
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
နည္းပညာကို အေျခ ျပဳသည့္ စိုက္ပ်ိဳးေရးႏွင့္စီးပြားေရး လုပ္ငန္းမ်ားအတြက္ အစိုးရက ဆက္လက္ေထာက္ခံအားေပး မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က ေျပာၾကားသည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ယမန္ေန႔(ႏိုဝင္ဘာ ၂ ရက္) က ဘန္ေကာက္ၿမိဳ႕၌က်င္းပသည့္ အာဆီယံစီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ ႏွံမႈ ထိပ္သီးေဆြးေႏြးပြဲ(ASEAN Business and Investment Summit) တြင္ မိန႔္ခြန္း၌ ယင္းသို႔ ထည့္သြင္း ေျပာၾကားျခင္းျဖစ္ သည္။
‘‘စိုက္ပ်ိဳးေရးက႑အတြက္ ဆန္းသစ္မႈနဲ႔ တီထြင္ႀကံဆမႈေတြ မွာ အစိုးရက ဆက္လက္ေထာက္ ခံ အားေပးမွာပါ။ စိုက္ပ်ိဳးေရးဟာ ျမန္မာႏိုင္ငံရဲ႕ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ရွိေနဆဲပါ’’ဟု ေဒၚေအာင္ ဆန္းစုၾကည္က ေျပာသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံသည္ အာဆီယံ၏ စက္မႈေတာ္လွန္ေရး 4.0 ကို အေကာင္အထည္ေဖာ္ရန္ စီးပြားေရးက႑၊ အရပ္ဘက္အ ဖြဲ႕အစည္းမ်ားအပါအဝင္ အာ ဆီယံႏွင့္ျမန္မာႏိုင္ငံအၾကား ခိုင္ မားသည့္ ပူးေပါင္းေဆာင္႐ြက္မႈ ကိုေရွးရႈေၾကာင္း ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္က ထည့္သြင္း ေျပာၾကားသည္။
ေဒၚေအာင္ဆန္းစုၾကည္၏ မိန႔္ခြန္းႏွင့္ပတ္သက္၍ ယင္းထိပ္ သီးေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့ သူ ဉာဏ္ႀကီးရွင္ ရွမ္းေတာင္ျမင့္ ေကာ္ဖီ (Genius Shan Highlands Coffee) တည္ေထာင္သူ ဦးေငြထြန္းက ‘‘ျမန္မာႏိုင္ငံက စက္မႈေတာ္လွန္ေရး 4.0နဲ႔ ျမန္မာ 4.0 အေကာင္အထည္ေဖာ္မယ္ ေျပာသြားတာ သေဘာက်ပါ တယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ Myanmar Sustainable Development Plan ရွိထားတယ္။ အာ ဆီယံႏိုင္ငံနဲ႔အမီလိုက္မယ္’’ ဟု မွတ္ခ်က္ျပဳသည္။
အဆိုပါထိပ္သီးေဆြးေႏြပြဲ တြင္ ေဒၚေအာင္ဆန္းစုၾကည္ သည္ မိနစ္ ၂၀ ေက်ာ္ မိန႔္ခြန္းေျပာ ၾကားၿပီး လူငယ္မ်ားကို အားကိုး ေၾကာင္းႏွင့္ ယူနီကုဒ္ေျပာင္းလဲ သုံးစြဲသျဖင့္ တိုးတက္မႈမ်ားရရွိ ခံစားရမည္ကို ယုံၾကည္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။ ယင္း ေဆြးေႏြးပြဲသို႔ အာဆီယံႏိုင္ငံမ်ား မွ စီးပြားေရးလုပ္ငန္းရွင္ ၃၀၀ ေက်ာ္ တက္ေရာက္ခဲ့သည္။
ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈအ တြက္ အာဆီယံအသိုင္းအဝိုင္း၏ ကတိကဝတ္ျပဳမႈကို ေက်းဇူးတင္ ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသည္ စီး ပြားေရးလုပ္ကိုင္ရလြယ္ကူသည့္ ၫႊန္းကိန္းျမင့္တက္လာၿပီး ထိပ္ ဆုံးႏိုင္ငံ ၂၀ စာရင္းတြင္ပါဝင္လာ ေၾကာင္း ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္သည္ (၃၅)ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝး ႏွင့္ ဆက္စပ္ထိပ္သီးအစည္းအ ေဝးမ်ားတက္ေရာက္ရန္ ထိုင္း ႏိုင္ငံသို႔ ေရာက္ရွိေနျခင္းျဖစ္ သည္။
Unicode
နည်းပညာအခြေပြု စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထောက်ခံမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
နည်းပညာကို အခြေ ပြုသည့် စိုက်ပျိုးရေးနှင့်စီးပွားရေး လုပ်ငန်းများအတွက် အစိုးရက ဆက်လက်ထောက်ခံအားပေး မည်ဖြစ်ကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့(နိုဝင်ဘာ ၂ ရက်) က ဘန်ကောက်မြို့၌ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှု ထိပ်သီးဆွေးနွေးပွဲ(ASEAN Business and Investment Summit) တွင် မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။
‘‘စိုက်ပျိုးရေးကဏ္ဍအတွက် ဆန်းသစ်မှုနဲ့ တီထွင်ကြံဆမှုတွေ မှာ အစိုးရက ဆက်လက်ထောက် ခံ အားပေးမှာပါ။ စိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုအဖြစ်ရှိနေဆဲပါ’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံ၏ စက်မှုတော်လှန်ရေး 4.0 ကို အကောင်အထည်ဖော်ရန် စီးပွားရေးကဏ္ဍ၊ အရပ်ဘက်အ ဖွဲ့အစည်းများအပါအဝင် အာ ဆီယံနှင့်မြန်မာနိုင်ငံအကြား ခိုင် မားသည့် ပူးပေါင်းဆောင်ရွက်မှု ကိုရှေးရှုကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့်ပတ်သက်၍ ယင်းထိပ် သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သူ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီ (Genius Shan Highlands Coffee) တည်ထောင်သူ ဦးငွေထွန်းက ‘‘မြန်မာနိုင်ငံက စက်မှုတော်လှန်ရေး 4.0နဲ့ မြန်မာ 4.0 အကောင်အထည်ဖော်မယ် ပြောသွားတာ သဘောကျပါ တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ Myanmar Sustainable Development Plan ရှိထားတယ်။ အာ ဆီယံနိုင်ငံနဲ့အမီလိုက်မယ်’’ ဟု မှတ်ချက်ပြုသည်။
အဆိုပါထိပ်သီးဆွေးနွေပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် သည် မိနစ် ၂၀ ကျော် မိန့်ခွန်းပြော ကြားပြီး လူငယ်များကို အားကိုး ကြောင်းနှင့် ယူနီကုဒ်ပြောင်းလဲ သုံးစွဲသဖြင့် တိုးတက်မှုများရရှိ ခံစားရမည်ကို ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသည်။ ယင်း ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများ မှ စီးပွားရေးလုပ်ငန်းရှင် ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအ တွက် အာဆီယံအသိုင်းအဝိုင်း၏ ကတိကဝတ်ပြုမှုကို ကျေးဇူးတင် ကြောင်းနှင့် မြန်မာနိုင်ငံသည် စီး ပွားရေးလုပ်ကိုင်ရလွယ်ကူသည့် ညွှန်းကိန်းမြင့်တက်လာပြီး ထိပ် ဆုံးနိုင်ငံ ၂၀ စာရင်းတွင်ပါဝင်လာ ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် (၃၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ထိပ်သီးအစည်းအ ဝေးများတက်ရောက်ရန် ထိုင်း နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ် သည်။
====================================
END / 251