၃ နိုဝင်ဘာ ၂၀၁၉ - ၁၈:၀၉
တပ္မေတာ္က တရားစြဲဆိုထားသည့္ လူ ၇၇ ဦးအမႈ ႐ုပ္သိမ္းေပးရန္ ေတာင္းဆို

တပ္မေတာ္က တရားစြဲဆိုထားတဲ့ လူေပါင္း ၇၇ ဦးရဲ႕အမႈ ေတြ ကို ႐ုပ္သိမ္းေပးဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္း ျပစ္ဒဏ္ခ်ခံထား ရ သူ ေတြကို အျမန္ဆုံးလႊတ္ေပးဖို႔ မ်ိဳးဆက္လႈိင္း (Generation Wave) အဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


တပ္မေတာ္က တရားစြဲဆိုထားတဲ့ လူေပါင္း ၇၇ ဦးရဲ႕အမႈေတြကို ႐ုပ္သိမ္းေပးဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္း ျပစ္ဒဏ္ခ်ခံထားရသူေတြကို အျမန္ဆုံးလႊတ္ေပးဖို႔ မ်ိဳးဆက္လႈိင္း (Generation Wave) အဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။

ႏိုဝင္ဘာလ ၃ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္တာပါ။

အခုလိုတရားစြဲဆိုတာဟာ  ျပည္သူရဲ႕ ဒီမိုကေရစီ အခြင့္အေရးတရပ္ျဖစ္တဲ့  လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကန႔္သတ္ခ်ိဳးေဖာက္ရာေရာက္ၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ငန္းမ်ားအေပၚ အဟန႔္အတား ျဖစ္ေစတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီစနစ္ကို ဦးတည္ေလွ်ာက္လွမ္းေနတဲ့ ကာလျဖစ္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးကိုလည္း ေဆာင္႐ြက္ေနခ်ိန္ျဖစ္သလို လြတ္လပ္စြာထုတ္ေဖာ္ခြင့္ဟာ အေရးႀကီးဆုံး အခြင့္အေရးတရပ္ျဖစ္ေၾကာင္း ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလကတည္းက တပ္မေတာ္ရဲ႕ တရားစြဲဆိုမႈေၾကာင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံခဲ့ရၿပီး တရားရင္ဆိုင္ေနရတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ၅ ဦးကို ေအာက္တိုဘာလ ၃၁ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ ၁ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

ဒါ့အျပင္ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္၊ ကဗ်ာဆရာ ဦးေစာေဝနဲ႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ဦးေနမ်ိဳးဇင္တို႔ကိုလည္း ေမလအတြင္း ေကာ့ေသာင္းၿမိဳ႕နယ္ ေဟာေျပာပြဲတခုအတြင္း ေဟာေျပာခ်က္မ်ားေၾကာင့္ တပ္မေတာ္က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ တရားစြဲဆိုထားပါတယ္။

ဦးေနမ်ိဳးဇင္ဟာ အလားတူအမႈေတြနဲ႔  လက္ရွိအခ်ိန္မွာ ေထာင္ဒဏ္က်ခံေနရပါတယ္။

အလားတူ ျမဝတီမင္းႀကီးဆရာေတာ္အရွင္ အရိယာဝံသဘိဝံသအား မီဒီယာအင္တာဗ်ဴးတခုမွာ တပ္မေတာ္ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစရန္ ေျပာဆိုသည္ဟုဆိုကာ မႏၲေလးတိုင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးတြင္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅၊ အသေရဖ်က္မႈ ပုဒ္မ ၅၀၀ တို႔ျဖင့္ တရားစြဲဆိုဖို႔ တပ္မေတာ္က ဦးတိုက္ေလွ်ာက္ထားခဲ့ၿပီး ေအာက္တိုဘာလ ၂၄ ရက္မွာ တရား႐ုံးက ပုဒ္မ ၅၀၀ နဲ႔ တရားစြဲဆိုဖို႔ လက္ခံခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးဟာလည္း လူမႈကြန္ရက္မွာ တပ္မေတာ္အေပၚ ကန႔္ကြက္ေဝဖန္ေရးသားမႈမ်ားအတြက္ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုဖမ္းဆီးခံခဲ့ရၿပီး အလုပ္ႏွင့္ေထာင္ဒဏ္ ၁ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရပါတယ္။

ဒါ့ေၾကာင့္ ဒီတရားစြဲဆိုမႈေတြနဲ႔ ျပစ္ဒဏ္ခ်မွတ္တာေတြကို Generation Wave အဖြဲ႕ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ တရားစြဲဆိုထားမႈအားလုံးကို တပ္မေတာ္က အျမန္ဆုံး ႐ုပ္သိမ္းေပးဖို႔၊  အစိုးရအေနနဲ႔လည္း ျပစ္ဒဏ္ခ်မွတ္ခံထားရသူေတြကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

လက္ရွိ အခ်ိန္အထိ တပ္မေတာ္က လူေပါင္း ၇၇ ဦးထက္မနည္းကို အမႈေပါင္း ၂၄ မႈထက္ မနည္း တရားစြဲဆိုထားခဲ့ၿပီး အခ်ိဳ႕မွာ ျပစ္ဒဏ္ခ်မွတ္ၿပီးျဖစ္ေၾကာင္း အသံအဖြဲ႕ရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္မ်ားအရ သိရပါတယ္။

Unicode

တပ်မတော်က တရားစွဲဆိုထားသည့် လူ ၇၇ ဦးအမှု ရုပ်သိမ်းပေးရန် တောင်းဆို

တပ်မတော်က တရားစွဲဆိုထားတဲ့ လူပေါင်း ၇၇ ဦးရဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မျိုးဆက်လှိုင်း (Generation Wave) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အခုလိုတရားစွဲဆိုတာဟာ  ပြည်သူရဲ့ ဒီမိုကရေစီ အခွင့်အရေးတရပ်ဖြစ်တဲ့  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချိုးဖောက်ရာရောက်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများအပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေတဲ့ ကာလဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နေချိန်ဖြစ်သလို လွတ်လပ်စွာထုတ်ဖော်ခွင့်ဟာ အရေးကြီးဆုံး အခွင့်အရေးတရပ်ဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလကတည်းက တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တရားရင်ဆိုင်နေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို အောက်တိုဘာလ ၃၁ ရက်မှာ မရမ်းကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်၊ ကဗျာဆရာ ဦးစောဝေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်တို့ကိုလည်း မေလအတွင်း ကော့သောင်းမြို့နယ် ဟောပြောပွဲတခုအတွင်း ဟောပြောချက်များကြောင့် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားပါတယ်။

ဦးနေမျိုးဇင်ဟာ အလားတူအမှုတွေနဲ့  လက်ရှိအချိန်မှာ ထောင်ဒဏ်ကျခံနေရပါတယ်။

အလားတူ မြဝတီမင်းကြီးဆရာတော်အရှင် အရိယာဝံသဘိဝံသအား မီဒီယာအင်တာဗျူးတခုမှာ တပ်မတော်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပြောဆိုသည်ဟုဆိုကာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုဖို့ တပ်မတော်က ဦးတိုက်လျှောက်ထားခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်မှာ တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုဖို့ လက်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာလည်း လူမှုကွန်ရက်မှာ တပ်မတော်အပေါ် ကန့်ကွက်ဝေဖန်ရေးသားမှုများအတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုဖမ်းဆီးခံခဲ့ရပြီး အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

ဒါ့ကြောင့် ဒီတရားစွဲဆိုမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်တာတွေကို Generation Wave အဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားစွဲဆိုထားမှုအားလုံးကို တပ်မတော်က အမြန်ဆုံး ရုပ်သိမ်းပေးဖို့၊  အစိုးရအနေနဲ့လည်း ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ အချိန်အထိ တပ်မတော်က လူပေါင်း ၇၇ ဦးထက်မနည်းကို အမှုပေါင်း ၂၄ မှုထက် မနည်း တရားစွဲဆိုထားခဲ့ပြီး အချို့မှာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း အသံအဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားချက်များအရ သိရပါတယ်။

====================================

END / 251