၁၁ နိုဝင်ဘာ ၂၀၁၉ - ၁၄:၅၄
ျမစ္ဆုံစီမံကိန္းစာခ်ဳပ္ ျပည္သူသို႔ထုတ္ျပန္ေပးရန္ ဥပေဒေၾကာင္းအရ ေဆာင္႐ြက္မည္ဟုဆို

ျမစ္ဆုံေရအားလွ်ပ္စစ္ စီမံကိန္း အၿပီးတိုင္ရပ္စဲႏိုင္ေရး ထာဝရတား ဝရမ္းထုတ္ေပးရန္ ႏွင့္ပတ္သက္ကာ အယူခံတင္ သြင္းမည္ျဖစ္ၿပီး စီမံကိန္းစာခ်ဳပ္ ကို အမ်ားျပဳသူသို႔ခ်ျပထုတ္ျပန္ ေပးရန္ တရား ဥပေ ဒေၾကာင္းအရ ဆက္လက္ ေဆာင္႐ြက္မည္ဟု ျမစ္ဆုံေဒသခံ ၃၀၀ ေက်ာ္၏ ကိုယ္စားလွယ္လႊဲအပ္ခံရသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးဖိုးျဖဴ ကႏိုဝင္ဘာ ၁၀ ရက္တြင္ေျပာ သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


 ျမစ္ဆုံေရအားလွ်ပ္စစ္ စီမံကိန္း အၿပီးတိုင္ရပ္စဲႏိုင္ေရး ထာဝရတားဝရမ္းထုတ္ေပးရန္ ႏွင့္ပတ္သက္ကာ အယူခံတင္ သြင္းမည္ျဖစ္ၿပီး စီမံကိန္းစာခ်ဳပ္ ကို အမ်ားျပဳသူသို႔ခ်ျပထုတ္ျပန္ ေပးရန္ တရား ဥပေဒေၾကာင္းအရ ဆက္လက္ ေဆာင္႐ြက္မည္ဟု ျမစ္ဆုံေဒသခံ ၃၀၀ ေက်ာ္၏ ကိုယ္စားလွယ္လႊဲအပ္ခံရသည့္ တရားလႊတ္ေတာ္ေရွ႕ေနဦးဖိုးျဖဴ ကႏိုဝင္ဘာ ၁၀ ရက္တြင္ေျပာ သည္။

ျမစ္ဆုံေဒသမွ ေျပာင္းေ႐ႊ႕ ခံရသည့္ေအာင္ျမင္သာ၊ မလိ ယန္၊ က်ိန္ခရန္ေက်း႐ြာမ်ားမွ ေဒ သခံ ၃၀၂ ဦးႏွင့္ေရွ႕ေနဦးဖိုးျဖဴ တို႔သည္ ျမစ္ဆုံစီမံကိန္းထာဝရ တာဝရမ္းထုတ္ေပးရန္ SPIC (ယ ခင္ CPI) တ႐ုတ္ကုမၸဏီႏွင့္ ေအး ရွားေဝါလ္ကုမၸဏီတို႔ကို တရားစြဲ ဆိုသည့္ အဆိုလႊာကို ျမစ္ႀကီးနား ခ႐ိုင္တရား႐ုံးသို႔ ေလွ်ာက္ထားရာ ႏိုဝင္ဘာ ၈ ရက္တြင္ပယ္ခ်ခံရ သည္။

ယင္းႏွင့္ပတ္သက္ၿပီး ေရွ႕ ေနဦးဖိုးျဖဴက ‘‘အယူခံမႈေတြ၊ ျပင္ ဆင္မႈေတြကို အထက္႐ုံးအဆင့္ ဆင့္ကို ဆက္တက္သြားမယ္။ အဲ ဒါၿပီးရင္ စီမံကိန္းစာခ်ဳပ္ႀကီးကို အမ်ားျပည္သူကိုခ်ျပဖို႔၊ထုတ္ျပန္ ေပးဖို႔ဆိုတာတရားဥပေဒေၾကာင္း အရ ဆက္လက္ေဆာင္႐ြက္သြား မယ္။ ေနျပည္ေတာ္တရားလႊတ္ ေတာ္ခ်ဳပ္မွာ စာခြၽန္ေတာ္တင္ သြင္းတဲ့နည္းလမ္းေတြကို က်င့္ သုံးလို႔ရတယ္’’ ဟု ေျပာသည္။

တစ္ဖက္တြင္လည္း ျမစ္ဆုံ စီမံကိန္းႏွင့္ပတ္သက္ၿပီး လႊတ္ ေတာ္လမ္းေၾကာင္းမွ ေဆာင္႐ြက္ ေနေၾကာင္း၊ လႊတ္ေတာ္ရွိ သဘာ ဝပတ္ဝန္းက်င္ေရးရာ ေကာ္မတီ မွတစ္ဆင့္ စီမံကိန္းစာခ်ဳပ္ႏွင့္ ပတ္သက္သည့္ ေမးခြန္းႏွင့္ အဆို မ်ား ေမးျမန္းတင္သြင္းေပးႏိုင္ ျခင္းရွိ၊ မရွိ ယခုႏွစ္ စက္တင္ဘာ တြင္ စာတင္ထားေၾကာင္း  ၎က ဆက္လက္ေျပာသည္။

ျမစ္ဆုံေဒသခံမ်ား၏ ဦး ေဆာင္သူတစ္ဦးျဖစ္သည့္ ဦးတူး ေခါန္က တရားဥပေဒလမ္း ေၾကာင္းအရ ျမစ္ဆုံစီမံကိန္းကို တားျမစ္ရန္ ေရွ႕ေနဦးဖိုးျဖဴအား လႊဲအပ္ထားၿပီးျဖစ္ေၾကာင္း ယမန္ ေန႔တြင္ေျပာသည္။  ဦးဖိုးျဖဴအေန ျဖင့္ ဥပေဒလမ္းေၾကာင္း ေဆာင္ ႐ြက္မႈရွိ၊ မရွိ ေဒသခံမ်ားကေစာင့္ၾကည့္ေနေၾကာင္း ဦးတူးေခါန္က ဆိုသည္။

‘‘တရားဥပေဒလမ္းေၾကာင္း အရ လုပ္ေဆာင္တာအားလုံးက ကြၽန္ေတာ္တို႔ ပါဝါလႊဲအပ္ထားၿပီး သားဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕သ ေဘာထားဆႏၵလို႔လည္း ေျပာလို႔ ရတာေပါ့’’ ဟု ဦးတူးေခါန္က ေျပာသည္။

ေဒသခံမ်ား၏ အဓိကဦး တည္ခ်က္မွာ ျမစ္ဆုံစီမံကိန္း အမွန္တကယ္ ရပ္တန႔္ႏိုင္ေရးျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘ကြၽန္မတို႔ ကခ်င္ျပည္နယ္ သားေတြတင္မကဘူး။ ကြၽန္မတို႔ ျမန္မာတစ္ႏိုင္ငံလုံးလည္း ကန႔္ ကြက္ေနတာပဲေလ။ အခ်ိန္မေ႐ြး ကန႔္ကြက္ေနတာပဲေလ။ အဲဒါ ေၾကာင့္ တစ္မ်ိဳးမဟုတ္ရင္တစ္ မ်ိဳးအစီ အစဥ္ေတာ့ရွိမယ္’’ ဟု ေဒသခံေဒၚဂ်ာေခါန္က စီမံကိန္း ကန႔္ကြက္ေရး လႈပ္ရွားမႈေဆာင္ ႐ြက္မည့္ အေျခအေနကို  ေျပာ သည္။ ကခ်င္ျပည္နယ္ရွိ ေမခႏွင့္ မလိချမစ္ေပါင္းဆုံရာ ျမစ္ဆုံတြင္ ဆည္တည္ေဆာက္ရန္ တပ္မ ေတာ္အစိုးရ လက္ထက္ကသ ေဘာတူညီခဲ့ရာ ေဒသခံမ်ားသာ မက ႏိုင္ငံတစ္ဝန္းရွိ ျပည္သူမ်ား ကကန႔္ကြက္ခဲ့၍  သမၼတဦးသိန္း စိန္အစိုးရလက္ထက္ ၂၀၁၁ စက္ တင္ဘာ ၃၀ ရက္၌ယာယီရပ္ဆိုင္း ခဲ့သည္။

လက္ရွိအာဏာရပါတီအ ေနျဖင့္လည္း အစိုးရတာဝန္ရယူ ခ်ိန္တြင္ စီမံကိန္းႏွင့္ပတ္သက္ၿပီး လူထုသို႔ ပြင့္လင္းျမင္သာစြာအသိ ေပးမည္ဟု ေ႐ြးေကာက္ပြဲကာ လကေျပာဆိုခဲ့ေၾကာင္း၊ သို႔ရာ တြင္ လက္ရွိအခ်ိန္ထိ အသိေပး ျခင္းမရွိေသးေၾကာင္း၊ ျမစ္ဆုံစီမံ ကိန္းဖ်က္သိမ္းေရး အစိုးရအေန ျဖင့္ ဆုံးျဖတ္ခ်ိန္တန္ေနၿပီျဖစ္ ေၾကာင္း ေဒသခံေဒၚလုရာက စီမံ ကိန္းယာယီရပ္ဆိုင္းျခင္း (၈) ႏွစ္ ျပည့္ေန႔ (ယခုႏွစ္စက္တင္ဘာ ၃၀ ရက္) တြင္  ေျပာၾကားခဲ့သည္။

Unicode

မြစ်ဆုံစီမံကိန်းစာချုပ် ပြည်သူသို့ထုတ်ပြန်ပေးရန် ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟုဆို

 မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပြီးတိုင်ရပ်စဲနိုင်ရေး ထာဝရတားဝရမ်းထုတ်ပေးရန် နှင့်ပတ်သက်ကာ အယူခံတင် သွင်းမည်ဖြစ်ပြီး စီမံကိန်းစာချုပ် ကို အများပြုသူသို့ချပြထုတ်ပြန် ပေးရန် တရားဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည်ဟု မြစ်ဆုံဒေသခံ ၃၀၀ ကျော်၏ ကိုယ်စားလှယ်လွှဲအပ်ခံရသည့် တရားလွှတ်တော်ရှေ့နေဦးဖိုးဖြူ ကနိုဝင်ဘာ ၁၀ ရက်တွင်ပြော သည်။

မြစ်ဆုံဒေသမှ ပြောင်းရွှေ့ ခံရသည့်အောင်မြင်သာ၊ မလိ ယန်၊ ကျိန်ခရန်ကျေးရွာများမှ ဒေ သခံ ၃၀၂ ဦးနှင့်ရှေ့နေဦးဖိုးဖြူ တို့သည် မြစ်ဆုံစီမံကိန်းထာဝရ တာဝရမ်းထုတ်ပေးရန် SPIC (ယ ခင်CPI) တရုတ်ကုမ္ပဏီနှင့် အေး ရှားဝေါလ်ကုမ္ပဏီတို့ကို တရားစွဲ ဆိုသည့် အဆိုလွှာကို မြစ်ကြီးနား ခရိုင်တရားရုံးသို့ လျှောက်ထားရာ နိုဝင်ဘာ ၈ ရက်တွင်ပယ်ချခံရ သည်။

ယင်းနှင့်ပတ်သက်ပြီး ရှေ့ နေဦးဖိုးဖြူက ‘‘အယူခံမှုတွေ၊ ပြင် ဆင်မှုတွေကို အထက်ရုံးအဆင့် ဆင့်ကို ဆက်တက်သွားမယ်။ အဲ ဒါပြီးရင် စီမံကိန်းစာချုပ်ကြီးကို အများပြည်သူကိုချပြဖို့၊ထုတ်ပြန် ပေးဖို့ဆိုတာတရားဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်သွား မယ်။ နေပြည်တော်တရားလွှတ် တော်ချုပ်မှာ စာချွန်တော်တင် သွင်းတဲ့နည်းလမ်းတွေကို ကျင့် သုံးလို့ရတယ်’’ ဟု ပြောသည်။

တစ်ဖက်တွင်လည်း မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ် တော်လမ်းကြောင်းမှ ဆောင်ရွက် နေကြောင်း၊ လွှတ်တော်ရှိ သဘာ ဝပတ်ဝန်းကျင်ရေးရာ ကော်မတီ မှတစ်ဆင့် စီမံကိန်းစာချုပ်နှင့် ပတ်သက်သည့် မေးခွန်းနှင့် အဆို များ မေးမြန်းတင်သွင်းပေးနိုင် ခြင်းရှိ၊ မရှိ ယခုနှစ် စက်တင်ဘာ တွင် စာတင်ထားကြောင်း  ၎င်းက ဆက်လက်ပြောသည်။

မြစ်ဆုံဒေသခံများ၏ ဦး ဆောင်သူတစ်ဦးဖြစ်သည့် ဦးတူး ခေါန်က တရားဥပဒေလမ်း ကြောင်းအရ မြစ်ဆုံစီမံကိန်းကို တားမြစ်ရန် ရှေ့နေဦးဖိုးဖြူအား လွှဲအပ်ထားပြီးဖြစ်ကြောင်း ယမန် နေ့တွင်ပြောသည်။  ဦးဖိုးဖြူအနေ ဖြင့် ဥပဒေလမ်းကြောင်း ဆောင် ရွက်မှုရှိ၊ မရှိ ဒေသခံများကစောင့်ကြည့်နေကြောင်း ဦးတူးခေါန်က ဆိုသည်။

‘‘တရားဥပဒေလမ်းကြောင်း အရ လုပ်ဆောင်တာအားလုံးက ကျွန်တော်တို့ ပါဝါလွှဲအပ်ထားပြီး သားဆိုတော့ ကျွန်တော်တို့ရဲ့သ ဘောထားဆန္ဒလို့လည်း ပြောလို့ ရတာပေါ့’’ ဟု ဦးတူးခေါန်က ပြောသည်။

ဒေသခံများ၏ အဓိကဦး တည်ချက်မှာ မြစ်ဆုံစီမံကိန်း အမှန်တကယ် ရပ်တန့်နိုင်ရေးဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်မတို့ ကချင်ပြည်နယ် သားတွေတင်မကဘူး။ ကျွန်မတို့ မြန်မာတစ်နိုင်ငံလုံးလည်း ကန့် ကွက်နေတာပဲလေ။ အချိန်မရွေး ကန့်ကွက်နေတာပဲလေ။ အဲဒါ ကြောင့် တစ်မျိုးမဟုတ်ရင်တစ် မျိုးအစီအစဉ်တော့ရှိမယ်’’ ဟု ဒေသခံဒေါ်ဂျာခေါန်က စီမံကိန်း ကန့်ကွက်ရေး လှုပ်ရှားမှုဆောင် ရွက်မည့် အခြေအနေကို  ပြော သည်။ ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ်ပေါင်းဆုံရာ မြစ်ဆုံတွင် ဆည်တည်ဆောက်ရန် တပ်မ တော်အစိုးရ လက်ထက်ကသ ဘောတူညီခဲ့ရာ ဒေသခံများသာ မက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကကန့်ကွက်ခဲ့၍  သမ္မတဦးသိန်း စိန်အစိုးရလက်ထက် ၂၀၁၁ စက် တင်ဘာ ၃၀ ရက်၌ယာယီရပ်ဆိုင်း ခဲ့သည်။

လက်ရှိအာဏာရပါတီအ နေဖြင့်လည်း အစိုးရတာဝန်ရယူ ချိန်တွင် စီမံကိန်းနှင့်ပတ်သက်ပြီး လူထုသို့ ပွင့်လင်းမြင်သာစွာအသိ ပေးမည်ဟု ရွေးကောက်ပွဲကာ လကပြောဆိုခဲ့ကြောင်း၊ သို့ရာ တွင်လက်ရှိအချိန်ထိ အသိပေး ခြင်းမရှိသေးကြောင်း၊ မြစ်ဆုံစီမံ ကိန်းဖျက်သိမ်းရေး အစိုးရအနေ ဖြင့် ဆုံးဖြတ်ချိန်တန်နေပြီဖြစ် ကြောင်း ဒေသခံဒေါ်လုရာက စီမံ ကိန်းယာယီရပ်ဆိုင်းခြင်း (၈) နှစ် ပြည့်နေ့ (ယခုနှစ်စက်တင်ဘာ ၃၀ ရက်) တွင်  ပြောကြားခဲ့သည်။

====================================

END / 251