
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေကာ့ေသာင္းၿမိဳ႕ ေျခဥ ျပင္ဆင္ေရးေထာက္ခံပြဲတြင္ ေဟာေျပာသူ ေရွ႕ေနဦးႀကီးျမင့္၊ ဦးေနမ်ိဳးဇင္ႏွင့္ ကဗ်ာဆရာ ကိုေစာေဝတို႔ သုံးဦးကို အၾကည္ ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က)ျဖင့္ တပ္မေတာ္က တရားစြဲဆိုထား သည္။
ေအာက္တိုဘာ ၃၁ ရက္ ၿမိဳ႕ နယ္တရား႐ုံး ေၾကာ္ျငာသင္ပုန္း တြင္ ဒုတိယဗိုလ္မႉးႀကီးေဇာ္ေဇာ္ က တရားလိုျပဳ၍ အထက္ပါေဟာ ေျပာသူ သုံးဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုထားေၾကာင္း ေၾကာ္ျငာစာကပ္ထားသည္ကို ေတြ႕ခဲ့ရသည္ဟု ေကာ့ေသာင္း ၿမိဳ႕ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္း တာဝန္ ခံ ဦးထင္ေက်ာ္က ေျပာသည္။
လက္ရွိတြင္ တရားစြဲဆို သည့္ အေၾကာင္းရင္းႏွင့္ပတ္ သက္၍ အေသးစိတ္အေျခအေန ကို သိရွိရန္ စုံစမ္းေနၿပီးေဟာ ေျပာပြဲ၌ တရားစြဲခံရသူမ်ားက တပ္မေတာ္အေပၚ အၾကည္အညိဳ ပ်က္ေအာင္ ရည္႐ြယ္ေဟာေျပာ ျခင္းမ်ိဳး မျပဳခဲ့ေၾကာင္း ၎က ဆက္ေျပာသည္။
‘‘တပ္မေတာ္ကို အၾကည္အ ညိဳပ်က္ေအာင္ေတာ့ တစ္ ေယာက္မွ ေျပာမသြားဘူးလို႔ထင္ တယ္။ ခ်စ္လို႔ေျပာတဲ့ စကားပဲရွိ တယ္။ မုန္းလို႔ေျပာတဲ့စကားတစ္ ခြန္းမွ ကြၽန္ေတာ္မၾကားရဘူး’’ ဟု ဧၿပီ ၃ ရက္ ေဟာေျပာပြဲအတြင္း ရွိေနသည့္ ဦးထင္ေက်ာ္က မွတ္ ခ်က္ျပဳသည္။
လြန္ခဲ့သည့္ ေျခာက္လ ေက်ာ္ ဧၿပီ ၃ ရက္က တနသၤာရီ တိုင္း ေကာ့ေသာင္းၿမိဳ႕နယ္တြင္ လူ တစ္ေထာင္ခန႔္ပါဝင္၍ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ ေရး လူထုေထာက္ခံပြဲကိုႏိုင္ငံေရး ပါတီမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕ အစည္းမ်ားႏွင့္ ပရဟိတအသင္း မ်ားပူးေပါင္းျပဳလုပ္ခဲ့သည္။
အခမ္းအနားတြင္ ဦးေနမ်ိဳး ဇင္၊ ကဗ်ာဆရာကိုေစာေဝႏွင့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီး ျမင့္တို႔က ၂၀၀၈ ေျခဥျပင္ဆင္ေရး ႏွင့္ပတ္သက္၍ ေဟာေျပာခဲ့ သည္။
ကမ္း႐ိုးတန္းတိုင္းစစ္ဌာန ခ်ဳပ္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး ႀကီးသန႔္ဇင္ဦးက အထက္ပါပုဂၢိဳလ္ မ်ား၏ ေဟာေျပာခ်က္မ်ားသည္ တပ္မေတာ္၏ ပုံရိပ္ႏွင့္ဂုဏ္ သိကၡာကို ထိပါးေစသျဖင့္ တရား စြဲဆိုျခင္းျဖစ္ေၾကာင္း ယမန္ေန႔ တြင္ 7Day Daily သတင္းစာအား ေျပာသည္။
တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က တရားစြဲဆိုမႈႏွင့္ပတ္ သက္၍ မသိရေသးေၾကာင္း ေအာက္တိုဘာ ၃၁ ရက္တြင္ ေျပာသည္။
လက္ရွိတြင္ ဦးေနမ်ိဳးဇင္ကို ပုဒ္မ ၅၀၅ (က) ျဖင့္ တိုက္ႀကီးၿမိဳ႕ နယ္ တရား႐ုံးက ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္ထားၿပီး က်န္အမႈ မ်ား ဆက္လက္ရင္ဆိုင္ေနဆဲ ျဖစ္သည္။
ေမလ ၉ ရက္က တနသၤာရီ တိုင္း ၿမိတ္ၿမိဳ႕၌ ျပဳလုပ္သည့္ ၂၀၀၈ ေျခဥျပင္ဆင္ေရးေထာက္ ခံပြဲတြင္ ေဟာေျပာခဲ့ေသာစာေရး ဆရာ မာန္ (ေတာင္လုံးျပန္)ကို လည္း တပ္မေတာ္က အသေရ ဖ်က္မႈပုဒ္မျဖင့္ တရားစြဲဆိုထား သည္။
Unicode
ခြေဥပြင်ဆင်ရေး ကော့သောင်းထောက်ခံပွဲ ဟောပြောသူသုံးဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်အမှုဖွင့်
ကော့သောင်းမြို့ ခြေဥ ပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောသူ ရှေ့နေဦးကြီးမြင့်၊ ဦးနေမျိုးဇင်နှင့် ကဗျာဆရာ ကိုစောဝေတို့ သုံးဦးကို အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တပ်မတော်က တရားစွဲဆိုထား သည်။
အောက်တိုဘာ ၃၁ ရက် မြို့ နယ်တရားရုံး ကြော်ငြာသင်ပုန်း တွင် ဒုတိယဗိုလ်မှူးကြီးဇော်ဇော် က တရားလိုပြု၍ အထက်ပါဟော ပြောသူ သုံးဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း ကြော်ငြာစာကပ်ထားသည်ကို တွေ့ခဲ့ရသည်ဟု ကော့သောင်း မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန် ခံ ဦးထင်ကျော်က ပြောသည်။
လက်ရှိတွင် တရားစွဲဆို သည့် အကြောင်းရင်းနှင့်ပတ် သက်၍ အသေးစိတ်အခြေအနေ ကို သိရှိရန် စုံစမ်းနေပြီးဟော ပြောပွဲ၌ တရားစွဲခံရသူများက တပ်မတော်အပေါ် အကြည်အညို ပျက်အောင် ရည်ရွယ်ဟောပြော ခြင်းမျိုး မပြုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
‘‘တပ်မတော်ကို အကြည်အ ညိုပျက်အောင်တော့ တစ် ယောက်မှ ပြောမသွားဘူးလို့ထင် တယ်။ ချစ်လို့ပြောတဲ့ စကားပဲရှိ တယ်။ မုန်းလို့ပြောတဲ့စကားတစ် ခွန်းမှ ကျွန်တော်မကြားရဘူး’’ ဟု ဧပြီ ၃ ရက် ဟောပြောပွဲအတွင်း ရှိနေသည့် ဦးထင်ကျော်က မှတ် ချက်ပြုသည်။
လွန်ခဲ့သည့် ခြောက်လ ကျော် ဧပြီ ၃ ရက်က တနင်္သာရီ တိုင်း ကော့သောင်းမြို့နယ်တွင် လူ တစ်ထောင်ခန့်ပါဝင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေး လူထုထောက်ခံပွဲကိုနိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပရဟိတအသင်း များပူးပေါင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးနေမျိုး ဇင်၊ ကဗျာဆရာကိုစောဝေနှင့် တရားလွှတ်တော်ရှေ့နေ ဦးကြီး မြင့်တို့က ၂၀၀၈ ခြေဥပြင်ဆင်ရေး နှင့်ပတ်သက်၍ ဟောပြောခဲ့ သည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာန ချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးသန့်ဇင်ဦးက အထက်ပါပုဂ္ဂိုလ် များ၏ ဟောပြောချက်များသည် တပ်မတော်၏ ပုံရိပ်နှင့်ဂုဏ် သိက္ခာကို ထိပါးစေသဖြင့် တရား စွဲဆိုခြင်းဖြစ်ကြောင်း ယမန်နေ့ တွင် 7Day Daily သတင်းစာအား ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က တရားစွဲဆိုမှုနှင့်ပတ် သက်၍ မသိရသေးကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောသည်။
လက်ရှိတွင် ဦးနေမျိုးဇင်ကို ပုဒ်မ ၅၀၅ (က) ဖြင့် တိုက်ကြီးမြို့ နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်ထားပြီး ကျန်အမှု များ ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်သည်။
မေလ ၉ ရက်က တနင်္သာရီ တိုင်း မြိတ်မြို့၌ ပြုလုပ်သည့် ၂၀၀၈ ခြေဥပြင်ဆင်ရေးထောက် ခံပွဲတွင် ဟောပြောခဲ့သောစာရေး ဆရာ မာန် (တောင်လုံးပြန်)ကို လည်း တပ်မတော်က အသရေ ဖျက်မှုပုဒ်မဖြင့် တရားစွဲဆိုထား သည်။
====================================
END / 251