အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
အစိုးရ ဆွေးနွေးရေး ကိုယ် စားလှယ်အဖွဲ့ ခေါင်းဆောင် NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ၂၀၁၈ ဇူလိုင်က ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးအပြီး တစ်နှစ် ကျော်ကြာ သည်အထိ ၂၁ ရာစုပင်လုံစတုတ္ထ အစည်းအဝေး ဆက်လက်မကျင်း ပနိုင်သေးကြောင်းနှင့် ပုံမှန်နိုင်ငံ ရေး ဆွေးနွေးပွဲလမ်းကြောင်းပေါ် သို့ရောက် ရှိနိုင်ရေး အလွတ်သ ဘောတွေ့ဆုံမှုများ အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ အ တွင်း ၂၁ ရာစုပင်လုံ စတုတ္ထအ စည်းအဝေး ကျင်းပနိုင်ရေး ကြိုး ပမ်းနေေ ကြာင်းပြောသည်။
Unicode
အင်အားကြီးမှုကို အားပြုထင်ရာစိုင်းပါက ငြိမ်းချမ်းရေးပန်းတိုင်ပိုဝေးမည်ဟု အပစ်ရပ် ၁၀ ဖွဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ပြော
သတ်မှတ်ချက်အရ လေးနှစ်အတွင်း ၂၁ ရာစုပင်လုံ ရှစ်ကြိမ် မကျင်းပနိုင်ခဲ့ခြင်းအပေါ် နှစ်ဖက်စလုံးက တာဝန်ခံရန်လိုဟုဆို
NCA ပြဋ္ဌာန်းချက်များ ကို မျက်ကွယ်ပြုပြီး လောဘ၊ ဒေါသ၊ အတ္တ၊ မာနများ ရှေ့တန်း တင်ကာ အင်အားကြီးမှုကို အား ပြုပြီး ထင်ရာစိုင်းဆောင်ရွက်ပါက ငြိမ်းချမ်း ရေး လမ်းခရီးပန်းတိုင် သည် ဝေးသည်ထက်ပိုဝေးနေ မည်ဖြစ်ကြောင်း NCA လက်မှတ် ထိုး ၁၀ ဖွဲ့၏ ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း က ပြော သည်။
အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့တို့ အောက်တိုဘာ၂၅ ရက်က နေပြည်တော်၌ တွေ့ဆုံ၍ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးစိုင်း ငင်းက ယင်းသို့ ပြောသည်။
‘‘ကျွန်တော်တို့ ဆွေးနွေး ဖော်နှစ်ဦးဟာ (အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များ) NCA ကို လက်မှတ်ရေးထိုး ပြီးဖြစ်လို့ NCA မှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း တစ်သဝေမတိမ်း လိုက် နာဆောင်ရွက်မယ်ဆိုရင် ငြိမ်း ချမ်းရေးလမ်းဟာ ချောမွေ့ဖြောင့် ဖြူးနေမှာဖြစ်ပါတယ်’’ ဟု ရှမ်း လက်နက်ကိုင်အဖွဲ့ (RCSS) အ တွင်းရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။
အောက်တိုဘာ ၂၈ရက်တွင် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား စည်ကားစွာ ကျင်း ပမည်ဖြစ်၍ NCA ၏ အရှိန် အဝါ၊ ခိုင်မာမှု၊ အပြန်အလှန် အ သိအမှတ်ပြုမှုနှင့် ကတိကဝတ် ပြုမှုများ၊ အတွေးအမြင်သစ်များ နှင့် ယုံကြည်မှုများ ပြန်လည်ဖော် ထုတ်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံကို တစ် နှစ်လျှင် နှစ်ကြိမ်ကျင်းပရမည်ဆို သည့်အတိုင်း ကျင်းပနိုင်ပါက လေးနှစ်အတွင်း ညီလာခံ ရှစ် ကြိမ်ခန့် ကျင်းပပြီးစီးရမည်ဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် ၌ ခိုင်မာသည့်ဖက်ဒရယ် အခြေခံ အုတ်မြစ်များ ချမှတ်နိုင်ခဲ့မည်ဖြစ် သော်လည်း ၂၁ ရာစုပင်လုံကို သတ်မှတ်အချိန်အတွင်း မကျင်းပ နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
‘‘အစုအဖွဲ့တွေကြားမှာ ရှိ နေတဲ့ မယုံကြည်မှုတွေ၊ စိုးရိမ် ကြောင့်ကြမှုတွေ၊ အစွန်းရောက် မှုတွေ၊ အသာစီးရလိုမှုတွေကို မချေဖျက်နိုင်ခဲ့လို့ ၂၁ ရာစုပင်လုံ ကို သတ်မှတ်ထားတဲ့ အချိန်ကာ လအတိုင်း မကျင်းပနိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိ ပါတယ်’’ ဟု ဗိုလ်မှူးကြီးစိုင်းငင်း က ဆိုသည်။
အစိုးရ ဆွေးနွေးရေး ကိုယ် စားလှယ်အဖွဲ့ ခေါင်းဆောင် NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ၂၀၁၈ ဇူလိုင်က ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးအပြီး တစ်နှစ်ကျော်ကြာ သည်အထိ ၂၁ ရာစုပင်လုံစတုတ္ထ အစည်းအဝေး ဆက်လက်မကျင်း ပနိုင်သေးကြောင်းနှင့် ပုံမှန်နိုင်ငံ ရေး ဆွေးနွေးပွဲလမ်းကြောင်းပေါ် သို့ရောက်ရှိနိုင်ရေး အလွတ်သ ဘောတွေ့ဆုံမှုများ အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ အ တွင်း ၂၁ ရာစုပင်လုံ စတုတ္ထအ စည်းအဝေး ကျင်းပနိုင်ရေး ကြိုး ပမ်းနေကြောင်းပြောသည်။
‘‘ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေးသဘောတူညီ ချက်တွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး ခိုင်မာမှုဆိုင်ရာ သဘောတူ ညီချက်တွေ ဒီမိုကရေစီနဲ့ ဖက်ဒ ရယ်ဆိုင်ရာ အခြေခံမူသဘောတူ ညီချက်တွေ၊ ၂၀၂၀ အလွန်ကာလ မှာဆက်ပြီး ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အကောင်အ ထည်ဖော်မှု အဆင့်ဆင့်တွေကို ဒီတစ်ကြိမ်ညီလာခံမှာ သဘော တူ အတည်ပြုနိုင်ဖို့ မျှော်လင့်ပါ တယ်’’ ဟု ဦးထွန်းထွန်းဦးကပြော သည်။
====================================
END / 251
၂၇ အောကျတိုဘာ ၂၀၁၉ - ၁၈:၂၄
News ID: 984690