၄ နိုဝင်ဘာ ၂၀၁၉ - ၁၃:၃၁
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
မြို့အတွက် ဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် တွက် ချက်ခန့်မှန်းမှုများအရ ခန့်မှန်း ကုန်ကျစရိတ်မှာ ၃၃ ဘီလီယံခန့် ရှိသည်ဟု ဦးသန်းစိုးအောင်က ဆိုသည်။
Unicode
နေပြည်တော်အတွက် ရရှိသော ၆၄ ဘီလီယံအနက် ၁၀ ဘီလီယံကျော်ကို ပျဉ်းမနားမြို့ဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်
ယခုဘဏ္ဍာနှစ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန် နေပြည်တော် ကောင်စီမှ ရရှိထားသော ၆၄ ဘီ လီယံအနက် ၁၀ ဒသမ ၅ ဘီလီ ယံကို ပျဉ်းမနားမြို့၏ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသန်းစိုး အောင်က ပြောသည်။
နေပြည်တော်ကောင်စီနယ် မြေ ပျဉ်းမနား၊ လယ်ဝေး၊ တပ် ကုန်းနှင့် သီရိငါးမြို့နယ်၏ ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရန် ပြီးခဲ့သည့် ၂၀၁၆ ဘတ် ဂျက်က ခုနစ်ဘီလီယံဖြင့် ဆောင် ရွက်ခဲ့ရသော်လည်း ယခုနှစ်တွင် တိုးမြှင့်ရရှိခဲ့သည်ဟု နိုဝင်ဘာ ၃ ရက်က နေပြည်တော် ပျဉ်းမနား မြို့တော်ခန်းမ၌ ပြုလုပ်သော လူထုတွေ့ ဆုံပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခြင်းဖြစ်သည်။
မြို့အတွက် ဖွံံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် တွက် ချက်ခန့်မှန်းမှုများအရ ခန့်မှန်း ကုန်ကျစရိတ်မှာ ၃၃ ဘီလီယံခန့် ရှိသည်ဟု ဦးသန်းစိုးအောင်က ဆိုသည်။
‘‘လိုအပ်တာ ၃၃ ဘီလီယံ ဆိုတာ ကျွန်တော်တစ်ဝက် လောက်ပဲ တင်ပြတယ်။ဒါတောင် မှပဲ ၁၀ ဘီလီယံကျော်ပဲရတယ်။ ဒါ ပျဉ်းမနားအတွက်။ အဲဒီကျ တော့ မိမိတို့ ဆွေးနွေးခဲ့တဲ့ဟာ တွေကျန်ခဲ့တာ ဒီသဘောပါ။ ဒါ ကြောင့်လည်း လာမယ့်နှစ်တွေ မှာ ကျွန်တော်တို့ရလဒ်တွေအ ပေါ်မှာ တင်ပြသွားမှာဖြစ်ပါ တယ်’’ ဟု ဦးသန်းစိုး အောင်က ပြောသည်။
မိမိတို့၏ မြို့နယ်များအ တွင်း လိုအပ်ချက်များနှင့်အကြံ ပြုလိုသော ကိစ္စရပ်များအတွက် ကိုလည်း တိုက်ရိုက်အကြံဉာဏ် များပေးနိုင်ပြီး ရပ်ကွက်အုပ်စု တစ်ခုချင်းစီ အလိုက်လည်း လူထု နှင့်တိုက်ရိုက်တွေ့ဆုံအကြံဉာဏ် များ တောင်းခံမည်ဟု ဦးသန်းစိုး အောင်က ဖြည့်စွက်ပြောသည်။
ပျဉ်းမနားမြို့နယ်အတွင်း ယခုအချိန်ထိ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးအခက် အခဲရှိနေသေးသည့် တောင်ပေါ် အုပ်စု ခုနစ်အုပ်စုအတွက်လည်း ထည့် သွင်းစဉ်းစားတွက်ချက်ထား ပြီး ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေးဦးစားပေးဆောင် ရွက်မည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
‘‘တောင်ပေါ်ခုနစ်အုပ်စုက အခုအချိန်ထိ ရွာချင်းဆက်လမ်း တွေ မပေါက်သေးပါဘူး။ လျှပ် စစ်မီး အခုအချိန်ထိ မရသေးပါ ဘူး။ ထို့အတူပဲ Communication ဆောင် ရွက်ထားဆဲလုပ်ငန်း ပဲရှိပါသေးတယ်။ ပညာရေး၊ ကျန်းမာရေးလည်း နောက်ကျ လျက်ရှိဆဲပါ’’ ဟု ဦးသန်းစိုး အောင်က ပြောသည်။
အစည်းအဝေးသို့ တက် ရောက်လာသော ဒေသခံဦးခင် မောင်ဇော်က အရည်အသွေး မပြည့်မီသည့် လုပ်ငန်းများကို သေချာစွာစစ်ဆေးပြီး ဥပဒေနှင့် အညီ ထိထိ ရောက်ရောက်အရေး ယူသင့်သည်ဟု တိုက်တွန်းသည်။
ထို့အပြင် ဘတ်ဂျက်သုံးစွဲ မှုများတွင် ပြည်သူလူထု၏ ဘေး ကင်းလုံခြုံမှုကဏ္ဍများအတွက် လည်း ထည့်သွင်းစဉ်းစားအသုံးပြု သင့်သည်ဟု မှတ်ချက်ပြုသည်။
====================================
END / 251