အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အာရွေရးရာအထူး ကိုယ္စားလွယ္ မစၥတာဆြန္ေကာ္ ရွန္းတို႔ ယမန္ေန႔က ေနျပည္ ေတာ္၌ ေတြ႕ဆုံ၍ ၿငိမ္းခ်မ္းေရး ဆိုင္ရာကိစၥမ်ား ေဆြးေႏြးခဲ့ ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ႐ုံးက သတင္းထုတ္ျပန္သည္။
ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္အမ်ိဳး သားျပန္လည္သင့္ျမတ္ေရး လုပ္ ငန္းစဥ္ႏွင့္ပတ္သက္၍ ေနာက္ ဆုံးျဖစ္ေပၚတိုးတက္မႈ အေျခအ ေန၊ ျမန္မာႏိုင္ငံအစိုးရ၏ ႀကိဳး ပမ္းအား ထုတ္မႈမ်ားတြင္ တ႐ုတ္ ႏိုင္ငံက အျပဳသေဘာဆက္လက္ ကူညီေဆာင္႐ြက္ေပးမည့္ ကိစၥ ရပ္မ်ားအေပၚ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးကာ အျမင္ခ်င္းဖလွယ္ခဲ့ သည္ဟု ေဖာ္ျပသည္။
တ႐ုတ္ အထူးကိုယ္စား လွယ္သည္ ေဒၚေအာင္ဆန္းစု ၾကည္အား ေတြ႕ဆုံၿပီးေနာက္ မြန္းလြဲပိုင္းတြင္ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္ကို သြား ေရာက္ ေတြ႕ဆုံခဲ့သည္။
တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္ႏွင့္ တ႐ုတ္အထူးကိုယ္စား လွယ္တို႔၏ေတြ႕ဆုံမႈတြင္ ျပည္ တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မ်ားအတြက္ တ႐ုတ္ႏိုင္ငံက အလႉေငြႏွင့္ အျခားလိုအပ္သည္ မ်ား လႉဒါန္းကူညီေဆာင္႐ြက္ ေပးမႈ၊ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ဆက္လက္ေဆာင္ ႐ြက္ႏိုင္မည့္ အေျခအေနမ်ား ေဆြးေႏြးခဲ့ေၾကာင္း တပ္မေတာ္ က ထုတ္ျပန္ သည္။
ထာဝရၿငိမ္းခ်မ္းေရးရရွိရန္ တပ္မေတာ္က စိတ္ရွည္သည္းခံ စြာျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ တိုက္ပြဲမ်ား မျဖစ္ပြားသည့္ ေဒသမ်ားတြင္ ေအးခ်မ္းတည္ၿငိမ္မႈရွိၿပီး ဖြံ႕ၿဖိဳး ေရး လုပ္ငန္းမ်ား တိုးတက္ေဆာင္ ႐ြက္လာႏိုင္သည့္ အေျခအေန မ်ားကိုလည္းေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထား သည္။ တ႐ုတ္ အထူးကိုယ္စား လွယ္သည္ ႏိုဝင္ဘာ ၆ ရက္က အမ်ိဳး သားျပန္လည္သင့္ျမတ္ ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ဒုဥကၠ႒ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္ေတြ႕ ဆုံၿပီး NRPC အတြက္ တ႐ုတ္ ႏိုင္ငံကလႉဒါန္းသည့္ ကန္ေဒၚ လာ ေလး သိန္း ေပးအပ္ခဲ့သည္။
ယင္းအလႉေငြေပးအပ္ပြဲ၌ တ႐ုတ္အထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ နည္းအမ်ိဳးမ်ိဳးျဖင့္ ကူညီမည္ျဖစ္ ေၾကာင္းႏွင့္ တ႐ုတ္ဗဟိုအစိုးရ အေနျဖင့္ ျမန္မာဘက္က လိုအပ္ ခ်က္ မ်ားကို ေျပာပါက အတတ္ ႏိုင္ဆုံး ျမန္ႏိုင္သမွ် အျမန္ဆုံးကူ ညီမည္ဟု ေျပာၾကားေၾကာင္း China Xinhua News က သတင္းေဖာ္ျပသည္။
တ႐ုတ္ အထူးကိုယ္စား လွယ္၏ ျမန္မာႏိုင္ငံခရီးစဥ္အ တြင္း ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ ရာပူးတြဲေစာင့္ၾကည့္ေရးေကာ္မ တီ(JMC)တို႔အား အလႉေငြေပး အပ္ရန္ လည္း ရွိသည္။ တ႐ုတ္ အထူး ကိုယ္စားလွယ္သည္ ျမန္မာ-တ႐ုတ္နယ္စပ္အေျချပဳ တိုင္းရင္းသားလက္နက္ကိုင္အ ဖြဲ႕မ်ားႏွင့္ ျမန္မာအစိုးရ၊ တပ္မ ေတာ္အၾကား ၿငိမ္းခ်မ္းေရးႏွင့္ အပစ္အခတ္ရပ္ စဲေရးေဆြးေႏြး ပြဲမ်ားျဖစ္ေပၚေရး ကူညီေဆာင္ ႐ြက္ေပးေနသူျဖစ္ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံ၊ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္တို႔ႏွင့္ မၾကာ ခဏ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။
Unicode
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံဆွေးနွေး
နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော် ရှန်းတို့ ယမန်နေ့က နေပြည် တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုး သားပြန်လည်သင့်မြတ်ရေး လုပ် ငန်းစဉ်နှင့်ပတ်သက်၍ နောက် ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအ နေ၊ မြန်မာနိုင်ငံအစိုးရ၏ ကြိုး ပမ်းအားထုတ်မှုများတွင် တရုတ် နိုင်ငံက အပြုသဘောဆက်လက် ကူညီဆောင်ရွက်ပေးမည့် ကိစ္စ ရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ သည်ဟု ဖော်ပြ သည်။
တရုတ် အထူးကိုယ်စား လှယ်သည် ဒေါ်အောင်ဆန်းစု ကြည်အား တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို သွား ရောက် တွေ့ဆုံခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တရုတ်အထူးကိုယ်စား လှယ်တို့၏တွေ့ဆုံမှုတွင် ပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် တရုတ်နိုင်ငံက အလှူငွေနှင့် အခြားလိုအပ် သည် များ လှူဒါန်းကူညီဆောင်ရွက် ပေးမှု၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လက်ဆောင် ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း တပ် မတော် က ထုတ်ပြန်သည်။
ထာဝရငြိမ်းချမ်းရေးရရှိရန် တပ်မတော်က စိတ်ရှည်သည်းခံ စွာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုက်ပွဲများ မဖြစ်ပွားသည့် ဒေသများတွင် အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုး ရေးလုပ်ငန်းများ တိုးတက်ဆောင် ရွက်လာနိုင်သည့် အခြေအနေ များကိုလည်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ တရုတ် အထူးကိုယ်စား လှယ်သည် နိုဝင်ဘာ ၆ ရက် က အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့်တွေ့ ဆုံပြီး NRPC အတွက် တရုတ် နိုင်ငံကလှူဒါန်းသည့် ကန်ဒေါ် လာ လေးသိန်း ပေးအပ်ခဲ့သည်။
ယင်းအလှူငွေပေးအပ်ပွဲ၌ တရုတ်အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နည်းအမျိုးမျိုးဖြင့် ကူညီမည်ဖြစ် ကြောင်းနှင့် တရုတ်ဗဟိုအစိုးရ အနေဖြင့် မြန်မာဘက်က လို အပ် ချက်များကို ပြောပါက အတတ် နိုင်ဆုံး မြန်နိုင်သမျှ အမြန်ဆုံးကူ ညီမည်ဟု ပြောကြားကြောင်း China Xinhua News က သတင်းဖော်ပြသည်။
တရုတ် အထူးကိုယ်စား လှယ်၏ မြန်မာနိုင်ငံခရီးစဉ်အ တွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC)တို့အား အလှူငွေ ပေး အပ်ရန်လည်း ရှိသည်။ တရုတ် အထူး ကိုယ်စားလှယ်သည် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များနှင့် မြန်မာအစိုးရ၊ တပ်မ တော်အကြား ငြိမ်းချမ်း ရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေး ပွဲများဖြစ်ပေါ်ရေး ကူညီဆောင် ရွက်ပေးနေသူဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့နှင့် မကြာ ခဏ တွေ့ဆုံဆွေး နွေးခဲ့သည်။
====================================
END / 251
၈ နိုဝင်ဘာ ၂၀၁၉ - ၁၄:၃၅
News ID: 986594
ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ တ ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အာရွေရးရာအထူး ကိုယ္စားလွယ္ မစၥတာဆြန္ေကာ္ ရွန္းတို႔ ယမန္ေန႔က ေနျပည္ ေတာ္၌ ေတြ႕ဆုံ၍ ၿငိမ္းခ်မ္းေရး ဆိုင္ရာကိစၥမ်ား ေဆြးေႏြးခဲ့ ေၾကာင္း ႏိုင္ငံေတာ္အတိုင္ ပင္ခံ ႐ုံးက သတင္းထုတ္ျပန္သည္။