အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
Unicode
မိမိကိုးကွယ်သည့် ဘာသာသာသနာကို မှန်ကန်စွာစောင့်ထိန်းရန်လိုပြီး အခြားဘာသာများကိုလည်း အသိအမှတ်ပြုလေးစားရန်လိုကြောင်း တပ်ချုပ်ပြော
ပြည်သူများ သည် မိမိတို့ကိုးကွယ်သည့် ဘာ သာသာသနာကို မှန်ကန်စွာစောင့် ထိန်းရန်လိုအပ်ပြီး အခြားဘာသာ များကိုလည်း အသိအမှတ်ပြုလေး စားရန်လိုအပ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အောက်တိုဘာ ၁၈ ရက်တွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်ရှိ အ ရာရှိ၊ စစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်ကြောင်း တပ် မတော် ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
တပ်မတော်သားများသည် စည်းကမ်းစနစ်တကျဖြင့် နေထိုင် ရမည်ဖြစ်ပြီး တိုင်းပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ထိန်းသည့် စိတ် ဖြင့် အမျိုးသားရေးစရိုက် လက္ခဏာ မပျောက်ပျက်စေရန် မှန်ကန်စွာ ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆို သည်။
ထို့အပြင် တပ်မတော်သည် ပြည်သူများ အကျိုးစီးပွားကောင်း မွန်စေရန်၊ ဘဝလုံခြုံမှုရှိစေရန် နှင့် ဒေသအကျိုးစီးပွားတိုးတက် ကောင်းမွန်စေရန် ကူညီဆောင် ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထည့် သွင်းပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ် မတော်က နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ထမ်းဆောင် နေရသဖြင့် စည်းလုံးညီညွှတ်မှု ရှိရန်၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မှန်ကန်စွာ၊ ရဲ ဝံ့စွာတင်ပြရန်နှင့် ဦးစီးဦးဆောင် နေသူများ၏ ဆုံးဖြတ်ချက်များ မှားယွင်းမှုမရှိစေရေး ပြောသည့် အတိုင်းလုပ်ရန်နှင့် လုပ်သည့် အတိုင်း ပြောရန်လိုကြောင်း ပြောကြားသည်။
====================================
END / 251
၂၀ အောကျတိုဘာ ၂၀၁၉ - ၁၇:၅၈
News ID: 983717