၄ နိုဝင်ဘာ ၂၀၁၉ - ၁၄:၀၇


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi






Unicode

ဒေါ်အောင်ဆန်းစုကြည်ကို ဖီဖာဥက္ကဌ အင်ဖာတီနို လာရောက်တွေ့ဆုံ

ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသော နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖာတီနိုနှင့် တာ ဝန်ရှိသူများ ယမန်နေ့က လာ ရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိလ်သည် အာဆီယံစီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေး နွေးပွဲ (Asean Business and Investment Summit )၊ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၊ အာဆီယံနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့၏ နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခြင်း အခမ်းအနားသို့  တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်။

အာဆီယံနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အကြား Football For Schools အစီအစဉ်အကောင် အထည်ဖော်ရန် နားလည်မှုစာ ချွန်လွှာ(MoU)ကို နိုဝင်ဘာ ၂ ရက်က ရေးထိုးပြီး ယင်းအခမ်း အနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ယင်းနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

====================================

END / 251