၂၉ အောက်တိုဘာ ၂၀၁၉ - ၁၈:၁၅
ျမန္မာ့ဒီမိုကေရစီေရး ဆက္အားေပးမည္ဟု အေမရိကန္လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ

ျမန္မာႏိုင္ငံရဲ႕ ဒီမိုကရက္တစ္ အေျပာင္းအလဲနဲ႔ စီးပြားေရး အသြင္ကူးေျပာင္းမႈအတြက္ အေမရိကန္ျပည္ေထာင္စုက ဆက္လက္အားေပးေထာက္ခံတဲ့အေၾကာင္း အေမရိကန္ႏိုင္ ငံျခားေရး ဝန္ႀကီးဌာန၊ အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာ လက္ ေထာက္ဝန္ႀကီး ေဒးဗစ္စေတးလ္ဝဲလ္က ေျပာပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ျမန္မာႏိုင္ငံရဲ႕ဒီမိုကရက္တစ္အေျပာင္းအလဲနဲ႔စီးပြားေရးအသြင္ကူးေျပာင္းမႈအတြက္အေမရိကန္ျပည္ေထာင္စုကဆက္လက္အားေပးေထာက္ခံတဲ့အေၾကာင္းအေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာ လက္ေထာက္ဝန္ႀကီး ေဒးဗစ္စေတးလ္ဝဲလ္က ေျပာပါတယ္။

လက္ေထာက္ဝန္ႀကီး ေဒးဗစ္စေတလ္ဝဲလ္ကဒီကေန႔ ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံ‌စဥ္ ေဆြးေႏြးေျပာဆိုခဲ့တာလို႔အေမရိ ကန္ သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ အၾကပ္အတည္းကို အတူတကြေျဖရွင္းေရး၊ ပဋိပကၡျဖစ္ပြားရာ ေနရာေတြက မေက်နပ္မႈအေၾကာင္းရင္းေတြကို ကိုင္တြယ္ေျဖရွင္းေရးနဲ႔ တာဝန္ သိရင္းႏွီးျမႇဳပ္ႏွံမႈရဲ႕ အက်ိဳးေက်းဇူးေတြအေၾကာင္းကို ေဆြးေႏြးခဲ့ၾကသလို အေမရိကန္ ျပည္ေထာင္စုဟာ ျမန္မာႏိုင္ငံနဲ႔ အတူ လက္တြဲဖက္အေနနဲ႔ေရာ မိတ္ေဆြႏိုင္ငံအေနနဲ႔ပါ ဆက္လက္ၿပီး ထိေတြ႕ဆက္ဆံသြားမွာ ျဖစ္တယ္လို႔လည္း သံ႐ုံးထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

အဆိုပါေတြ႕ဆုံပြဲမွာ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးျမႇင့္ေရး၊ ျမန္မာ့ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ေတြ၊ ပညာေရး၊ စီးပြားေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ အေျခခံ အေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျမစ္ေၾကာင္းမ်ား ထိန္းသိမ္းေရးက႑မ်ား အပါအဝင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္သြားေရးကိစၥေတြ ေဆြးေႏြးခဲ့ၾက တယ္လို႔ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း သတင္းထုတ္ပါတယ္။

အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ေဒးဗစ္စေတးဝဲလ္ဟာ ဒီသီတင္းပတ္အတြင္း ျမန္မာႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ၿပီး ရခိုင္ျပည္နယ္ကိုလည္း မေန႔က သြား ေရာက္ခဲ့ကာ သက္ကယ္ျပင္စခန္းက ဒုကၡသည္ေတြ အရပ္ဘက္အဖြဲ႕အစည္းေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

Unicode

မြန်မာ့ဒီမိုကရေစီရေး ဆက်အားပေးမည်ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲနဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဒေးဗစ်စတေးလ်ဝဲလ်က ပြောပါတယ်။

လက်ထောက်ဝန်ကြီး ဒေးဗစ်စတေလ်ဝဲလ်က ဒီကနေ့ နေပြည်တော်မှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ‌စဉ် ဆွေးနွေးပြော ဆိုခဲ့တာလို့ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အကြပ်အတည်းကို အတူတကွဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားရာ နေရာတွေက မကျေနပ်မှုအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ဆွေးနွေးခဲ့ကြသလို အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ အတူ လက်တွဲဖက်အနေနဲ့ရော မိတ်ဆွေနိုင်ငံအနေနဲ့ပါ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း မနေ့ကသွားရောက်ခဲ့ကာ သက်ကယ်ပြင်စခန်းက ဒုက္ခသည်တွေ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

====================================

END / 251