
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ ဟာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာဖို႔ တည္းခိုတဲ့ တိုက်ိဳၿမိဳ႕ရွိ Imperial Hotel မွ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဒီေန႔ မနက္ပိုင္းက ထြက္ခြာသြားခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ဂ်ပန္ဧကရာဇ္ နာ႐ူဟီတိုရဲ႕ တရားဝင္ဖိတ္ေခၚခ်က္အရ ထီးနန္းတက္ဂုဏ္ျပဳပြဲ အခမ္းအနား တက္ေရာက္ဖို႔ ေအာက္တိုဘာ ၂၀ ရက္ကတည္းက ဂ်ပန္ႏိုင္ငံကို ေရာက္ရွိခဲ့တာပါ။
ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာႏိုင္ငံသို႔ မထြက္ခြာခင္ ဂ်ပန္ႏိုင္ငံေရာက္ျမန္မာလူငယ္ေတြရဲ႕ ကန္ေတာ့ခံယူၿပီး ၾသဝါဒေပးခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဂ်ပန္ဧကရာဇ္ထီးနန္းတက္ဂုဏ္ျပဳပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့တဲ့အျပင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးနဲ႔ သီးျခားေတြ႕ဆုံခဲ့သလို ဒုတိယ အႀကိမ္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ေဖာ္ေဆာင္ေရးဆိုင္ရာ ကြန္ဖရင့္မွာ တက္ေရာက္ ေဟာေျပာ ခဲ့ပါတယ္။
Unicode
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာ
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့ တည်းခိုတဲ့ တိုကျိုမြို့ရှိ Imperial Hotel မှ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီနေ့ မနက်ပိုင်းက ထွက်ခွာသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ တရားဝင်ဖိတ်ခေါ်ချက်အရ ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်ဖို့ အောက်တိုဘာ ၂၀ ရက်က တည်းက ဂျပန်နိုင်ငံကို ရောက်ရှိခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ မထွက်ခွာခင် ဂျပန်နိုင်ငံရောက်မြန်မာလူငယ်တွေရဲ့ ကန်တော့ခံယူပြီး သြဝါဒပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့အပြင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံခဲ့သလို ဒုတိ ယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရေးဆိုင်ရာ ကွန်ဖရင့်မှာ တက်ရောက် ဟောပြော ခဲ့ပါတယ်။
====================================
END / 251