၁၈ အောက်တိုဘာ ၂၀၁၉ - ၁၄:၁၅
ျမန္မာ-နီေပါယဥ္ေက်းမႈႏွင့္ ခရီးသြားက႑ ျမႇင့္တင္ေရး ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈ စာခြၽန္လႊာ ႏွစ္ခု လက္မွတ္ေရးထိုးZawgyi

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္တို႔သည္ နီေပါသမၼတမစၥစ္ဘီဒီ ယာ ေဒဗီဘန္ဒါရီကို ယမန္ေန႔ တြင္ သမၼတအိမ္ေတာ္၌ သီးျခား စီ လက္ခံေတြ႕ဆုံခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္က နီေပါသမၼတ မစၥစ္ဘီဒီယာေဒဗီဘန္ဒါရီကို သမၼတအိမ္ေတာ္ မ်က္ႏွာစာရွိ ျမက္ခင္းျပင္တြင္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ယမန္ေန႔က ႀကိဳဆိုေနစဥ္

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္တို႔သည္ နီေပါသမၼတမစၥစ္ဘီဒီ ယာ ေဒဗီဘန္ဒါရီကို ယမန္ေန႔ တြင္ သမၼတ အိမ္ေတာ္၌ သီးျခားစီ လက္ခံေတြ႕ဆုံခဲ့သည္။

ျမန္မာႏိုင္ငံသို႔ ငါးရက္ၾကာ ခရီးေရာက္ရွိေနေသာ နီေပါ သမၼတကို ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုၿပီး ေခါင္းေဆာင္မ်ား ေရွ႕ေမွာက္တြင္ ယဥ္ေက်းမႈ က႑ႏွင့္ ခရီးသြားက႑ ျမႇင့္တင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာ ႏွစ္ခုကို လက္မွတ္ေရး ထိုးခဲ့သည္။

ျမန္မာ-နီေပါ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ား၏ ေတြ႕ဆုံမႈႏွင့္ပတ္သက္၍ ‘‘ဒီခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအရွည္သျဖင့္ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္မယ့္ ကိစၥေတြ ကို အဓိကထား ေဆြးေႏြးခဲ့ပါတယ္’’ဟု  ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ခ်ဳပ္ ဦးေအာင္ကိုက ေျပာသည္။

၂၀၂၀ ျပည့္ႏွစ္သည္ ျမန္မာ-နီေပါႏွစ္ႏိုင္ငံ သံတမန္တည္ေထာင္သည့္ ႏွစ္ (၆၀) ျပည့္အခါသမယျဖစ္ၿပီး ယင္းႏွစ္ကို နီေပါအစိုးရက ခရီးသြားႏွစ္ (Visit Nepal 2020) အျဖစ္ ခ်မွတ္ထားေၾကာင္း ၎ကရွင္းျပသည္။

‘‘ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အစိုးရအေနနဲ႔လည္း နီေပါရဲ႕ခရီးသြားႏွစ္ ေအာင္ျမင္ေရးအတြက္ ကူညီ ေပးအပ္သြားမယ္လို႔ လည္း အႀကီးအကဲေတြကလည္း သေဘာတူထားတဲ့ အတြက္ေၾကာင့္မို႔ ဒီနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္းအားျဖင့္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ျမႇင့္တင္ႏိုင္မွာ ျဖစ္ပါတယ္’’ဟုဦးေအာင္ကိုက ဆိုသည္။

ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ား ေတြ႕ဆုံစဥ္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ေရး၊ Commu -nication Sector ထူေထာင္ေရး၊ ႏွစ္ႏိုင္ငံ သတင္း အခ်က္အ လက္မ်ား ဖလွယ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ ထည့္သြင္းေဆြးေႏြး သည္ဟု အတိုင္ပင္ခံ႐ုံးက ထုတ္ျပန္သည္။

ယင္းေနာက္ ႏွစ္ႏိုင္ငံ သတင္းအခ်က္အလက္မ်ား ဖလွယ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္၊ ၂၀၂၀ တြင္ နီေပါႏိုင္ငံ၌ က်င္းပ မည့္ အျပည္ျပည္ဆိုင္ရာ ရာသီဥတုေျပာင္းလဲမႈ ညီလာခံသို႔ ျမန္မာႏိုင္ငံမွ အဆင့္ျမင့္ ကိုယ္စားလွယ္ မ်ား ပါဝင္တက္ေရာက္ေရး ေဆြး ေႏြးခဲ့သည္ဟု ဆိုသည္။

ထို႔အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ နီေပါသမၼတႏွင့္ နီေပါ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ မစၥစ္ဘီဒီယာေဒဗီဘန္ဒါရီကို ေနျပည္ေတာ္ရွိ M Gallery ဟိုတယ္၌ လက္ခံေတြ႕ဆုံခဲ့သည္။

တစ္နာရီခန႔္ ၾကာသည့္ အဆိုပါ ေတြ႕ဆုံမႈတြင္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရး ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ရန္ ကိစၥရပ္မ်ား ထည့္သြင္းေဆြးေႏြး ခဲ့သည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

နီေပါသမၼတသည္ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း ျပင္ဦးလြင္သို႔သြားေရာက္ကာ နီေပါႏြယ္ဖြားျမန္ မာ ႏိုင္ငံသားမ်ားႏွင့္ ေတြ႕ဆုံမည္ျဖစ္ၿပီး ပုဂံယဥ္ေက်းမႈ ေဒသသို႔လည္း သြားေရာက္မည္ ျဖစ္ သည္။

ယင္းေနာက္ နီေပါသမၼတသည္ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ကာ သမိုင္းဝင္ေနရာမ်ားႏွင့္ ယဥ္ေက်းမႈအရအေရးပါသည့္ ေနရာမ်ားကို ေလ့လာမည္ ျဖစ္ သည္။

Unicode

မြန်မာ-နီပေါယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ နှစ်ခု လက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နီပေါသမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီကို သမ္မတအိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ယမန်နေ့က ကြိုဆိုနေစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်တို့သည် နီပေါသမ္မတမစ္စစ်ဘီဒီ ယာ ဒေဗီဘန်ဒါရီကို ယမန်နေ့ တွင် သမ္မတအိမ်တော်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသို့ ငါးရက်ကြာ ခရီးရောက်ရှိနေသော နီပေါ သမ္မတကို နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး ခေါင်းဆောင်များ ရှေ့မှောက်တွင် ယဉ်ကျေးမှုကဏ္ဍနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ နှစ်ခုကို လက်မှတ်ရေး ထိုးခဲ့သည်။

မြန်မာ-နီပေါ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ ‘‘ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအရှည်သဖြင့် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ့် ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်’’ဟု  နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအောင်ကိုက ပြောသည်။

၂၀၂၀ ပြည့်နှစ်သည် မြန်မာ-နီပေါနှစ်နိုင်ငံ သံတမန်တည်ထောင်သည့် နှစ် (၆၀) ပြည့်အခါသမယဖြစ်ပြီး ယင်းနှစ်ကို နီပေါအစိုးရက ခရီးသွားနှစ် (Visit Nepal 2020) အဖြစ် ချမှတ်ထားကြောင်း ၎င်းကရှင်းပြသည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း နီပေါရဲ့ခရီးသွားနှစ် အောင်မြင်ရေးအတွက် ကူညီ ပေးအပ်သွားမယ်လို့ လည်း အကြီးအကဲတွေကလည်း သဘောတူ ထားတဲ့ အတွက်ကြောင့်မို့ ဒီနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးအောင်ကိုက ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ် နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ Commu -nication Sector ထူထောင်ရေး၊ နှစ်နိုင်ငံ သတင်းအချက်အ လက်များ ဖလှယ်နိုင်ရေး ပူးပေါင်းဆောင်ရွက် ထည့်သွင်းဆွေးနွေး သည်ဟု အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

ယင်းနောက် နှစ်နိုင်ငံ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၀ တွင် နီပေါနိုင်ငံ၌ ကျင်းပ မည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ညီလာခံသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ရေး ဆွေး နွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါသမ္မတနှင့် နီပေါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မစ္စစ်ဘီဒီယာဒေ ဗီဘန်ဒါရီကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

တစ်နာရီခန့် ကြာသည့် အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကိစ္စရပ်များ ထည့် သွင်းဆွေးနွေးခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နီပေါသမ္မတသည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြင်ဦးလွင်သို့သွားရောက်ကာ နီပေါနွယ်ဖွားမြန် မာ နိုင်ငံသားများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ပုဂံယဉ်ကျေးမှု ဒေသသို့လည်း သွားရောက်မည် ဖြစ် သည်။

ယင်းနောက် နီပေါသမ္မတသည် ရန်ကုန်မြို့သို့ လာရောက်ကာ သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှုအရအရေးပါသည့် နေရာများကို လေ့လာမည် ဖြစ် သည်။

====================================

END / 251