၂၁ အောက်တိုဘာ ၂၀၁၉ - ၁၈:၀၂
တပ္မေတာ္ႏွင့္ တိုင္းရင္းသားအဖြဲ႕ကိုယ္စားလွယ္မ်ား၏ ဖင္လန္ႏိုင္ငံေလ့လာေရးခရီးစဥ္ၿပီးဆုံး  ဖင္လန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ တပ္မေတ

ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ ၾကည့္ေရး ေကာ္မတီ (JMC) အ ဖြဲ႕ဝင္တပ္မေတာ္ႏွင့္ တိုင္းရင္း သား လက္နက္ကိုင္အဖြဲ႕ကိုုယ္ စားလွယ္မ်ား၏ ဖင္လန္ႏိုင္ငံခရီး စဥ္ၿပီးဆုံး၍ ႏွစ္ဖက္ကိုယ္စား လွယ္မ်ား ျပန္လည္ေရာက္ရွိ လာ ၿပီျဖစ္သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မတီ (JMC) အ ဖြဲ႕ဝင္တပ္မေတာ္ႏွင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ကိုုယ္ စားလွယ္မ်ား၏ ဖင္လန္ႏိုင္ငံခ ရီး စဥ္ၿပီးဆုံး၍ ႏွစ္ဖက္ကိုယ္စား လွယ္မ်ား ျပန္လည္ေရာက္ရွိလာ ၿပီျဖစ္သည္။

ျပည္ေထာင္စုအဆင့္ ပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U) ဥကၠ႒ဒုတိယဗိုလ္ခ်ဳပ္ ႀကီးရာျပည့္အပါအဝင္  တပ္မ ေတာ္အရာရွိမ်ား၊ JMC - U ဒု ဥကၠ႒ ကရင္အမ်ိဳးသားအစည္း အ႐ုံး (KNU) စစ္ေထာက္ခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာအိုက္ဇက္ဖိုး၊ ရွမ္း ျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) ႏွင့္ ခ်င္းအမ်ိဳး သားတပ္ဦး (CNF) မွ ကိုယ္စား လွယ္မ်ားပါဝင္သည့္ အဖြဲ႕သည္  ဖင္လန္ႏိုင္ငံသို႔ ေအာက္တိုဘာ  ဒုတိယပတ္ကစ၍ တစ္ပတ္ခန႔္ ၾကာသည့္ ေလ့လာေရးခရီးသြား ေရာက္ ခဲ့သည္။

အဆိုပါ ခရီးစဥ္တြင္ KNU ကိုယ္စားလွယ္ႏွစ္ဦးပါဝင္ၿပီး ရန္ ကုန္သို႔ ျပန္လည္ေရာက္ရွိလာၿပီ ျဖစ္ေၾကာင္း KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေအာက္ တိုဘာ ၂၀ ရက္တြင္ေျပာသည္။

‘‘ေလ့လာေရးခရီးဆိုတာ ကြၽန္ေတာ္တို႔အၾကားနားလည္မႈ ပိုရွိလာမယ္။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ သေဘာထားသိလာမယ္။ အခက္ အခဲေတြလည္း ေျပာၾက၊ေဆြးေႏြး  ၾကမယ္ဆိုရင္ ေကာင္းပါတယ္။သူက JMC ရဲ႕ေခါင္းစဥ္ေအာက္မွာ သြားၾကတာကိုး။ အပစ္အခတ္ ရပ္စဲေရးခိုင္မာေအာင္ လုပ္ ေဆာင္တဲ့ ေနရာမွာ သူမ်ားႏိုင္ငံ ဘယ္လိုလုပ္လဲ သြားေလ့ လာ တာကိုး။ အက်ိဳးရွိမွာေပါ့’’ဟု ပဒို ေစာကြယ္ထူးဝင္းကေျပာသည္။

RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးစိုင္းငင္းကလည္း အ ဆိုပါခရီးစဥ္အတြင္းတပ္မေတာ္ ႏွင့္ တိုင္းရင္းသားအဖြဲ႕ကိုယ္စား လွယ္မ်ားေတြ႕ဆုံေဆြးေႏြးခဲ့ သည္ရွိေသာ္ ႏွစ္ ဖက္စလုံးအ တြက္ေကာင္းသည့္ ရလဒ္ရရွိေရး  ႏွစ္ဖက္စလုံးက ႀကိဳးပမ္းမည္ဟု ယုံၾကည္ေၾကာင္းေျပာၾကားထား သည္။ တပ္မေတာ္ႏွင့္ တိုင္းရင္း  သားလက္နက္ကိုင္ အဖြဲ႕မ်ားမွ JMC အဖြဲ႕ဝင္မ်ားသည္ ဖင္လန္ ႏိုင္ငံသမၼတေဟာင္း Martti Ahtisaari ဖြဲ႕စည္းထားသည့္ပဋိပကၡစီမံခန႔္ခြဲေရးအဖြဲ႕ (CMI) ၏ ဖိတ္ၾကားခ်က္အရသြားေရာက္ ျခင္းျဖစ္သည္။ CMI သည္ JMC ၏ အႀကံေပးအဖြဲ႕ျဖစ္သည္။

Unicode

တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များ၏ ဖင်လန်နိုင်ငံလေ့လာရေးခရီးစဉ်ပြီးဆုံး

ဖင်လန်နိုင်ငံသို့ သွားရောက်ခဲ့သော တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) အ ဖွဲ့ဝင်တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကိုုယ် စားလှယ်များ၏ ဖင် လန်နိုင်ငံခရီး စဉ်ပြီးဆုံး၍ နှစ်ဖက်ကိုယ်စား လှယ်များ ပြန်လည်ရောက်ရှိလာ ပြီဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ် ကြီးရာပြည့်အပါအဝင်  တပ်မ တော်အ ရာရှိများ၊ JMC - U ဒု ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်း အရုံး (KNU) စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုး၊ ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ချင်းအမျိုး သားတပ်ဦး (CNF) မှ ကိုယ်စား လှယ်များပါဝင်သည့် အဖွဲ့သည်  ဖင်လန်နိုင်ငံသို့ အောက်တိုဘာ  ဒုတိယပတ်ကစ၍ တစ်ပတ်ခန့် ကြာသည့် လေ့လာရေးခရီးသွား ရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် KNU ကိုယ်စားလှယ်နှစ်ဦးပါဝင်ပြီး ရန် ကုန်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အောက် တိုဘာ ၂၀ ရက်တွင်ပြောသည်။

‘‘လေ့လာရေးခရီးဆိုတာ ကျွန်တော်တို့အကြားနားလည်မှု ပိုရှိလာမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားသိလာမယ်။ အခက် အခဲတွေလည်း ပြောကြ၊ဆွေးနွေး  ကြမယ်ဆို ရင် ကောင်းပါတယ်။  သူက JMC ရဲ့ခေါင်းစဉ်အောက် မှာ သွားကြတာကိုး။ အပစ်အခတ် ရပ်စဲရေးခိုင်မာအောင် လုပ် ဆောင်တဲ့ နေရာမှာ သူများနိုင်ငံ ဘယ်လိုလုပ် လဲ သွားလေ့လာ တာကိုး။ အကျိုးရှိမှာပေါ့’’ဟု ပဒို စောကွယ်ထူးဝင်းကပြောသည်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းကလည်း အ ဆိုပါခရီးစဉ်အတွင်းတပ်မတော် နှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စား လှယ်များတွေ့ဆုံဆွေးနွေးခဲ့ သည်ရှိ သော် နှစ်ဖက်စလုံးအ တွက်ကောင်းသည့် ရလဒ်ရရှိရေး  နှစ်ဖက်စလုံးက ကြိုးပမ်းမည်ဟု ယုံကြည်ကြောင်းပြောကြားထား သည်။ တပ်မတော်နှင့် တိုင်းရင်း  သား လက်နက်ကိုင်အဖွဲ့များမှ JMC အဖွဲ့ဝင်များသည် ဖင်လန် နိုင်ငံသမ္မတဟောင်း Martti Ahtisaari ဖွဲ့စည်းထားသည့်ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ (CMI) ၏ ဖိတ်ကြား ချက်အရသွားရောက် ခြင်းဖြစ်သည်။ CMI သည် JMC ၏ အကြံပေးအဖွဲ့ဖြစ်သည်။

====================================

END / 251