
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အဂတိလိုက္စားမႈနဲ႔တရားရင္ဆိုင္ေနရတဲ့ တနသၤာရီတိုင္း ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္နဲ႔ GGS ကုမၸဏီ တာ၀န္ရွိသူ ၃ ဦးအမႈကို တရားလိုျပသက္ေသအျဖစ္ တနသၤာရီတိုင္း လူ၀င္ မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္၀န္ႀကီး ဦးေက်ာ္မင္းကို စစ္ေဆးမယ္လို႔ တိုင္းေဒသႀကီးတရားလႊတ္ေတာ္က သိရပါတယ္။
ဒီအမႈနဲ႔ပတ္သက္ၿပီး တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးေဟာင္း ဦးၾကည္လႈိင္နဲ႔ ဘ႑ာေရးႏွင့္စီမံကိန္း၀န္ႀကီးေဟာင္း ဦးၿဖိဳး၀င္းထြန္းတို႔ကို စစ္ေဆးၿပီးေနာက္ လ၀က၀န္ႀကီးဦးေက်ာ္မင္းကို ႏို၀င္ဘာ ၁၈ ရက္ေန႔ ဆက္လက္စစ္ေဆးမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ F22 Sunny ေဆာက္လုပ္ေရးကုမၸဏီ၀န္ထမ္း ဦးၿဖိဳးပိုင္ေအာင္နဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေရးမႉး ဦးသန္းေဇာ္ဝင္းတို႔ကိုလည္း တရာလိုျပသက္ေသအျဖစ္ စစ္ေဆးမယ္လို႔ သိရပါတယ္။
ႏိုဝင္ဘာ ၅ ရက္ေန႔ ၃၈ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာေတာ့ တရားလိုျပသက္ေသ ေတာင္ႀကီးၿမိဳ႕နယ္တရား႐ုံး တြဲဖက္ၿမိဳ႕နယ္တရားသူႀကီး ဦးသိုက္ေအာင္နဲ႔ ကရင္ ျပည္နယ္တရားလႊတ္ေတာ္ လက္ေထာက္ၫြန္ၾကားေရးမႉး ဦးေက်ာ္ျမင့္တို႔ကို စစ္ေဆးခဲ့ပါတယ္။
ဦးသိုက္ေအာင္မွာ ေရျဖဴၿမိဳ႕နယ္တရား႐ုံးနဲ႔ ဦးေက်ာ္ျမင့္မွာ ထား၀ယ္ၿမိဳ႕နယ္တရား႐ုံးမွာ ၿမိဳ႕နယ္တရားသူႀကီးအျဖစ္တာ၀န္ထမ္းေဆာင္ခဲ့ဖူးသူေတြ ျဖစ္ၾကပါတယ္။
ထား၀ယ္ၿမိဳ႕နယ္တရား႐ုံးမွာ ဦးေက်ာ္ျမင့္တာ၀န္ထမ္းေဆာင္စဥ္က ဒီအမႈနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ထြက္ခ်က္ရယူတာ၊ ေျဖာင့္ခ်က္ေပးတာေတြ လုပ္ေဆာင္ခဲ့လို႔အစိုးရဘက္က ဥပေဒ အရာရွိနဲ႔ စြပ္စြဲခံရသူဘက္က ေရွ႕ေနတို႔က ျပန္လွန္စစ္ေမးခဲ့ပါတယ္။
ဒီအမႈနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က တရား႐ုံးေတာ္သို႔တင္ျပထားတဲ့ တရားလို ျပသက္ေသ ၉၉ ဦးရွိတဲ့အထဲက တရားလိုျပသက္ေသ ၇၂ ဦးကို စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။
Unicode
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းအမှု လာမည့်ရုံးချိန်းတွင် လဝက၀န်ကြီးကို စစ်ဆေးမည်
အဂတိလိုက်စားမှုနဲ့တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးအမှုကို တရားလိုပြသက်သေအဖြစ် တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းကို စစ်ဆေးမယ်လို့ တိုင်းဒေသကြီးတရားလွှတ်တော်က သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးကြည်လှိုင်နဲ့ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေးပြီးနောက် လဝက၀န်ကြီးဦးကျော်မင်းကို နိုဝင်ဘာ ၁၈ ရက်နေ့ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် F22 Sunny ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ဦးဖြိုးပိုင်အောင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းတို့ကိုလည်း တရာလိုပြသက်သေအဖြစ် စစ်ဆေးမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ၃၈ ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုပြသက်သေ တောင်ကြီးမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး ဦးသိုက်အောင်နဲ့ ကရင် ပြည်နယ်တရားလွှတ်တော် လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်မြင့်တို့ကို စစ်ဆေးခဲ့ပါတယ်။
ဦးသိုက်အောင်မှာ ရေဖြူမြို့နယ်တရားရုံးနဲ့ ဦးကျော်မြင့်မှာ ထားဝယ်မြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။
ထားဝယ်မြို့နယ်တရားရုံးမှာ ဦးကျော်မြင့်တာဝန်ထမ်းဆောင်စဉ်က ဒီအမှုနဲ့ ပတ်သက်ပြီး ကြိုတင်ထွက်ချက်ရယူတာ၊ ဖြောင့်ချက်ပေးတာတွေ လုပ်ဆောင်ခဲ့လို့အစိုးရဘက်က ဥပဒေ အရာရှိနဲ့ စွပ်စွဲခံရသူဘက်က ရှေ့နေတို့က ပြန်လှန်စစ်မေးခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားရုံးတော်သို့တင်ပြထားတဲ့ တရားလို ပြသက်သေ ၉၉ ဦးရှိတဲ့အထဲက တရားလိုပြသက်သေ ၇၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
====================================
END / 251