၁၂ အောက်တိုဘာ ၂၀၁၉ - ၁၇:၁၉
တပ်ေမတာၾသားကိုယ်စားလြယ်အၿခိဳ႕၏ လူထုကျွငးဆျငးတွေ့ဆုံမှု အငြ်ငးပြားဖြယ်ဖႇဈေနဟု လြြေတၾတာ်အမတ်အၿခိဳ႕ေပြာ

ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်ရှိနေသည့် မဲ ဆန္ဒ နယ်အချို့တွင် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် များက သက်ဆိုင်ရာ လွှတ်တော်ကိုယ် စား လှယ်ကို အသိ ပေးခြင်းမရှိဘဲ လူထုနှင့် ကွင်းဆင်း တွေ့ဆုံနေ ခြင်းသည် အငြင်းပွားဖွယ်ဖြစ်နေ ကြောင်း လွှတ်တော်ကိုယ်စား လှယ် အချို့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကိုယ်စားပြုလွှတ်တော်  ကိုယ်စားလှယ်ရှိနေသည့် မဲဆန္ဒ နယ်အချို့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက  သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်ကို အသိပေးခြင်းမရှိဘဲ  လူထုနှင့် ကွင်းဆင်းတွေ့ဆုံနေ ခြင်းသည် အငြင်းပွားဖွယ်ဖြစ်နေ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့်  လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး က လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ ကြောင်း နေပြည်တော် ဒက္ခိဏ ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးမင်းသူက ပြော ကြားသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ထိုသို့ကွင်း ဆင်းတွေ့ဆုံခြင်းနှင့် ပတ်သက်၍ သက် ဆိုင်ရာ မဲဆန္ဒနယ်ကိုယ်စား လှယ်ထံ အသိပေးအကြောင်း ကြားခြင်းမရှိကြောင်း ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးရည်မွန်(ခ) ဦးတင်သစ် ကပြောသည်။

‘‘ဥပဒေဆိုင်ရာ ကိစ္စတော့ ဖြစ်နေတယ်။ လောလောဆယ် တော့ စောင့်ကြည့်တဲ့ အဆင့်ပါ ပဲ’’ ဟု ၎င်းကပြောသည်။

အထက်ပါ လူထုတွေ့ဆုံပွဲ များတွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် ဒေသလိုအပ်ချက်များ မေးမြန်း ဆွေးနွေးကာ လွှတ်တော်၌ ပြန် လည်တင်ပြပေးရန် ရှင်းလင်းမှု များရှိသည်ဟု ဆိုသည်။

ငါန်းဇွန်မြို့နယ်နှင့် ပြင်ဦး လွင်မြို့နယ်တွင်လည်း တပ်မ တော် သားကိုယ်စားလှယ်များက အထက်ပါအတိုင်း လူထုနှင့်တွေ့ ဆုံကြောင်း သတင်းရရှိထားသည် ဟု ပြည်သူ့လွှတ်တော် လွှတ် တော်အခွင့်အရေးကော်မတီ အ တွင်းရေးမှူး ဒေါက်တာလှမိုးက  ပြောသည်။

‘‘မဲဆန္ဒရှင်ကို ရှင်းမယ်ဆို ရင်တော့ သူ့ရဲ့သက်ဆိုင်ရာမဲဆန္ဒ နယ်မှာ ကိုယ်စားလှယ်ရှိပြီးသား ပဲ။ ကိုယ်စားလှယ်ရဲ့ တာဝန်ပဲ။ ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ ကိုယ်ပဲရှင်း ရမှာပေါ့။ မဆိုင်တာဝင်ရှင်းတာ  ဒါတော့ မလုပ်အပ်ဘူးပေါ့’’ ဟု ၎င်းကပြောသည်။

 ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးအောင်ကြည် ညွန့်က ထိုသို့တွေ့ဆုံမှုများ အမှန် တကယ်ရှိသည်ဆိုပါက လွှတ် တော်အတွင်း မေးခွန်းမေးမြန်းမှု များ ရှိလာနိုင်သည်ဟုသာ မှတ် ချက်ပြုသည်။

ပထမအကြိမ် လွှတ်တော်  သက်တမ်းအတွင်းကလည်း ရှမ်း ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့၌တပ် မတော်သားလွှတ်တော် ကိုယ်စား လှယ်များက လူထုတွေ့ဆုံပွဲပြု လုပ်မှုရှိခဲ့ကြောင်း  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းသီဟ ကျော်က ပြောသည်။

‘‘ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပြည်သူရဲ့လိုအပ်ချက် တွေ၊ အခွင့်အရေးတွေရရှိအောင် ဆောင်ရွက်ပေးဖို့ တာဝန်တော့ရှိ တာပေါ့။ ဒါပေမဲ့ တပ်မတော်သား  ကိုယ်စားလှယ်တွေက မဲဆန္ဒနယ် မြေမရှိကြဘူး။ သူတို့ကွင်းဆင်း မယ်ဆိုရင် သက်ဆိုင်ရာနယ်မြေ က ကိုယ်စားလှယ်နဲ့ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်သင့်တယ်လို့ပဲယူ ဆပါတယ်’’ ဟု ၎င်းကမှတ်ချက်ပြု သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် ရွေး ကောက်ခံမဟုတ်၍ ကိုယ်စားပြု  မဲဆန္ဒနယ်မရှိသော်လည်း လွှတ် တော်ကိုယ်စားလှယ် တစ်ဦးအနေ ဖြင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို လွှတ်တော်၌ တင်ပြခွင့် မေးခွန်းထုတ်ခွင့်မရှိဟု လည်း တားမြစ်ထားခြင်းမရှိ  ကြောင်း သီပေါအမတ်ဟောင်း ဦးရဲထွန်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ ‘‘သူတို့က လူထု ဆန္ဒကို နာခံမှာလား၊ တပ်ချုပ်အ မိန့်နာခံမှာလား၊ အဲဒီမေးခွန်းနှစ်ခု ပဲလေ။ ကိုယ့်ဟာကိုယ် ပြန်မေး ပေါ့။ လူထုတောင်းဆိုတာကိုလုပ် ပေးနိုင်မလား၊ တပ်ချုပ် အမိန့်ပဲ နာခံမလား၊ ကိုယ့်ဘာသာပြန်မေး ပြီးတော့မှ တွေ့ဖို့ကောင်းတာ ပေါ့’’ ဟု ပြောသည်။

တပ်မတော်သား ကိုယ်စား လှယ်များ၏ လူထုတွေ့ဆုံပွဲကိစ္စ ရပ်နှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြမှုမရှိသေး၍ မရှိသေး ကြောင်းနှင့် လတ်တလောတွင် မှတ်ချက်မပေးလိုကြောင်း ကော် မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့် နိုင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ် မေးမြန်းရာ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့ တာဝန်ရှိသူများကိုသာ မေးမြန်း ရန်ပြောသည်။ ထို့ကြောင့် တပ်မ တော်သားကိုယ်စားလှယ် အစုအ ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်မောင်မောင်ထံ ယမန်နေ့က ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရရှိပေ။

====================================

END / 251