
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာ အထူးကိုယ္စားလွယ္ စြန္းေဂၚရွန္းဟာ ႏိုဝင္ဘာ ၇ ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္တို႔ကို သီးျခားစီေတြ႕ဆုံၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ အကူညီေပးေရးကိစၥ ေတြေဆြးေႏြးခဲ့ၾကပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က မစၥတာ စြန္းေဂၚရွန္းကို ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွာ လက္ခံေတြ႕ဆုံၿပီး ျမန္မာျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္ရဲ႕ ေနာက္ဆုံးျဖစ္ေပၚ တိုးတက္မႈ အေျခအေနေတြနဲ႔ တ႐ုတ္ႏိုင္ငံက အျပဳသေဘာ ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမယ့္ ကိစၥေတြေဆြးေႏြးခဲ့ၾကတယ္လို႔ အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ပါတယ္။
အလားတူ ႏိုဝင္ဘာ ၇ ရက္ မြန္လြဲပိုင္းကလည္း အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ စြန္းေဂၚရွန္းဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမမွာ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။
ေတြ႕ဆုံရာမွာ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအတြက္ တ႐ုတ္ႏိုင္ငံက အလႉေငြ ေတြနဲ႔ အျခားလိုအပ္တာေတြ လႉဒါန္းကူညီေပးေနတဲ့အေျခအေနေတြ၊ ထာဝရၿငိမ္းခ်မ္းေရးရဖို႔ တပ္မေတာ္က စိတ္ရွည္သည္းခံစြာ ေဆာင္႐ြက္ေနတဲ့ အေျခအေနေတြ၊ တိုက္ပြဲေတြမျဖစ္ပြားတဲ့ ေဒသေတြမွာ ေအးခ်မ္းတည္ၿငိမ္မႈရွိၿပီး ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ တိုးတက္လုပ္ေဆာင္လာႏိုင္တဲ့ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။
အာရွေရးရာ အထူးကိုယ္စားလွယ္ဟာ ႏိုဝင္ဘာ ၆ ရက္ကလည္း အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ဒုဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြနဲ႔ ေတြ႕ဆုံၿပီး တ႐ုတ္ႏိုင္ငံက လႉဒါန္းတဲ့ အလႉေငြ ေဒၚလာ ၄ သိန္းကို NRPC အတြက္ ေပးအပ္ခဲ့ပါတယ္။
တ႐ုတ္အစိုးရအေနနဲ႔ ျမန္မာျပည္ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကို တဆင့္ၿပီးတဆင့္ ေအာင္ျမင္မႈ ရရွိေနတာကို သိရလို႔ ဝမ္းေျမာက္ေၾကာင္း၊ ေရရွည္ အနာဂတ္မွာလည္း နည္းအမ်ိဳးမ်ိဳးနဲ႔ ျမန္မာႏိုင္ငံ ၿငိမ္း ခ်မ္းေရးအတြက္ ကူညီေထာက္ပံ့မယ္လို႔ စြန္းေဂၚရွန္းက ေျပာၾကားခဲ့ေၾကာင္း ဆင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။
Unicode
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာချုပ်တို့ကို တရုတ်ကိုယ်စားလှယ်သီးခြားတွေ့ဆုံ၊ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းဟာ နိုဝင်ဘာ ၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အကူညီပေးရေးကိစ္စ တွေဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ စွန်းဂေါ်ရှန်းကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ လက်ခံတွေ့ဆုံပြီး မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေနဲ့ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့် ကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
အလားတူ နိုဝင်ဘာ ၇ ရက် မွန်လွဲပိုင်းကလည်း အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် တရုတ်နိုင်ငံက အလှူငွေ တွေနဲ့ အခြားလိုအပ်တာတွေ လှူဒါန်းကူညီပေးနေတဲ့အခြေအနေတွေ၊ ထာဝရငြိမ်းချမ်းရေးရဖို့ တပ်မ တော်က စိတ်ရှည်သည်းခံစွာ ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ တိုက်ပွဲတွေမဖြစ်ပွားတဲ့ ဒေသတွေမှာ အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးတက်လုပ်ဆောင်လာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ နိုဝင်ဘာ ၆ ရက်ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံပြီး တရုတ်နိုင်ငံက လှူဒါန်းတဲ့ အလှူငွေ ဒေါ်လာ ၄ သိန်းကို NRPC အတွက် ပေးအပ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တဆင့်ပြီးတဆင့် အောင်မြင်မှု ရရှိနေတာကို သိရလို့ ဝမ်းမြောက်ကြောင်း၊ ရေရှည် အနာဂတ်မှာလည်း နည်းအမျိုးမျိုးနဲ့ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မယ်လို့ စွန်းဂေါ်ရှန်းက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
====================================
END / 251