး ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

====================================

END / 251