၆ နိုဝင်ဘာ ၂၀၁၉ - ၁၅:၁၁
ျမန္မာအေရး အိုင္စီစီသို႔ လႊဲေျပာင္းေပးရန္ ကုလအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ ေတာင္းဆိုခ်က္ကို ျပင္းထန္စြာကန႔္ကြက္ေၾကာင္း သံအမတ္ႀကီး ဦးေဟာက

ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံအခ်ိဳ႕က ျမန္မာအေရးကိစၥ ကို အျပည္ ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ ရာ တရား႐ုံး (ICC)သို႔ လႊဲေျပာင္း ေပးရန္ ေတာင္းဆိုမႈမ်ားကို ျမန္ မာအၿမဲတမ္းကိုယ္စားလွယ္ သံ အမတ္ ႀကီး ဦးေဟာက္ဒိုဆြမ္းက ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ယမန္ေန႔တြင္ သတင္းထုတ္ျပန္သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံအခ်ိဳ႕က ျမန္မာအေရးကိစၥ ကို အျပည္ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ ရာ တရား႐ုံး (ICC)သို႔ လႊဲေျပာင္း ေပးရန္ ေတာင္းဆိုမႈမ်ားကို ျမန္ မာအၿမဲတမ္းကိုယ္စားလွယ္ သံ အမတ္ ႀကီး ဦးေဟာက္ဒိုဆြမ္းက ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယမန္ေန႔တြင္ သတင္းထုတ္ျပန္သည္။

အျပည္ျပည္ဆိုင္ရာ ျပစ္မႈ ဆိုင္ရာတရား႐ုံး (ICC)၏ ၂၀၁၈-၁၉ အတြင္း ေဆာင္႐ြက္ခ်က္မ်ားႏွင့္ ပတ္သက္ေသာ အစီရင္ခံစာ ကို ႏိုဝင္ဘာ ၄ ရက္တြင္ ကုလ အေထြေထြညီလာခံ၏ (၂၆)ႀကိမ္ ေျမာက္ မ်က္ႏွာစုံညီအစည္းအ ေဝး၌ ေဆြးေႏြးရာ ျမန္မာသံအ မတ္ႀကီးက ယင္းသို႔ထည့္သြင္း ကန႔္ကြက္ခဲ့ျခင္းျဖစ္သည္။

‘‘အထူးသျဖင့္ အေစာပိုင္း ကဒီခန္းမထဲမွာ ကေနဒါကိုယ္စားလွယ္အဖြဲ႕ရဲ႕ေတာင္းဆိုမႈအပါအဝင္ ကုလအဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕ရဲ႕ ဥပေဒနဲ႔မညီၫြတ္ဘဲ ျမန္မာအေရးကို ICC လႊဲေျပာင္းေပး ဖို႔ေတာင္း ဆိုခ်က္ေတြကို ကြၽန္ေတာ္တို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ အေနနဲ႔ ျပင္းျပင္းထန္ထန္ ပယ္ခ် ပါတယ္’’ဟု ဦးေဟာက္ဒိုဆြမ္းက ကုလသမဂၢသို႔ ေျပာသည္။

ထို႔အျပင္ အဆိုပါအစည္း အေဝးတြင္ အတည္ျပဳမည့္ ICC အစီရင္ခံစာႏွင့္ ပတ္သက္သည့္ ဆုံးျဖတ္ခ်က္သည္ ျမန္မာႏိုင္ငံႏွင့္ လုံးဝသက္ဆိုင္ျခင္းမရွိေၾကာင္း တရားဝင္မွတ္တမ္းတင္ရန္ ျမန္မာသံအမတ္ႀကီးက ေျပာၾကားခဲ့ သည္။

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကိစၥအေပၚ တရားစီရင္ခြင့္ရွိသည္ ဟု ICC ၏ Pre-Trial Chamberက ၂၀၁၈ စက္တင္ဘာ ၆ ရက္ဆုံးျဖတ္ခ်က္ကို ထပ္မံပယ္ခ်ခဲ့ၿပီး ယင္းဆုံးျဖတ္ခ်က္သည္ လုပ္ထုံး လုပ္နည္းအရ မွားယြင္းခြၽတ္ေခ်ာ္ ေနေၾကာင္းႏွင့္ ဥပေဒေၾကာင္း အရ သံသယပြားဖြယ္ျဖစ္ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ကုလအ စည္းအေဝးတြင္ ေျပာသည္။

ျမန္မာႏိုင္ငံသည္ ေရာမစာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမဟုတ္သျဖင့္ တရား႐ုံးကို အသိအမွတ္ျပဳကာ ေလးစားလိုက္နာရန္ တာဝန္မရွိ သည့္ ရပ္တည္ခ်က္ကို ထပ္ ေလာင္းအတည္ျပဳေျပာၾကားလို ေၾကာင္းႏွင့္ ICC ဥပေဒခ်ဳပ္၏ လုပ္ေဆာင္ခ်က္သည္ ႏိုင္ငံတစ္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလး စားေရး၊ အျခားႏိုင္ငံမ်ား၏ ျပည္ တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ ရဟူေသာ ကုလသမဂၢ၏ ပဋိဉာဥ္ စာခ်ဳပ္ပါ အေျခခံမူႀကီးမ်ားကို ခ်ိဳးေဖာက္ရန္ ႀကိဳးစားျခင္းျဖစ္ ေၾကာင္း သံအမတ္ႀကီးက ဆက္ လက္ေျပာၾကားသည္။

ICC ဥပေဒခ်ဳပ္သည္ ႏိုင္ငံေရး ပေယာဂႏွင့္ ကိုယ္က်ိဳးစိတ္ခံ စားမႈကိုအေျခခံ၍ အမႈကိုတည္ေဆာက္ခဲ့ၿပီး ၎၏ စုံစမ္းစစ္ေဆးခြင့္ျပဳရန္ ေလွ်ာက္ထားခ်က္ တြင္ ARSA အဖြဲ႕က ဟိႏၵဴဘာသာဝင္ မ်ားအပါအဝင္ အျပစ္မဲ့ျပည္ သူမ်ားအေပၚ က်ဴးလြန္ခဲ့ေသာ ႀကီးေလးသည့္ျပစ္မႈမ်ား မပါဝင္ ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ေထာက္ျပသည္။

ICC ဥပေဒခ်ဳပ္သည္ ၁၉၉၄ မွ ၂၀၀၂ ခုႏွစ္အတြင္း ဂမ္ဘီယာႏိုင္ငံ စစ္အာဏာရွင္အုပ္စိုးစဥ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ လူသားမ်ိဳးႏြယ္ဆိုင္ရာ ျပစ္မႈမ်ား  က်ဴးလြန္ခဲ့သည္ဆိုသည့္ စြပ္စြဲခ်က္မ်ားျဖင့္ လက္ရွိ တာဝန္မွရပ္ဆိုင္းထားရန္ တရားဝင္တိုင္ တန္းခံရေသာ္လည္း ဥပေဒအရ ေလ်ာ္ကန္မႈမရွိသည့္ ၎၏လုပ္ ရပ္မ်ားကို ေထာက္ခံေသာ ႏိုင္ငံ မ်ား၏ ရည္႐ြယ္ခ်က္ႏွင့္ ႐ိုးသားမႈကို ေမးခြန္းထုတ္လိုေၾကာင္း သံအမတ္ႀကီးက ဆိုသည္။

ထို႔အျပင္ ICC တရားသူႀကီး၏ ေလွ်ာက္ထားခ်က္တြင္ ARSAအဖြဲ႕၏ အၾကမ္းဖက္မႈမ်ား ေၾကာင့္ လူေပါင္းမ်ားစြာ ေနရပ္စြန႔္ခြာခဲ့ရသည့္အျဖစ္ကို ရည္႐ြယ္ ခ်က္ရွိရွိျဖင့္ ဖုံးကြယ္ခဲ့ၿပီး အခ်က္အလက္မွားမ်ားႏွင့္ အတည္မျပဳႏိုင္သည့္ ထြက္ခ်က္မ်ား ပါဝင္ သည့္ လူ႔အခြင့္အေရးအစီရင္ခံစာ  မ်ားအေပၚ လုံးလုံးလ်ားလ်ား အေျခခံထားေၾကာင္း သံအမတ္ ႀကီးက ေဝဖန္ေျပာၾကားသည္။

ရခိုင္ျပည္နယ္အေရးသည္ ဘာသာေရးျပႆနာ(သို႔မဟုတ္) လူမ်ိဳးစုတစ္ခုကို ႏွင္ထုတ္ရန္ ႀကိဳးစားသည့္ လုပ္ရပ္မဟုတ္ေၾကာင္း ႏွင့္ ကိုလိုနီေခတ္ကတည္းကရွိခဲ့ေသာ နယ္စပ္ျဖတ္ေက်ာ္ ဝင္ ေရာက္မႈ ေရာယွက္ပါဝင္ေနသည့္ ႏိုင္ငံေရးႏွင့္ စီးပြားေရးျပႆနာ ျဖစ္ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ရွင္းလင္းသည္။

ျမန္မာအစိုးရသည္ ဘဂၤလားေဒ့ရွ္၊ UNDP၊ UNHCR၊ASEAN ႏွင့္ ေဒသတြင္းမိတ္ဖက္ ႏိုင္ငံမ်ား၏ အကူအညီမ်ားျဖင့္ ေနရပ္စြန႔္ခြာသူမ်ားကို ၎တို႔၏ဆႏၵအေလ်ာက္၊ လုံၿခဳံ၊ ဂုဏ္ သိကၡာရွိစြာျဖင့္ ျပန္လာႏိုင္ေရး ေဆာင္႐ြက္ေနၿပီး ယင္းသို႔ ေဆာင္႐ြက္ရာတြင္ ARSA အၾကမ္းဖက္ အဖြဲ႕က ႀကီးမားသည့္ အဟန႔္အတားျဖစ္ေနေၾကာင္း ၎က ဆက္ လက္ေျပာသည္။

လက္ရွိတြင္ ေနရပ္စြန႔္ခြာသူ ၄၀၀ ေက်ာ္သည္ ၎တို႔၏ ဆႏၵ အေလ်ာက္ ျပန္လည္ဝင္ေရာက္ ေနၿပီး ရခိုင္ျပည္နယ္၌ ေနထိုင္ဖူး သည့္ အေထာက္အထားရွိသူမ်ား ကို စိစစ္လက္ခံသြားမည္ျဖစ္  ေၾကာင္းႏွင့္ ေနရပ္စြန႔္ခြာသူမ်ား ျပန္လာႏိုင္ေရး ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္မ်ားကို အေကာင္အ ထည္ေဖာ္ႏိုင္ရန္ ဆက္လက္ႀကိဳး ပမ္းမည္ဟု ျမန္မာသံအမတ္ႀကီး က သတင္းစကားပါးသည္။

ယင္းေနာက္ တာဝန္ခံမႈႏွင့္ပတ္သက္၍ ရာဇဝတ္မႈက်ဴးလြန္ သူ မည္သူမဆိုအေရးယူသြားမည္ ျဖစ္ၿပီး ထိုသို႔အေရးယူႏိုင္ေရး အစိုးရက လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ကို ဖြဲ႕စည္းထားကာ က်ဴးလြန္မႈမ်ားကို စုံစမ္းစစ္ေဆးေနေၾကာင္း ဦးေဟာက္ ဒိုဆြမ္းက ေျပာသည္။


Unicode

မြန်မာအရေး အိုင်စီစီသို့ လွှဲပြောင်းပေးရန် ကုလအဖွဲ့ဝင်နိုင်ငံအချို့ တောင်းဆိုချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းပြောကြား
အိုင်စီစီအစီရင်ခံစာ၊ ယင်းနှင့်ပတ်သက်သည့်အဆိုမူကြမ်းများကို ပယ်ချ

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာအရေးကိစ္စ ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင် ရာ တရားရုံး (ICC)သို့ လွှဲပြောင်း ပေးရန် တောင်းဆိုမှုများကို မြန် မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပြစ်မှု ဆိုင်ရာတရားရုံး (ICC)၏ ၂၀၁၈-၁၉ အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သော အစီရင်ခံစာ ကို နိုဝင်ဘာ ၄ ရက်တွင် ကုလ အထွေထွေညီလာခံ၏ (၂၆)ကြိမ် မြောက် မျက်နှာစုံညီအစည်းအ ဝေး၌ ဆွေးနွေးရာ မြန်မာသံအ မတ်ကြီးက ယင်းသို့ထည့်သွင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

‘‘အထူးသဖြင့် အစောပိုင်း က ဒီခန်းမထဲမှာ ကနေဒါကိုယ်စားလှယ်အဖွဲ့ရဲ့တောင်းဆိုမှုအပါအဝင် ကုလအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ဥပဒေနဲ့မညီညွတ်ဘဲ မြန်မာအရေးကို ICC လွှဲပြောင်းပေးဖို့တောင်းဆိုချက်တွေကို ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ပြင်းပြင်းထန်ထန် ပယ်ချ ပါတယ်’’ဟု ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂသို့ ပြောသည်။

ထို့အပြင် အဆိုပါအစည်း အဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်မှတ်တမ်းတင်ရန် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည် ဟု ICC ၏ Pre-Trial Chamberက ၂၀၁၈ စက်တင်ဘာ ၆ ရက်ဆုံးဖြတ်ချက်ကို ထပ်မံပယ်ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံး လုပ်နည်းအရ မှားယွင်းချွတ်ချော် နေကြောင်းနှင့် ဥပဒေကြောင်း အရ သံသယပွားဖွယ်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ကုလအ စည်းအဝေးတွင် ပြောသည်။

မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် တရားရုံးကို အသိအမှတ်ပြုကာ လေးစားလိုက်နာရန် တာဝန်မရှိ သည့် ရပ်တည်ချက်ကို ထပ် လောင်းအတည်ပြုပြောကြားလို ကြောင်းနှင့် ICC ဥပဒေချုပ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတစ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေး စားရေး၊ အခြားနိုင်ငံများ၏ ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက် ရဟူသော ကုလသမဂ္ဂ၏ ပဋိဉာဉ် စာချုပ်ပါ အခြေခံမူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ် ကြောင်း သံအမတ်ကြီးက ဆက် လက်ပြောကြားသည်။

ICC ဥပဒေချုပ်သည် နိုင်ငံရေး ပယောဂနှင့် ကိုယ်ကျိုးစိတ်ခံ စားမှုကိုအခြေခံ၍ အမှုကိုတည်ဆောက်ခဲ့ပြီး ၎င်း၏ စုံစမ်းစစ်ဆေးခွင့်ပြုရန် လျှောက်ထားချက် တွင် ARSA အဖွဲ့က ဟိန္ဒူဘာသာဝင်များအပါအဝင် အပြစ်မဲ့ပြည် သူများအပေါ် ကျူးလွန်ခဲ့သော ကြီးလေးသည့်ပြစ်မှုများ မပါဝင် ကြောင်း ဦးဟောက်ဒိုဆွမ်းက ထောက်ပြသည်။

ICC ဥပဒေချုပ်သည် ၁၉၉၄ မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ်အာဏာရှင်အုပ်စိုးစဉ်က လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ဆိုင်ရာ ပြစ်မှုများ  ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် လက်ရှိ တာဝန်မှရပ်ဆိုင်းထားရန် တရားဝင်တိုင် တန်းခံရသော်လည်း ဥပဒေအရ လျော်ကန်မှုမရှိသည့် ၎င်း၏လုပ် ရပ်များကို ထောက်ခံသော နိုင်ငံ များ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုကြောင်း သံအမတ်ကြီးက ဆိုသည်။

ထို့အပြင် ICC တရားသူကြီး၏ လျှောက်ထားချက်တွင် ARSAအဖွဲ့၏ အကြမ်းဖက်မှုများ ကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသည့်အဖြစ်ကို ရည်ရွယ် ချက်ရှိရှိဖြင့် ဖုံးကွယ်ခဲ့ပြီး အချက်အလက်မှားများနှင့် အတည်မပြုနိုင်သည့် ထွက်ချက်များ ပါဝင် သည့် လူ့အခွင့်အရေးအစီရင်ခံစာ  များအပေါ် လုံးလုံးလျားလျား အခြေခံထားကြောင်း သံအမတ် ကြီးက ဝေဖန်ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးသည် ဘာသာရေးပြဿနာ(သို့မဟုတ်) လူမျိုးစုတစ်ခုကို နှင်ထုတ်ရန် ကြိုးစားသည့် လုပ်ရပ်မဟုတ်ကြောင်း နှင့် ကိုလိုနီခေတ်ကတည်းကရှိခဲ့သော နယ်စပ်ဖြတ်ကျော် ဝင် ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းသည်။

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ASEAN နှင့် ဒေသတွင်းမိတ်ဖက် နိုင်ငံများ၏ အကူအညီများဖြင့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ် သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ARSA အကြမ်းဖက် အဖွဲ့က ကြီးမားသည့် အဟန့်အတားဖြစ်နေကြောင်း ၎င်းက ဆက် လက်ပြောသည်။

လက်ရှိတွင် နေရပ်စွန့်ခွာသူ ၄၀၀ ကျော်သည် ၎င်းတို့၏ ဆန္ဒ အလျောက် ပြန်လည်ဝင်ရောက် နေပြီး ရခိုင်ပြည်နယ်၌ နေထိုင်ဖူး သည့် အထောက်အထားရှိသူများ ကို စိစစ်လက်ခံသွားမည်ဖြစ်  ကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေး နှစ်နိုင်ငံသဘော တူညီချက်များကို အကောင်အ ထည်ဖော်နိုင်ရန် ဆက်လက်ကြိုး ပမ်းမည်ဟု မြန်မာသံအမတ်ကြီး က သတင်းစကားပါးသည်။

ယင်းနောက် တာဝန်ခံမှုနှင့်ပတ်သက်၍ ရာဇဝတ်မှုကျူးလွန် သူ မည်သူမဆိုအရေးယူသွားမည် ဖြစ်ပြီး ထိုသို့အရေးယူနိုင်ရေး အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားကာ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ဦးဟောက် ဒိုဆွမ်းက ပြောသည်။

====================================

END / 251