၂၀ အောက်တိုဘာ ၂၀၁၉ - ၁၇:၂၈
ႏိုင္ငံတကာ အကူအညီယူေရး NRPC ထံခြင့္ျပဳခ်က္တင္ရန္ အေၾကာင္းၾကားမႈ အပစ္ရပ္ ၁၀ ဖြဲ႕ လက္မခံေၾကာင္း တရားဝင္စာပို႔မည္

ကုလႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားထံမွ အကူအညီ ရ ယူေရးႏွင့္ပတ္သက္ၿပီး အမ်ိဳး သား ျပန္လည္သင့္ျမတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ထံခြင့္ျပဳခ်က္ယူရန္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္၏ အေၾကာင္းၾကားစာ ကို လက္မ ခံေၾကာင္း NCA လက္ မွတ္ထိုး တိုင္းရင္းသားလက္နက္ ကိုင္ ၁၀ ဖြဲ႕က ဆုံးျဖတ္ၿပီး အစိုးရ ထံ တရားဝင္ စာေပးပို႔ မည္ျဖစ္ ေၾကာင္း ရခိုင္ျပည္လြတ္ေျမာက္ ေရးပါတီ (ALP) ဒုဥကၠ႒ခိုင္စိုးႏိုင္ ေအာင္က ေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကုလႏွင့္ ႏိုင္ငံတကာ   အဖြဲ႕အစည္းမ်ားထံမွ အကူအညီ  ရယူေရးႏွင့္ပတ္သက္ၿပီး အမ်ိဳး သား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)  ထံခြင့္ျပဳခ်က္ယူ ရန္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္၏ အေၾကာင္းၾကားစာ ကို လက္မခံေၾကာင္း NCA လက္ မွတ္ထိုး တိုင္းရင္းသားလက္နက္ ကိုင္ ၁၀ ဖြဲ႕က ဆုံးျဖတ္ၿပီး အစိုးရ ထံ တရားဝင္ စာေပးပို႔မည္ျဖစ္ ေၾကာင္း ရခိုင္ျပည္လြတ္ေျမာက္ ေရးပါတီ (ALP) ဒုဥကၠ႒ခိုင္စိုးႏိုင္ ေအာင္က ေျပာသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္က အပစ္ရပ္ ၁၀ ဖြဲ႕ထံ စက္တင္ ဘာက ေပးပို႔ခဲ့သည့္စာတြင္ တိုင္း ရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ား အေနျဖင့္ အကူအညီလိုအပ္မႈမ်ား ႏွင့္ပတ္သက္ ၿပီး ကုလႏွင့္ႏိုင္ငံတ ကာအဖြဲ႕မ်ားကို တိုက္႐ိုက္ဆက္ သြယ္ျခင္းမျပဳဘဲ ရယူလိုသည့္ အကူအညီမ်ားကို NRPC သို႔ ဦးစြာတင္ျပ၍ ခြင့္ျပဳခ်က္ေတာင္း ခံရန္ဟု ေဖာ္ျပထား  သည္။

ေအာက္တိုဘာ ဒုတိယပတ္ က ထိုင္းႏိုင္ငံ ခ်င္းမိုင္၌ က်င္းပခဲ့ သည့္ အပစ္ရပ္ ၁၀ ဖြဲ႕ေခါင္း ေဆာင္မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး တြင္ ထိုကိစၥကို ေဆြးေႏြးရာ ၁၀ ဖြဲ႕စလုံးက လက္ မခံေၾကာင္း ဆုံးျဖတ္ခဲ့သည္ဟု PPST အဖြဲ႕ဝင္ လည္းျဖစ္သူ ခိုင္ စိုးႏိုင္ေအာင္က ေျပာသည္။

 ‘‘အသိေပးတာကေတာ့ ျပႆနာမရွိဘူး။ အခုကခြင့္ျပဳ ခ်က္ရတဲ့အခါမွာ အဲဒါလုပ္ရ မယ္ဆိုတဲ့ပုံစံမ်ိဳး စာမွာပါတယ္ ေလ။ ပါတယ္ဆိုေတာ့ ကြၽန္ေတာ္ တို႔ကလက္မခံဘူး။ ႏိုင္ငံတကာ မွာ အစိုးရနဲ႔အတိုက္အခံနဲ႔ ၿငိမ္း ခ်မ္းေရးလုပ္တဲ့အခါ အဲဒီလိုပုံစံ မရွိဘူး။ အဲဒါေၾကာင့္ ၁၀ ဖြဲ႕စလုံး က လက္မခံဘူး ။ Peace Commission က ေပးတဲ့စာကို လက္မခံဘူးဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ တရားဝင္စာေရးဖို႔ဆိုၿပီး ဆုံးျဖတ္ ခ်က္ခ်တယ္’’ ဟု ခိုင္စိုးႏိုင္ေအာင္ က ေျပာသည္။

      ယင္းကဲ့သို႔ လက္မခံေၾကာင္း ဆုံးျဖတ္မႈကို PPST အဖြဲ႕ေခါင္းေဆာင္က အစိုးရထံ စာေရးသား ေပးပို႔မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ PPST အဖြဲ႕ေခါင္းေဆာင္မွာ ရွမ္းလက္နက္ကိုင္အဖြဲ႕(RCSS) ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ျဖစ္သည္။ အဆိုပါ ေပးပို႔မည့္ကိစၥႏွင့္ ပတ္သက္ၿပီး RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး စိုင္းငင္းထံ ယမန္ေန႔ က ဖုန္းဆက္သြယ္ရာ အဆက္အသြယ္မရေပ။

အစိုးရ ေဆြးေႏြးေရးကိုယ္ စားလွယ္အဖြဲ႕ႏွင့္ RCSS ဒုဥကၠ႒  ဗိုလ္ခ်ဳပ္ေဘာင္ေခး၊ ဗိုလ္မႉးႀကီး စိုင္းငင္းတို႔ပါဝင္သည့္ ကိုယ္စား လွယ္အဖြဲ႕သည္ ေအာက္တိုဘာ  ၁၈ ရက္က ထိုင္းႏိုင္ငံခ်င္းမိုင္၌ အလြတ္သေဘာ ေဆြးေႏြးခဲ့ သည္။ အဆိုပါခရီးစဥ္တြင္ စာ ေပးအပ္မႈရွိ၊ မရွိႏွင့္ပတ္သက္ၿပီး  ေမးျမန္းရန္ အစိုးရကိုယ္စားလွယ္ အခ်ိဳ႕ထံသို႔ ဆက္သြယ္ရာ အ ဆက္အသြယ္မရေပ။

ေအာက္တိုဘာ ၈ ရက္တြင္ ALP ကိုယ္စားလွယ္ႏွင့္ ရန္ကုန္၌  ေတြ႕ဆုံစဥ္ စာေပးပို႔ခဲ့ျခင္းမွာ NCA လက္မွတ္ထိုးအဖြဲ႕မ်ား၏ အကူအညီရရွိမႈကို ဟန႔္တားလို ၍မဟုတ္ေၾကာင္း၊ အစိုးရတစ္ ရပ္အေနျဖင့္ သိသင့္သိထိုက္ သည့္ ကိစၥျဖစ္၍သိႏိုင္ရန္သာျဖစ္ ေၾကာင္း အစိုးရကိုယ္စားလွယ္ အဖြဲ႕ဘက္က ရွင္းျပခဲ့သည္ဟု ALP ကိုယ္စား လွယ္ အဖြဲ႕ေခါင္း ေဆာင္ ေဒၚေစာျမရာဇာလင္းက ေျပာၾကားထားသည္။

Unicode

နိုင်ငံတကာ အကူအညီယူရေး NRPC ထံခွင့်ပြုချက်တင်ရန် အကြောင်းကြားမှု အပစ်ရပ် ၁၀ ဖွဲ့ လက်မခံကြောင်း တရားဝင်စာပို့မည်

ကုလနှင့် နိုင်ငံတကာ   အဖွဲ့အစည်းများထံမှ အကူအညီ  ရယူရေးနှင့်ပတ်သက်ပြီး အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ထံခွင့်ပြုချက်ယူရန် ငြိမ်းချမ်းရေး ကော်မရှင်၏ အကြောင်းကြားစာ ကို လက်မခံကြောင်း NCA လက် မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့က ဆုံးဖြတ်ပြီး အစိုးရ ထံ တရားဝင်စာပေးပို့မည်ဖြစ် ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ဒုဥက္ကဋ္ဌခိုင်စိုးနိုင် အောင်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်က အပစ်ရပ် ၁၀ ဖွဲ့ထံ စက်တင် ဘာက ပေးပို့ခဲ့သည့်စာတွင် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် အကူအညီလိုအပ်မှုများ နှင့်ပတ်သက်ပြီး ကုလနှင့်နိုင်ငံတ ကာအဖွဲ့များကို တိုက်ရိုက်ဆက် သွယ်ခြင်းမပြုဘဲ ရယူလိုသည့် အကူအညီများကို NRPC သို့ ဦးစွာတင်ပြ၍ ခွင့်ပြုချက်တောင်း ခံရန်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ဒုတိယပတ် က ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပခဲ့ သည့် အပစ်ရပ် ၁၀ ဖွဲ့ခေါင်း ဆောင်များ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ထိုကိစ္စကို ဆွေးနွေးရာ ၁၀ ဖွဲ့စလုံးက လက် မခံကြောင်း ဆုံးဖြတ်ခဲ့သည်ဟု PPST အဖွဲ့ဝင် လည်းဖြစ်သူ ခိုင် စိုးနိုင်အောင်က ပြောသည်။

 ‘‘အသိပေးတာကတော့ ပြဿနာမရှိဘူး။ အခုကခွင့်ပြု ချက်ရတဲ့အခါမှာ အဲဒါလုပ်ရ မယ်ဆိုတဲ့ပုံစံမျိုး စာမှာပါတယ် လေ။ ပါတယ်ဆိုတော့ ကျွန်တော် တို့ကလက် မခံဘူး။ နိုင်ငံတကာ မှာ အစိုးရနဲ့အတိုက်အခံနဲ့ ငြိမ်း ချမ်းရေးလုပ်တဲ့အခါ အဲဒီလိုပုံစံ မရှိဘူး။ အဲဒါကြောင့် ၁၀ ဖွဲ့စလုံး က လက်မခံဘူး ။ Peace Commission က ပေးတဲ့စာကို လက်မ ခံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ တရားဝင်စာရေးဖို့ဆိုပြီး ဆုံးဖြတ် ချက်ချတယ်’’ ဟု ခိုင်စိုးနိုင်အောင် က ပြောသည်။

      ယင်းကဲ့သို့ လက်မခံကြောင်း ဆုံးဖြတ်မှုကို PPST အဖွဲ့ခေါင်းဆောင်က အစိုးရထံ စာရေးသား ပေးပို့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ PPST အဖွဲ့ခေါင်း ဆောင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်ဆစ်ဖြစ်သည်။ အဆိုပါ ပေးပို့မည့်ကိစ္စနှင့် ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီး စိုင်းငင်းထံ ယမန်နေ့က ဖုန်းဆက်သွယ်ရာ အဆက်အသွယ်မရပေ။

အစိုးရ ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့နှင့် RCSS ဒုဥက္ကဋ္ဌ  ဗိုလ်ချုပ်ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်းတို့ပါဝင်သည့် ကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာ  ၁၈ ရက်က ထိုင်းနိုင်ငံချင်းမိုင်၌ အလွတ်သဘော ဆွေးနွေးခဲ့ သည်။ အဆိုပါခရီးစဉ်တွင် စာ ပေးအပ်မှုရှိ၊ မရှိနှင့်ပတ်သက်ပြီး  မေးမြန်းရန် အစိုးရ ကိုယ်စားလှယ် အချို့ထံသို့ ဆက်သွယ်ရာ အ ဆက်အသွယ်မရပေ။

အောက်တိုဘာ ၈ ရက်တွင် ALP ကိုယ်စားလှယ်နှင့် ရန်ကုန်၌  တွေ့ဆုံစဉ် စာပေးပို့ခဲ့ခြင်းမှာ NCA လက်မှတ်ထိုးအဖွဲ့များ၏ အကူအညီရရှိမှုကို ဟန့်တားလို ၍မဟုတ်ကြောင်း၊ အစိုးရတစ် ရပ်အနေဖြင့် သိသင့်သိထိုက် သည့် ကိစ္စဖြစ်၍သိနိုင်ရန်သာဖြစ် ကြောင်း အစိုးရကိုယ်စားလှယ် အဖွဲ့ဘက်က ရှင်းပြခဲ့သည်ဟု ALP ကိုယ်စားလှယ် အဖွဲ့ခေါင်း ဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားထားသည်။

====================================

END / 251