
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ျမန္မာနဲ႔ နီေပါႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံ ကိစၥရပ္ေတြမွာသာမက ကုလသမဂၢနဲ႔ ဘင္းမ္စတက္ အပါအဝင္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာမ်က္ႏွာစာတို႔မွာ နီးနီးကပ္ကပ္ ဆက္ပူးေပါင္း သြားမယ္လို႔ ႏွစ္ႏိုင္ငံ ပူးတြဲေၾကညာပါတယ္။
သမၼတ ဦးဝင္းျမင့္ ဖိတ္ၾကားတာေၾကာင့္ ျမန္မာႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးေရာက္ေနတဲ့ နီေပါ သမၼတ မစၥစ္ ဘီဒီယာေဒဗီဘန္ဒါရီရဲ႕ ခရီးစဥ္ေနာက္ဆုံးေန႔မွာ ေၾကညာလိုက္ တာျဖစ္ၿပီး နားလည္မႈစာခြၽန္လႊာ ၂ ခုကိုလည္း လက္မွတ္ထိုးခဲ့ၾကပါတယ္။
ႏွစ္ဖက္စလုံးက ဘုံအက်ိဳးစီးပြားနဲ႔သက္ဆိုင္တဲ့ ကိစၥရပ္ေတြမွာ အျမင္တူၾကတာေၾကာင့္ ႏွစ္ႏိုင္ငံ ကိစၥေတြမွာေရာ၊ ကုလသမဂၢနဲ႔ ဘင္းမ္စတက္ (The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) အပါအဝင္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ မ်က္ႏွာစာတို႔မွာ နီးနီးကပ္ကပ္ ဆက္ၿပီး ပူးေပါင္းသြားၾကဖို႔ သႏၷိ႒ာန္ခ်ထားတာေတြကို ထပ္ၿပီး အတည္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။
နီေပါႏိုင္ငံ သမၼတရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ဟာ ႏွစ္ေပါင္း ၃၉ ႏွစ္ေက်ာ္ကာလအတြင္း နီေပါႏိုင္ငံ အႀကီးအကဲတေယာက္အေနနဲ႔ ျမန္မာႏိုင္ငံကို ပထမဆုံး လာေရာက္တာျဖစ္ၿပီး ျမန္မာ-နီေပါ ခရီးသြားလာေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာနဲ႔ ျမန္မာ-နီေပါယဥ္ေက်းမႈ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈ စာခြၽန္လႊာတို႔ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။
ေအာက္တိုဘာ ၁၆ ရက္ကေန ၂၀ ရက္အထိလာေရာက္တဲ့ နီေပါႏိုင္ငံသမၼတရဲ႕ ခရီးစဥ္မွာ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ဝင္ေတြလည္း ပါလာၿပီး နီေပါသမၼတဟာ ျမန္မာသမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။
၂၀၂၀ ျပည့္ႏွစ္မွာ ႏွစ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရး တည္ေထာင္တဲ့ ႏွစ္ ၆၀ ျပည့္ေျမာက္မွာ ျဖစ္လို႔ အထိမ္းအမွတ္ အခမ္းအနားေတြကို ႏွစ္ႏိုင္ငံစလုံးမွာ စီစဥ္က်င္းပ သြားဖို႔လည္း သေဘာတူခဲ့ၾက ပါတယ္။
နီေပါႏိုင္ငံသမၼတ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြ႕ဟာ သမိုင္းဝင္နဲ႔ ယဥ္ေက်းမႈဆိုင္ရာ အထင္ကရ ေနရာေတြကို သြားေရာက္လည္ပတ္ေလ့လာခဲ့ၾကၿပီး နီေပါႏြယ္ေတြ နဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။
Unicode
ကုလသမဂ္ဂ၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းသွားမည်ဟု မြန်မာ-နီပေါ ကြေညာ
မြန်မာနဲ့ နီပေါနိုင်ငံတို့ဟာ နှစ်နိုင်ငံ ကိစ္စရပ်တွေမှာသာမက ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပူးပေါင်းသွားမယ်လို့ နှစ်နိုင်ငံ ပူးတွဲကြေညာပါတယ်။
သမ္မတ ဦးဝင်းမြင့် ဖိတ်ကြားတာကြောင့် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နီပေါ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီရဲ့ ခရီးစဉ်နောက်ဆုံးနေ့မှာ ကြေညာလိုက်တာဖြစ်ပြီး နားလည်မှုစာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။
နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အမြင်တူကြတာကြောင့် နှစ်နိုင်ငံ ကိစ္စတွေမှာရော၊ ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် (The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပြီး ပူးပေါင်းသွားကြဖို့ သန္နိဋ္ဌာန်ချထားတာတွေကို ထပ်ပြီး အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
နီပေါနိုင်ငံ သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်ပေါင်း ၃၉ နှစ်ကျော်ကာလအတွင်း နီပေါနိုင်ငံ အကြီးအကဲတယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက် တာဖြစ်ပြီး မြန်မာ-နီပေါ ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ မြန်မာ-နီပေါယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည် မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိလာရောက်တဲ့ နီပေါနိုင်ငံသမ္မတရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်း ပါလာပြီး နီပေါသမ္မတဟာ မြန်မာသမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်တဲ့ နှစ် ၆၀ ပြည့်မြောက်မှာ ဖြစ်လို့ အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်နိုင်ငံစလုံး မှာ စီစဉ်ကျင်းပသွားဖို့လည်း သဘောတူခဲ့ကြ ပါတယ်။
နီပေါနိုင်ငံသမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွ့ဟာ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်လေ့လာခဲ့ကြပြီး နီပေါနွယ် တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
====================================
END / 251