အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
မႏၲေလးၿမိဳ႕မွာ ေက်ာက္မ်က္ရတနာေဈးႀကီး တခုျဖစ္ေပၚလာဖို႔ ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က တိုက္တြန္းေျပာ ပါတယ္။
“အစိုးရကိုယ္တိုင္က တာဝန္သိတဲ့ အစိုးရျဖစ္ရမယ္။ ရတနာပစၥည္းဆိုတာ ေျမႀကီး ေအာက္မွာ ရွိတယ္ဆိုေပမယ့္ အဖိုးတန္တယ္။ အေပၚကိုေရာက္လာတဲ့အခါ စနစ္ရွိရင္ ပိုတန္ဖိုးတက္မယ္။ တြင္းထြက္ပစၥည္းဆိုတာ တူးခ်င္တိုင္းတူးလို႔ မရပါဘူး။ တူးခြင့္ေပးလို႔လည္း မရပါဘူး။ ေနာင္အနာဂါတ္ မ်ိဳးဆက္သစ္ေတြအတြက္ စီမံခန႔္ခြဲမႈ ခ်န္ေပး ရပါမယ္။ အဲဒါဟာ အစိုးရရဲ႕တာဝန္ဘဲျဖစ္တယ္။”
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္က ကြန္ဗန္းရွင္းစင္တာမွာ ပထမဦးဆုံးအႀကိမ္ ျမန္မာက်ပ္ေငြနဲ႔ေရာင္းခ်မယ့္ ေက်ာက္စိမ္းအ႐ိုင္း၊ အေခ်ာထည္နဲ႔ ေက်ာက္မ်က္ရတနာ ေရာင္းခ်ပြဲကို ေအာက္တိုဘာလ ၂၃ ရက္ကေန ၂၅ ရက္ေန႔အထိ စတင္ေရာင္းခ်ေနပါတယ္။
ေက်ာက္မ်က္ရတနာေတြကို ပထမအႀကိမ္ ျမန္မာက်ပ္ေငြနဲ႔ ေရာင္းခ်ရာမွာဆိုင္ခန္းေပါင္း ၅၀ ေက်ာ္ ခင္းက်င္းေရာင္းခ်သြားမွာျဖစ္ၿပီးဝင္ေရာက္ၾကည့္ရႈဝယ္လိုပါက ျမန္ မာႏိုင္ငံသားေတြက က်ပ္ ႏွစ္ေသာင္း၊ ႏိုင္ငံျခားသားေတြအေနနဲ႔ ျမန္မာ က်ပ္ တသိန္း ေပးေဆာင္ရမွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး)ရဲ႕ ဥကၠ႒ ဦးသန္းဝင္းက “အခုလို ေရာင္းခ်ရတာေၾကာင့္ ဝယ္မယ့္သူလည္း အဆင္ေျပတယ္။ ေရာင္းတဲ့သူလည္း အဆင္ေျပတယ္။ တိုင္းေဒသႀကီးအေနနဲ႔လည္း မွန္မွန္ကန္ကန္ အခြန္ရမယ္။ ေက်ာက္သမားေတြ အေနနဲ႔ ေနျပည္ေတာ္ကိုသြားစရာမလိုဘဲ လြယ္လင့္တကူဝယ္ႏိုင္တဲ့ အတြက္သူတို႔အတြက္ အဆင္ေျပမယ္။ ဒီလိုပြဲေတြလုပ္ျခင္းေၾကာင့္ ေဒသတြင္းမွာ ေက်ာက္စီးဆင္းမႈေတြ မ်ားလာမယ္။ ေက်ာက္ေဈးကြက္ ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္မိ တယ္”လို႔ ေျပာပါတယ္။
ေက်ာက္စိမ္းအ႐ိုင္း အေခ်ာထည္နဲ႔ ေက်ာင္မ်က္ ရတနာမ်ားကို ပထမအႀကိမ္ ျမန္မာက်ပ္ေငြနဲ႔ ေရာင္းခ်ပြဲကို စိတ္ဝင္စားသူ ၅၀၀ ေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။
Unicode
မန္တလေးတွင် ကျောက်မျက်ရတနာဈေးကြီးပေါ်ပေါက်ရေး ကြိုးပမ်းရန် ဝန်ကြီးချုပ်တိုက်တွန်း
မန္တလေးမြို့မှာ ကျောက်မျက်ရတနာဈေးကြီး တခုဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက် တွန်းပြောပါတယ်။
“အစိုးရကိုယ်တိုင်က တာဝန်သိတဲ့ အစိုးရဖြစ်ရမယ်။ ရတနာပစ္စည်းဆိုတာ မြေကြီး အောက်မှာ ရှိတယ်ဆိုပေမယ့် အဖိုးတန်တယ်။ အပေါ်ကိုရောက်လာတဲ့အခါ စနစ် ရှိရင် ပိုတန်ဖိုးတက်မယ်။ တွင်းထွက်ပစ္စည်းဆိုတာ တူးချင်တိုင်းတူးလို့ မရပါဘူး။ တူးခွင့်ပေးလို့လည်း မရပါဘူး။ နောင်အနာဂါတ် မျိုးဆက်သစ်တွေအတွက် စီမံ ခန့်ခွဲမှု ချန်ပေးရပါမယ်။ အဲဒါဟာ အစိုးရရဲ့တာဝန်ဘဲဖြစ်တယ်။”
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ကွန်ဗန်းရှင်းစင်တာမှာ ပထမဦးဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ရောင်းချမယ့် ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက် ရတနာ ရောင်းချပွဲကို အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စတင်ရောင်းချနေပါတယ်။
ကျောက်မျက်ရတနာတွေကို ပထမအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချရာမှာဆိုင်ခန်းပေါင်း ၅၀ ကျော် ခင်းကျင်းရောင်းချသွားမှာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုဝယ်လိုပါက မြန်မာနိုင်ငံသားတွေက ကျပ် နှစ်သောင်း၊ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ ကျပ် တသိန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး)ရဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက “အခုလို ရောင်းချရတာကြောင့် ဝယ်မယ့်သူလည်း အဆင်ပြေတယ်။ ရောင်းတဲ့သူလည်း အဆင်ပြေတယ်။ တိုင်းဒေသကြီးအနေနဲ့လည်း မှန်မှန်ကန်ကန် အခွန်ရမယ်။ ကျောက်သမားတွေ အနေနဲ့ နေပြည်တော်ကိုသွားစရာမလိုဘဲ လွယ်လင့်တကူဝယ်နိုင်တဲ့အတွက်သူတို့အတွက် အဆင်ပြေမယ်။ ဒီလိုပွဲတွေလုပ်ခြင်းကြောင့် ဒေသတွင်းမှာ ကျောက်စီးဆင်းမှုတွေ များလာမယ်။ ကျောက်ဈေးကွက် ပိုကောင်းလာမယ်လို့ မျှော်လင့်မိတယ်”လို့ ပြောပါတယ်။
ကျောက်စိမ်းအရိုင်း အချောထည်နဲ့ ကျောင်မျက် ရတနာများကို ပထမအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲကို စိတ်ဝင်စားသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
====================================
END / 251
၂၄ အောက်တိုဘာ ၂၀၁၉ - ၀၉:၄၇
News ID: 984324
မႏၲေလးၿမိဳ႕မွာ ေက်ာက္မ်က္ရတနာေဈးႀကီး တခုျဖစ္ေပၚလာဖို႔ ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က တိုက္တြန္းေျပာပါတယ္။