၂ နိုဝင်ဘာ ၂၀၁၉ - ၁၇:၀၉
ဖက္ဒရယ္စနစ္ကို တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ပူးေပါင္းေလ့လာရန္ သေဘာတူ

ဖက္ဒရယ္စနစ္ႏွင့္ ပတ္သက္ၿပီး အဓိပၸာယ္ဖြင့္ဆို ခ်က္အ မ်ိဳးမ်ိဳးရွိေန၍ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားပူးတြဲေလ့လာရန္သေဘာတူခဲ့ေၾကာင္း တပ္မေတာ္ ႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕ ေခါင္းေဆာင္မ်ားက ေျပာၾကားသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ဖက္ဒရယ္စနစ္ႏွင့္ ပတ္သက္ၿပီး အဓိပၸာယ္ဖြင့္ဆို ခ်က္အမ်ိဳးမ်ိဳးရွိေန၍ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ား ပူးတြဲေလ့လာရန္ သ ေဘာတူခဲ့ေၾကာင္း တပ္မေတာ္ ႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕ ေခါင္းေဆာင္မ်ားက  ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ႏွင့္ NCA လက္မွတ္ထိုး တိုင္း ရင္းသား လက္နက္ကိုင္ရွစ္ဖြဲ႕တို႔ ေအာက္တိုဘာ ၂၉ ရက္တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံစဥ္   ပအိုဝ္းအဖြဲ႕(PNLO) ဦးေဆာင္နာ ယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက  ဖက္ဒရယ္ဆိုင္ရာမ်ား ႏွစ္ဖက္  ပူးေပါင္းေလ့လာရန္ အဆိုျပဳ သည့္အေပၚ တပ္မေတာ္ေခါင္း ေဆာင္က လက္ခံခဲ့သည္။

‘‘ဖက္ဒရယ္ဆိုတာ က်ယ္ ျပန႔္တယ္။ ကြၽန္ေတာ္တို႔ တိုင္း ျပည္နဲ႔ ကိုက္ညီတဲ့  ဖက္ဒရယ္မ်ိဳး EAO (တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕)နဲ႔၊ တပ္မေတာ္နဲ႔ေပါင္း ၿပီး ေလ့လာေရးေတြ၊ ဘာေတြ လုပ္သင့္တယ္ဆိုေတာ့ အဲဒါ  သိပ္ေကာင္းတဲ့ အစီအစဥ္ပဲတဲ့။ တပ္မေတာ္နဲ႔၊ EAO နဲ႔ ေပါင္းၿပီး  ဖက္ဒရယ္ကိစၥကို ေဆာင္႐ြက္ တာေပါ့တဲ့’’ ဟု တပ္ခ်ဳပ္ႏွင့္ ေတြ႕ ဆုံေဆြးေႏြးမႈမ်ားကို ခ်င္းအမ်ိဳး သားတပ္ဦး (CNF) ဒုဥကၠ႒ ေဒါက္ တာလ်န္မႈန္းဆာေခါင္းက  ျပန္လည္ေျပာျပသည္။

ယခုကဲ့သို႔ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားအၾကား ဖက္ဒရယ္စနစ္ကို  အလုပ္႐ုံေဆြးေႏြးပြဲက်င္းပ၍ အ တူတကြ ေလ့လာရန္ စီစဥ္ျခင္း သည္ ပထမဆုံးအႀကိမ္ျဖစ္ ေၾကာင္း တပ္မေတာ္ သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရး မႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက  ေျပာသည္။

‘‘တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကလည္း ဖက္ဒရယ္နဲ႔ ပတ္သက္ၿပီး မိန႔္ခြန္းထဲမွာ ေျပာ သြားတာ ရွိပါတယ္။ ဖက္ဒရယ္နဲ႔  ပတ္သက္ၿပီး သူက အယူအဆ  အမ်ိဳးမ်ိဳး ကြဲျပားေနပုံေတြေျပာ သြားတာရွိတယ္။ ဒါေတြက  ဦးစားေပး ေျဖရွင္းရမယ့္ဟာေပါ့။  သူ႔အျမင္၊ ကိုယ့္အျမင္ဖလွယ္ၿပီး ဒါမ်ိဳးေတြ လုပ္ျခင္းအားျဖင့္ ယုံ ၾကည္မႈ ပိုမိုတိုးတက္လာမွာျဖစ္ ပါတယ္။ ဒါေတြကို လုပ္ေဆာင္ သြားဖို႔ သေဘာတူခဲ့တာရွိတယ္’’ ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက  ေျပာသည္။

ထိုသို႔ ေဆာင္႐ြက္ျခင္းျဖင့္ ျပႆနာေျဖရွင္းေရး အေထာက္ အကူျဖစ္မည္ဟု ယုံၾကည္ ေၾကာင္း ၎ကဆိုသည္။

‘‘ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမွာ အမ်ားအားျဖင့္က  ေဆြးေႏြးရတာက ဒီအေၾကာင္းပဲ။  ဖက္ဒရယ္နဲ႔ ပတ္သက္ၿပီး ဘယ္ လိုေဆာင္႐ြက္မယ္ဆိုတဲ့ အ ေၾကာင္းပဲ။ ဖက္ဒရယ္လို႔ ေျပာ တဲ့အခါမွာ ဗဟိုအစိုးရနဲ႔ တိုင္းေဒ သႀကီး၊ ျပည္နယ္အစိုးရေတြ ဘယ္လိုအာဏာခြဲေဝသြားမယ္  ဆိုတဲ့ဟာေတြ ဖက္ဒရယ္နဲ႔ ပတ္ သက္တဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီ ရင္ေရး၊ ဥပေဒျပဳေရးေတြမွာ  ဘယ္လို ေဆာင္႐ြက္ရမယ္ဆိုတဲ့ ဟာေတြက အယူအဆ အမ်ိဳးမ်ိဳး ကြဲျပားေနတာျဖစ္ပါတယ္’’ ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

တပ္မေတာ္အေနျဖင့္ ဖက္ ဒရယ္စနစ္ေလ့လာရန္  တပ္မ ေတာ္ ကိုယ္စားလွယ္မ်ားအား အိႏၵိယအပါအဝင္ ျပည္ပႏိုင္ငံ မ်ားသို႔ ေစလႊတ္မႈမ်ားရွိေၾကာင္း၊ တပ္မေတာ္ဘက္က ထိုသို႔ ေလ့ လာမႈမ်ားရွိသကဲ့သို႔ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားက လည္း ယခင္ႏွစ္ေပါင္းမ်ားစြာက တည္းက ဖက္ဒရယ္ကို ေလ့လာ ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေလ့လာ မႈမ်ားဖလွယ္ရန္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ေတြ႕ ဆုံစဥ္ ေဆြးေႏြးခဲ့ရာ စီစဥ္မည္ဟု တုံ႔ျပန္ခ်က္ရရွိေၾကာင္း ဗိုလ္မႉး ႀကီးခြန္ဥကၠာက ေျပာသည္။

‘‘တပ္မေတာ္က လူေတြနဲ႔ မၾကာခဏ ေတြ႕ဆုံၿပီးေတာ့ ယုံ ၾကည္မႈ တည္ေဆာက္တဲ့ဟာက လည္း အဓိကက်ပါတယ္။ ဘာ သာရပ္ဆိုင္ရာ ေဆြးေႏြးတာတစ္ ပိုင္းေပါ့။ လူခ်င္းရင္းႏွီးၿပီး ယုံ ၾကည္မႈ တည္ေဆာက္တာတစ္ ပိုင္းေပါ့။ ႏွစ္မ်ိဳးစလုံးကို ကြၽန္ ေတာ္က အက်ိဳးအျမတ္ရွိေစခ်င္ လို႔ အဲဒီလိုတင္ျပလိုက္တာ ျဖစ္ပါ တယ္’’ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာ က ေျပာသည္။

Unicode

ဖက်ဒရယ်စနစ်ကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းလေ့လာရန် သဘောတူ

ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆို ချက်အမျိုးမျိုးရှိနေ၍ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပူးတွဲလေ့လာရန် သ ဘောတူခဲ့ကြောင်း တပ်မတော် နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များက  ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် NCA လက်မှတ်ထိုး တိုင်း ရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ်   ပအိုဝ်းအဖွဲ့(PNLO) ဦးဆောင်နာ ယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက  ဖက်ဒရယ်ဆိုင်ရာများ နှစ်ဖက်  ပူးပေါင်းလေ့လာရန် အဆိုပြု သည့်အပေါ် တပ်မတော်ခေါင်း ဆောင်က လက်ခံခဲ့သည်။

‘‘ဖက်ဒရယ်ဆိုတာ ကျယ် ပြန့်တယ်။ ကျွန်တော်တို့ တိုင်း ပြည်နဲ့ ကိုက်ညီတဲ့  ဖက်ဒရယ်မျိုး EAO (တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့)နဲ့၊ တပ်မတော်နဲ့ပေါင်း ပြီး လေ့လာရေးတွေ၊ ဘာတွေ လုပ်သင့်တယ်ဆိုတော့ အဲဒါ  သိပ်ကောင်းတဲ့ အစီအစဉ်ပဲတဲ့။ တပ်မတော်နဲ့၊ EAO နဲ့ ပေါင်းပြီး  ဖက်ဒရယ်ကိစ္စကို ဆောင်ရွက် တာပေါ့တဲ့’’ ဟု တပ်ချုပ်နှင့် တွေ့ ဆုံဆွေးနွေးမှုများကို ချင်းအမျိုး သားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက် တာလျန်မှုန်းဆာခေါင်းက  ပြန်လည်ပြောပြသည်။

ယခုကဲ့သို့ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ဖက်ဒရယ်စနစ်ကို  အလုပ်ရုံဆွေးနွေးပွဲကျင်းပ၍ အ တူတကွ လေ့လာရန် စီစဉ်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောသည်။

‘‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဖက်ဒရယ်နဲ့ ပတ်သက်ပြီး မိန့်ခွန်းထဲမှာ ပြော သွားတာ ရှိပါတယ်။ ဖက်ဒရယ်နဲ့  ပတ်သက်ပြီး သူက အယူအဆ  အမျိုးမျိုး ကွဲပြားနေပုံတွေပြော သွားတာရှိတယ်။ ဒါတွေက  ဦးစားပေး ဖြေရှင်းရမယ့်ဟာပေါ့။  သူ့အမြင်၊ ကိုယ့်အမြင်ဖလှယ်ပြီး ဒါမျိုးတွေ လုပ်ခြင်းအားဖြင့် ယုံ ကြည်မှု ပိုမိုတိုးတက်လာမှာဖြစ် ပါတယ်။ ဒါတွေကို လုပ်ဆောင် သွားဖို့ သဘောတူခဲ့တာရှိတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြဿနာဖြေရှင်းရေး အထောက် အကူဖြစ်မည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။

‘‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အများအားဖြင့်က  ဆွေးနွေးရတာက ဒီအကြောင်းပဲ။  ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဘယ် လိုဆောင်ရွက်မယ်ဆိုတဲ့ အ ကြောင်းပဲ။ ဖက်ဒရယ်လို့ ပြော တဲ့အခါမှာ ဗဟိုအစိုးရနဲ့ တိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရတွေ ဘယ်လိုအာဏာခွဲဝေသွားမယ်  ဆိုတဲ့ဟာတွေ ဖက်ဒရယ်နဲ့ ပတ် သက်တဲ့ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး၊ ဥပဒေပြုရေးတွေမှာ  ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ ဟာတွေက အယူအဆ အမျိုးမျိုး ကွဲပြားနေတာဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်အနေဖြင့် ဖက် ဒရယ်စနစ်လေ့လာရန်  တပ်မ တော် ကိုယ်စားလှယ်များအား အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံ များသို့ စေလွှတ်မှုများရှိကြောင်း၊ တပ်မတော်ဘက်က ထိုသို့ လေ့ လာမှုများရှိသကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက လည်း ယခင်နှစ်ပေါင်းများစွာက တည်းက ဖက်ဒရယ်ကို လေ့လာ ခဲ့ကြောင်း၊ ထို့ကြောင့် လေ့လာ မှုများဖလှယ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ ဆုံစဉ် ဆွေးနွေးခဲ့ရာ စီစဉ်မည်ဟု တုံ့ပြန်ချက်ရရှိကြောင်း ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။

‘‘တပ်မတော်က လူတွေနဲ့ မကြာခဏ တွေ့ဆုံပြီးတော့ ယုံ ကြည်မှု တည်ဆောက်တဲ့ဟာက လည်း အဓိကကျပါတယ်။ ဘာ သာရပ်ဆိုင်ရာ ဆွေးနွေးတာတစ် ပိုင်းပေါ့။ လူချင်းရင်းနှီးပြီး ယုံ ကြည်မှု တည်ဆောက်တာတစ် ပိုင်းပေါ့။ နှစ်မျိုးစလုံးကို ကျွန် တော်က အကျိုးအမြတ်ရှိစေချင် လို့ အဲဒီလိုတင်ပြလိုက်တာ ဖြစ်ပါ တယ်’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

====================================

END / 251