အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဒီမိုကေရစီျပည္ေထာင္စုကို မျဖစ္မေနတည္ေဆာက္မွာျဖစ္ၿပီး တိုင္းရင္းသားေတြ ႏွစ္ေပါင္းမ်ားစြာ လိုလားေတာင္းတေနတဲ့ ဒီမိုကေရစီအခြင့္အေရး၊ ဖက္ဒရယ္အခြင့္အေရး နဲ႔ အေျခခံအခြင့္အေရးေတြရရွိေအာင္ ႀကိဳးပမ္းအားထုတ္ ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတက ေျပာပါတယ္။
ႏိုင္ဝင္ဘာ ၇ ရက္ေန႔မွာ က်ေရာက္တဲ့ ၆၄ ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔ အခမ္းအနားမွာ ႏိုင္ငံေတာ္ သ ႏိုင္ငံေတာ္သမၼတ ဦးဝင္ျမင့္ကေျပာသြားတာျဖစ္ပါတယ္။
“ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဒီမိုကေရစီျပည္ေထာင္စုကို မျဖစ္မေနတည္ေဆာက္မယ္ဆိုတဲ့ စိတ္ပိုင္းျဖတ္ၿပီး ျဖစ္ပါတယ္။ ဒါမွသာလ်င္ က်ေနာ္တို႔ တိုင္းရင္းသားမ်ား ႏွစ္ေပါင္းမ်ားစြာ လိုလားေတာင္း တေနတဲ့ ဒီမိုကေရစီအခြင့္အေရး၊ ဖက္ဒရယ္အခြင့္အေရး၊ တနည္းအားျဖင့္ ေျပာမယ္ဆိုရင္ က်ေနာ္တို႔ ခံစားသင့္၊ ခံစားထိုက္တဲ့ ဒီမိုကေရစီအခြင့္အေရးေတြ ရသင့္ရထိုက္တဲ့ ဖက္ဒယ္အခြင့္ အေရးေတြ၊ တိုင္းရင္းသားေတြရဲ႕ အေျခခံအခြင့္အေရးေတြ တန္းတူညီမွ်မႈ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဒီဟာေတြကို က်ေနာ္တို႔ ႀကိဳးပမ္းအားထုတ္ေဆာင္႐ြက္ေနလွ်က္ရွိတယ္”လို႔ ဆိုပါတယ္။
ကရင္ျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားကို အရင္က ဒုသမၼတ၊ အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠ႒နဲ႔ ျပည္ေထာင္စုအဆင့္ဝန္ႀကီးေတြသာ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၿပီး အခုႏွစ္မွာ ပထမဆုံး အႀကိမ္အျဖစ္ ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့တာပါ။
ကရင္ျပည္နယ္အတြင္း ဗမာ၊ ကရင္၊ မြန္၊ ရွမ္းနဲ႔ ပအိုဝ္းတိုင္းရင္းသားေတြ စုေပါင္းေနထိုင္ၾကတဲ့ ျပည္နယ္ျဖစ္သလိုၿငိမ္းခ်မ္းေရးအရ အေရးပါတဲ့ျပည္နယ္လည္း ျဖစ္ပါတယ္။
ကရင္ျပည္နယ္ေန႔အခမ္းအနားမွာ ဖြင့္လွစ္ထားတဲ့ ဌာနဆိုင္ရာနဲ႔ လူမႈေရးအသင္းအဖြဲ႕ျပခန္းေပါင္း ၃၇ ခန္းနဲ႔ အေသးစား စက္မႈလက္မႈလုပ္ငန္းရွင္မ်ား ျပခန္းေပါင္း ၄၉ ခန္းကို ခင္းက်င္းျပသ ထားပါတယ္။
ပြဲေတာ္ကာလအတြင္း ညစဥ္ ႐ိုးရာဒုံးယိမ္းၿပိဳင္ပြဲေတြ၊ ေစ်းေရာင္းပြဲေတာ္၊ ဖိုးခ်စ္ဇာတ္ပြဲ၊ ကရင္ဇာတ္ပြဲ၊ ျမန္မာ-ထိုင္းလက္ေဝွ႔ၿပိဳင္ပြဲေတြနဲ႔ ပြဲေတာ္ကို ၅ ရက္ၾကာ က်င္းပသြားမွာပါ။
Unicode
တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီဖက်ဒရယ်ရရှိစေရန်ကြိုးပမ်းနေဟု သမ္မတပြော
နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မှာဖြစ်ပြီး တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့် အရေးနဲ့ အခြေခံအခွင့်အရေးတွေရရှိအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
နိုင်ဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော် သ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကပြောသွားတာဖြစ်ပါတယ်။
“နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်ပါတယ်။ ဒါမှသာလျင် ကျနော်တို့ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလား တောင်းတနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကျနော်တို့ ခံစားသင့်၊ ခံစားထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရသင့်ရထိုက်တဲ့ ဖက်ဒယ် အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးတွေ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီဟာတွေကို ကျနော်တို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်နေလျှက်ရှိတယ်”လို့ ဆိုပါ တယ်။
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို အရင်က ဒုသမ္မတ၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေသာ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခုနှစ် မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။
ကရင်ပြည်နယ်အတွင်း ဗမာ၊ ကရင်၊ မွန်၊ ရှမ်းနဲ့ ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့ ပြည်နယ်ဖြစ်သလိုငြိမ်းချမ်းရေးအရ အရေးပါတဲ့ပြည်နယ်လည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်နေ့အခမ်းအနားမှာ ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာနဲ့ လူမှုရေးအသင်းအဖွဲ့ပြခန်းပေါင်း ၃၇ ခန်းနဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ ပြခန်းပေါင်း ၄၉ ခန်းကို ခင်း ကျင်းပြသထားပါတယ်။
ပွဲတော်ကာလအတွင်း ညစဉ် ရိုးရာဒုံးယိမ်းပြိုင်ပွဲတွေ၊ စျေးရောင်းပွဲတော်၊ ဖိုးချစ်ဇာတ်ပွဲ၊ ကရင်ဇာတ်ပွဲ၊ မြန်မာ-ထိုင်းလက်ဝှေ့ပြိုင်ပွဲတွေနဲ့ ပွဲတော်ကို ၅ ရက်ကြာ ကျင်းပသွားမှာပါ။
====================================
END / 251
၈ နိုဝင်ဘာ ၂၀၁၉ - ၁၄:၁၇
News ID: 986590
ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဒီမိုကေရစီျပည္ေထာင္စုကို မျဖစ္မေန တည္ေဆာက္မွာျဖစ္ၿပီး တိုင္းရင္းသားေတြ ႏွစ္ေပါင္းမ်ားစြာ လိုလား ေတာင္းတေနတဲ့ ဒီမိုကေရစီအခြင့္အေရး၊ ဖက္ဒရယ္အခြင့္အေရး နဲ႔ အေျခခံအခြင့္အေရးေတြရရွိေအာင္ ႀကိဳးပမ္းအားထုတ္ ေဆာင္႐ြက္ ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတက ေျပာပါတယ္။