အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ ဆန္းစုၾကည္ႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU)ဥကၠ႒ဗိုလ္ ခ်ဳပ္ႀကီးေစာမူတူးေစးဖိုး ဦး ေဆာင္သည့္ ကိုယ္စားလွယ္အ ဖြဲ႕တို႔ ယမန္ေန႔က ေနျပည္ ေတာ္၌ ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ျပန္လည္စတင္ႏိုင္ ေရး NCA အေကာင္အထည္ေဖာ္ မႈဆိုင္ရာညႇိႏႈိင္းအစည္းအေဝး (JICM) အျမန္ ဆုံးက်င္းပရန္ ေဆြးေႏြးခဲ့သည္။
ေနျပည္ေတာ္ရွိ အျပည္ ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟို ဌာန-၂ ၌ NCA ေလးႏွစ္ျပည့္ႏွစ္ပတ္လည္ ပြဲအခမ္းအနား အၿပီးတြင္ တစ္နာရီခန႔္ၾကာ ေဆြးေႏြးညႇိႏႈိင္းခဲ့သည္။
‘‘အဓိက ေဆြးေႏြးတာက ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ဆက္လက္ သြားႏိုင္ဖို႔အတြက္ JICM စတင္ ႏိုင္ေရးက အေရးႀကီးတယ္။ JICM အစည္းအေဝးကို ျပန္ စတင္ႏိုင္ေအာင္ ျပင္ဆင္ တာ ေပါ့’’ ဟု KNU အတြင္းေရးမႉး ပဒိုေစာလွထြန္းက ေျပာသည္။
ထို႔အျပင္ အမ်ိဳးသားျပန္ လည္သင့္ျမတ္ေရးအေကာင္အ ထည္ေဖာ္ေဆာင္ရန္ ကိစၥမ်ား၊ ယုံၾကည္မႈတည္ေဆာက္ေရး ကိစၥ တို႔ကိုလည္း ေဆြးေႏြးခဲ့သည္ဟု ၎ကဆိုသည္။
‘‘ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ လို႔ ေျပာတဲ့ေနရာမွာ အဓိကရင္ ဆိုင္ရတဲ့အပစ္အခတ္ရပ္စဲေရး ခိုင္မာေရးကိစၥေတြက တပ္နဲ႔ ကြၽန္ေတာ္တို႔ ေတြ႕ဆုံေဆြးေႏြး ၾကရမယ့္ကိစၥျဖစ္တယ္။ တစ္ ဖက္မွာ ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္ ကေန လိုခ်င္တဲ့ႏိုင္ငံေရးေဆြး ေႏြးပြဲအခင္းအက်င္းနဲ႔ ၂၀၂၀ အ လြန္ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ဆက္ လက္သြားႏိုင္ဖု႔ိဆိုတာ လိုအပ္ တာေပါ့။ အဓိကက ႏိုင္ငံေရး ေဆြးေႏြးပြဲေတြ ဖက္ဒရယ္ျပည္ ေထာင္စုတည္ေဆာက္ေရးဆိုင္ ရာအေျခခံမူရရွိဖု႔ိနဲ႔ ႏိုင္ငံေရးေဆြး ေႏြးပြဲေတြ အာမခံခ်က္တစ္ခု အေနနဲ႔ ၂၀၂၀ အလြန္ဘယ္အစိုး ရပဲတက္တက္ ျဖစ္လာမယ့္အ ခင္းအက်င္းျဖစ္စဥ္ကို ဆက္ လက္အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကတယ္’’ ဟု ၎က ေျပာသည္။
KNU ေခါင္းေဆာင္မ်ားအ ေနျဖင့္ ယေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားသည္ဟု ပဒိုေစာလွထြန္းက ေျပာသည္။
အစိုးရ၊ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုးအဖြဲ႕ထိပ္ပိုင္း ေခါင္းေဆာင္မ်ား တက္ေရာက္ မည့္ JICM အစည္းအေဝးသည္ NCA ၏အျမင့္ဆုံးအစည္းအေဝး ျဖစ္သည္။ ယင္းအစည္းအေဝးျပန္ လည္က်င္းပျခင္းမွ အစျပဳကာ ရပ္တန႔္ေနသည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ျပန္လည္စတင္ရန္ ႀကိဳးပမ္းျခင္းျဖစ္သည္။
မူလက NCA ေလးႏွစ္ျပည့္ ပြဲအၿပီး ရက္ပိုင္းအတြင္း JICM အစည္းအေဝးက်င္းပရန္ ေဆြး ေႏြးမႈမ်ားရွိေသာ္လည္း အပစ္ရပ္ ၁၀ ဖြဲ႕၏ ထိပ္ပိုင္းေခါင္းေဆာင္ မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အ ဖြဲ႕ (PPST)အဖြဲ႕ေခါင္းေဆာင္ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဥကၠ႒သည္ ေလးႏွစ္ျပည့္ပြဲသို႔ တက္ေရာက္ျခင္းမရွိ၍ JICM က်င္းပမည့္အစီအစဥ္ေ႐ႊ႕ေျပာင္း ျခင္းျဖစ္သည္။ RCSS ဥကၠ႒ဗိုလ္ ခ်ဳပ္ႀကီးယြက္ဆစ္သည္ လြယ္ တိုင္းလ်န္း - ေတာင္ႀကီးလမ္း ေၾကာင္းမွ ေနျပည္ေတာ္သို႔ လာ ရန္ စီစဥ္ထားေသာ္လည္း တပ္မ ေတာ္က ယင္းလမ္းေၾကာင္းမွ သြားလာခြင့္မျပဳ၍ NCA ေလးႏွစ္ျပည့္ပြဲသို႔ မတက္ေရာက္ျခင္းျဖစ္ သည္။ တပ္မေတာ္ကမူ RCSS ဥကၠ႒ လာမည့္လမ္းေၾကာင္း သည္ လုံၿခဳံေရးစိတ္ခ်ရမႈမရွိ၍ ဟု ေျပာၾကားထားသည္။
Unicode
ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်စတင်နိုင်ရေး ဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌဗိုလ် ချုပ်ကြီးစောမူတူးစေးဖိုး ဦး ဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့တို့ ယမန်နေ့က နေပြည် တော်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်နိုင် ရေး NCA အကောင်အထည်ဖော် မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)အမြန်ဆုံးကျင်းပရန် ဆွေးနွေးခဲ့သည်။
နေပြည်တော်ရှိ အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ NCA လေးနှစ်ပြည့်နှစ်ပတ်လည် ပွဲအခမ်းအနား အပြီးတွင် တစ်နာရီခန့်ကြာ ဆွေးနွေးညှိနှိုင်းခဲ့သည်။
‘‘အဓိက ဆွေးနွေးတာက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် သွားနိုင်ဖို့အတွက် JICM စတင် နိုင်ရေးက အရေးကြီးတယ်။ JICM အစည်းအဝေးကို ပြန် စတင်နိုင်အောင် ပြင်ဆင်တာ ပေါ့’’ ဟု KNU အတွင်းရေးမှူး ပဒိုစောလှထွန်းက ပြောသည်။
ထို့အပြင် အမျိုးသားပြန် လည်သင့်မြတ်ရေးအကောင်အ ထည်ဖော်ဆောင်ရန် ကိစ္စများ၊ ယုံကြည်မှုတည်ဆောက်ရေး ကိစ္စ တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ၎င်းကဆိုသည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လို့ ပြောတဲ့နေရာမှာ အဓိကရင် ဆိုင်ရတဲ့အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိစ္စတွေက တပ်နဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး ကြရမယ့်ကိစ္စဖြစ်တယ်။ တစ် ဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲရလဒ် ကနေ လိုချင်တဲ့နိုင်ငံရေးဆွေး နွေးပွဲအခင်းအကျင်းနဲ့ ၂၀၂၀ အ လွန်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက် လက်သွားနိုင်ဖု့ိဆိုတာ လိုအပ် တာပေါ့။ အဓိကက နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဆိုင် ရာအခြေခံမူရရှိဖု့ိနဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေ အာမခံချက်တစ်ခု အနေနဲ့ ၂၀၂၀ အလွန်ဘယ်အစိုး ရပဲတက်တက် ဖြစ်လာမယ့်အ ခင်းအကျင်းဖြစ်စဉ်ကို ဆက် လက်အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်’’ ဟု ၎င်းက ပြောသည်။
KNU ခေါင်းဆောင်များအ နေဖြင့် ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ပဒိုစောလှထွန်းက ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးအဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက် မည့် JICM အစည်းအဝေးသည် NCA ၏အမြင့်ဆုံးအစည်းအဝေး ဖြစ်သည်။ ယင်းအစည်းအဝေးပြန် လည်ကျင်းပခြင်းမှ အစပြုကာ ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
မူလက NCA လေးနှစ်ပြည့် ပွဲအပြီး ရက်ပိုင်းအတွင်း JICM အစည်းအဝေးကျင်းပရန် ဆွေး နွေးမှုများရှိသော်လည်း အပစ်ရပ် ၁၀ ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားသော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အ ဖွဲ့ (PPST)အဖွဲ့ခေါင်းဆောင် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဥက္ကဋ္ဌသည် လေးနှစ်ပြည့်ပွဲသို့ တက်ရောက်ခြင်းမရှိ၍ JICM ကျင်းပမည့်အစီအစဉ်ရွှေ့ပြောင်း ခြင်းဖြစ်သည်။ RCSS ဥက္ကဋ္ဌဗိုလ် ချုပ်ကြီးယွက်ဆစ်သည် လွယ် တိုင်းလျန်း - တောင်ကြီးလမ်း ကြောင်းမှ နေပြည်တော်သို့ လာ ရန် စီစဉ်ထားသော်လည်း တပ်မ တော်က ယင်းလမ်းကြောင်းမှ သွားလာခွင့်မပြု၍ NCA လေးနှစ်ပြည့်ပွဲသို့ မတက်ရောက်ခြင်းဖြစ် သည်။ တပ်မတော်ကမူ RCSS ဥက္ကဋ္ဌ လာမည့်လမ်းကြောင်း သည် လုံခြုံရေးစိတ်ချရမှုမရှိ၍ ဟု ပြောကြားထားသည်။
====================================
END / 251
၂၉ အောက်တိုဘာ ၂၀၁၉ - ၁၈:၃၀
News ID: 984967
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU)ဥကၠ႒ဗိုလ္ ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ဦး ေဆာင္သည့္ ကိုယ္စားလွယ္အ ဖြဲ႕တို႔ ယမန္ေန႔က ေနျပည္ ေတာ္၌ ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္ ျပန္လည္စတင္ႏိုင္ ေရး NCA အေကာင္အထည္ ေဖာ္ မႈဆိုင္ရာညႇိႏႈိင္းအစည္းအေဝး (JICM) အျမန္ ဆုံး က်င္းပရန္ ေဆြးေႏြးခဲ့သည္။