အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က အာဆီယံအစည္းအေဝးမွာေျပာဆိုခဲ့ျခင္းမရွိဘဲ ဘဂၤလားေဒ့ရွ္ဘက္ ေနရပ္စြန႔္ခြာသြား သူေတြ ဆႏၵအေလ်ာက္ ေဘးကင္း လုံၿခဳံစြာ ျပန္လာႏိုင္ေရးေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ႏိုဝင္ဘာလ ၃ ရက္ေန႔က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပတဲ့ ၁၀ ႀကိမ္ေျမာက္ အာဆီယံ-ကုလသမဂၢ ထိပ္သီးအစည္းအေဝးမွာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တို နီ႐ို ဂူတာရပ္စ္က ေျပာသြားတာ ျဖစ္ပါတယ္။
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ရခိုင္ျပည္နယ္ အေရးကိစၥအေပၚ စိုးရိမ္ပူပန္ေၾကာင္း၊ ျပႆနာအရင္းအျမစ္ကို ေျဖရွင္းဖို႔နဲ႔ ေနရပ္စြန္႔ခြါသူေတြ မိမိဆႏၵအေလ်ာက္ ေဘး ကင္းလုံၿခဳံစြာ ဂုဏ္သိကၡာရွိရွိ ျပန္လာႏိုင္ေရး ျမန္မာအစိုးရရဲ႕ တာဝန္ ျဖစ္ေၾကာင္းေျပာပါတယ္။
ျမန္မာအစိုးရအေနနဲ႔ ဒုကၡသည္ေတြ ဆႏၵအေလ်ာက္ၿငိမ္းခ်မ္းစြာျပန္လာႏိုင္ဖို႔လိုအပ္တဲ့ အေျခအေနေတြကို ဖန္တီးေပးဖို႔နဲ႔ လုံၿခဳံမႈမရွိဘူးလို႔ ခံစားရပါက ဆႏၵအေလ်ာက္ေနရပ္ျပန္ဖို႔ ကိစၥ မျဖစ္ႏိုင္ဘူးလို႔ လည္း မစၥတာ ဂူတာရပ္စ္က ေျပာပါတယ္။
“ရခိုင္ျပည္နယ္မွာ ရခိုင္အသိုက္အဝန္းရယ္၊ ႐ိုဟင္ဂ်ာအသိုက္အဝန္းရယ္ရွိတယ္။ အမုန္း စကားေတြနဲ႔ တျခားမုန္းတီးမႈပုံစံေတြ ေပ်ာက္ကြယ္သြားဖို႔အတြက္ ရင္ၾကားေစ့ေရး ျဖစ္ေစမယ့္ အေျခအေနေတြ မရွိမျဖစ္ ဖန္တီးေပးရမယ္”
ဒါ့အျပင္ ရခိုင္အေရးကိစၥနဲ႔ ပတ္သက္ၿပီး အာဆီယံညႇိႏႈိင္းေဆာင္႐ြက္မႈကို ကုလသမဂၢ အေနနဲ႔ ႀကိဳဆိုတယ္လို႔ လည္းေျပာပါတယ္။
ရခိုင္ျပည္နယ္အေရး ကိစၥနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာၾကားခ်က္အေပၚ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က “ကာကြယ္ ေစာင့္ ေရွာက္ေပးရမယ့္လူအားလုံးရဲ႕ လုံၿခဳံေရးနဲ႔ အခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ တာဝန္ကို ျမန္မာအစိုးရအေနနဲ႔ ေရွာင္လႊဲမွာမဟုတ္ဘူး”လို႔ ျပန္လည္တုန္႔ျပန္ ေျပာၾကားပါတယ္။
ဒါ့အျပင္ ရခိုင္ျပည္နယ္ အေရးကိစၥဟာ အလြန္သိမ္ေမြ႕ ရႈပ္ေထြးတဲ့ ကိစၥတခု ျဖစ္ေၾကာင္း၊ ကုလသမဂၢ အဖြဲ႕အစည္းေတြအေနနဲ႔ ျပႆနာရဲ႕ သိမ္ေမြ႕ရႈပ္ေထြးမႈ အတိုင္းအ တာကို အနည္းအက်ဥ္း သိထားဖို႔ လိုအပ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ လက္မွတ္ေရးထိုးထားတဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္၊ UNHCR ၊ UNDP တို႔နဲ႔ လက္ မွတ္ေရးထိုးထားတဲ့ သုံးပြင့္ဆိုင္ သေဘာတူညီခ်က္ေတြနဲ႔အညီ စိစစ္အတည္ျပဳၿပီးျဖစ္တဲ့ ေနရပ္စြန္႔ခြါသူေတြကို ျပန္လည္လက္ခံဖို႔ အျပည့္အဝ ကတိျပဳထားတယ္လို႔ လည္း ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။
ျမန္မာအစိုးရရဲ႕ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး ႀကိဳးပမ္းေဆာင္႐ြက္ေနမႈေတြကို ကူညီပံ့ပိုးေပးၾကတဲ့ အာဆီယံ၊ အာဆီယံ အတြင္းေရးမႉးခ်ဳပ္႐ုံးနဲ႔ AHA စင္တာတို႔ အေပၚ ေက်းဇူးတင္ရွိေၾကာင္း၊ ျပႆနာအေပၚ လက္ေတြ႕က်ၿပီး ဘက္လိုက္မႈမရွိဘဲ မွ်တဲ့ ခ်ဥ္းကပ္မႈနဲ႔ အကူအညီေပးေနၾကတဲ့ မိတ္ေဆြေတြရဲ႕အကူအညီနဲ႔ ဆက္လက္ ႀကိဳး ပမ္းသြားမယ္လို႔လည္း ေျပာသြားပါတယ္။
ကမာၻႀကီးရင္ဆိုင္ေနရတဲ့ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ အေရးေပၚအေျခအေနကို ပိုမိုဝိုင္းဝန္းေဆာင္႐ြက္ၾကဖို႔ လိုအပ္ေနတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က အာဆီယံ ေခါင္းေဆာင္ေတြကို တိုက္တြန္း ေျပာၾကားသြားပါတယ္။
Unicode
ရခိုင်စစ်ပွဲကိစ္စ ကုလအတွင်းရေးမှူးချုပ်ပြောဆိုခြင်းမရှိ၊ ရိုဟင်ဂျာနေရပ်ပြန်ရေး တောင်းဆို
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံအစည်းအဝေးမှာပြောဆိုခဲ့ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက် နေရပ် စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီရို ဂူတာရပ်စ်က ပြောသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့နဲ့ နေရပ်စွန့်ခွါသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး မြန်မာအစိုးရရဲ့ တာဝန် ဖြစ်ကြောင်းပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ ဆန္ဒအလျောက်ငြိမ်းချမ်းစွာပြန်လာနိုင်ဖို့လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့နဲ့ လုံခြုံမှုမရှိဘူးလို့ ခံစားရပါက ဆန္ဒအလျောက်နေရပ်ပြန်ဖို့ ကိစ္စ မဖြစ်နိုင်ဘူးလို့ လည်း မစ္စတာ ဂူတာရပ်စ်က ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ ရခိုင်အသိုက်အဝန်းရယ်၊ ရိုဟင်ဂျာအသိုက်အဝန်းရယ်ရှိတယ်။ အမုန်း စကားတွေနဲ့ တခြားမုန်းတီးမှုပုံစံတွေ ပျောက်ကွယ်သွားဖို့အတွက် ရင်ကြားစေ့ရေး ဖြစ်စေမယ့် အခြေအနေတွေ မရှိမဖြစ် ဖန်တီးပေးရမယ်”
ဒါ့အပြင် ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံညှိနှိုင်းဆောင်ရွက်မှုကို ကုလသမဂ္ဂ အနေနဲ့ ကြိုဆိုတယ်လို့ လည်းပြောပါတယ်။
ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကာကွယ် စောင့်ရှောက်ပေးရမယ့်လူအားလုံးရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာမဟုတ်ဘူး”လို့ ပြန်လည်တုန့်ပြန်ပြောကြားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်သိမ်မွေ့ ရှုပ်ထွေးတဲ့ ကိစ္စတခု ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊ UNDP တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ စိစစ်အတည်ပြုပြီးဖြစ်တဲ့ နေရပ်စွန့်ခွါသူတွေကို ပြန်လည်လက်ခံဖို့ အပြည့်အဝ ကတိပြုထားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ကူညီပံ့ပိုးပေးကြတဲ့ အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA စင်တာ တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတဲ့ ချဉ်းကပ်မှုနဲ့ အကူအညီပေးနေကြတဲ့ မိတ်ဆွေတွေရဲ့အကူအညီနဲ့ ဆက် လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောသွားပါတယ်။
ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ပိုမိုဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်း ပြောကြားသွားပါတယ်။
====================================
END / 251
၄ နိုဝင်ဘာ ၂၀၁၉ - ၁၃:၄၇
News ID: 986058
ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ကုလ သမဂၢ အတြင္းေရးမႉးခ်ဳပ္က အာဆီယံအစည္းအေဝးမွာေျပာ ဆိုခဲ့ျခင္းမရွိဘဲ ဘဂၤလားေဒ့ရွ္ဘက္ ေနရပ္စြန႔္ခြာသြား သူ ေတြ ဆႏၵအေလ်ာက္ ေဘးကင္း လုံၿခဳံစြာ ျပန္လာႏိုင္ေရး ေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။